YGN Food Box

YGN Food Box

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YGN Food Box, Shopping & retail, No. 50, San Chaung Townshop, Yangon.

13/10/2020

မော်လမြိုင်(ပန်းရောင်)(အဖြူရောင်) ကျွဲကောသီး မှာယူစားသုံးချင်တယ်ဆိုရင် တော့ 🤗
အခုပဲ အောက်ပါ ဖုန်းနံပတ်လေးကို ဆက်သွယ်မှာယူနိုင်ပါ တယ်
☎ - 09401554625
☎ - 09696740921
တစ်လုံး👉၂၀၀၀ကျပ် ပါ
ရန်ကုန်မြို့ နယ်အတွင်း Delivery Free နဲ့ပို့ဆောင်ပေးပါတယ်
အရည်ရွှမ်းအချိုသီးပါ - ကျန်းမာရေးအတွက်အထူးကောင်းမွန်ပါတယ်
ကျွဲကောသီး စားသုံး ခြင်း ဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများကို
အောက်တွင်းဖော် ပြ ပေးထားပါတယ် ကျေးဇူးတင်ပါတယ် 🤝
⏬⏬⏬⏬⏬⏬⏬⏬⏬⏬⏬⏬⏬⏬

ကျွဲကောသီးသည် အချဉ်ဓာတ် အက်ဆစ်ပါရှိသော အသီးမျိုးနွယ်ဝင်ဖြစ်ပြီး၊ ကမ္ဘာပေါ်ရှိ အချဉ်သီးမျိုးနွယ်ထဲတွင် အကြီးဆုံးအမျိုးအစား ဖြစ်ပါသည်။ အရှေ့တောင်အာရှနိုင်ငံများဖြစ်သော တရုတ်နှင့် အိန္ဒိနယ်စပ်တို့တွင် စတင် ပေါက်ရောက်ကြပြီး၊ ဂျပန်၊ ကာရေဘီယန် နှင့် အမေရိကန်ပြည်ထောင်စုတို့တွင်လည်း ကျယ်ကျယ်ပြန့်ပြန့်တွေ့ မြင်ရပါသည်။ “တရုတ်ပြည်၏ဂရိတ်ဖရုသီး” အဖြစ် ခေါ်ဝေါ်လေ့ရှိပြီး၊ တရုတ်ရိုးရာများတွင် “ နမိတ်ကောင်းတဲ့ မင်္ဂလာရှိသောအသီး” အဖြစ် အခမ်းအနားများတွင် အသုံးပြုလေ့ရှိကြပါသည်။ မြန်မာပြည်တွင် မွန်ပြည်နယ်၊ မော်လမြိုင် နှင့် တနင်္သာရီတိုင်း၊ ထားဝယ်မြို့ တို့မှ ထွက်ရှိသော ကျွဲကောသီးက အလွန်နာမည်ကြီးပါသည်။ မိုးရာသီတွင် လှိုင်လှိုင်ပေါပါသည်။

1. ကျွဲကောသီး၏ အရည်က အစာအိမ်ကို အယ်ကာလိုင်းအဖြစ် ဓာတ်ပြုပေးနိုင်သောကြောင့်၊ အစာကိုကောင်းစွာ ချေဖျက်ပေးနိုင်ပါသည်။ ထမင်းစားသောက်ပြီးနောက် အစောကြေဆေးအဖြစ် ကျွဲကောသီးကို မှီဝဲနိုင်ပါသည်။ ဝမ်းချုပ်ခြင်းမှလဲ ကင်းဝေးစေနိုင်ပါသည်။

2. ကျွဲကောသီး၏အသား ကို ဖုံးအုပ်ထားသော အဖြူရောင်အခွံပါးလွှာထဲတွင် bioflavonoid ဓာတ် ပါရှိပေရာ၊ ထိုဓာတ်က ခန္ဓာကိုယ်ထဲရှိ ကင်ဆာဆဲလ်များပျံ့နှံ့မှု ကို လျှော့ချပေးနိုင်စွမ်းရှိပါသည်။ ထို့ပြင် ခန္ဓာကိုယ် အတွက် ပိုလျှံသော estrogen များကို ရှင်းလင်းပေးသည့်အတွက် ရင်သားကင်ဆာဆဲလ်များ ပြန့်ပွားမှုကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါသည်။ အစာအိမ် နှင့် မုန့်ချိုအိတ် ကင်ဆာတို့ကိုလဲ သက်သာ ပျောက်ကင်းစေနိုင်ပါသည်။ အူမကြီးကင်ဆာ ကို မဖြစ်စေနိုင်ပါ။

3. ဗီတာမင်စီ အမြောက်မြားပါရှိသည့်အတွက် သွေးလွှတ်ကြောများကို ဆန့်၊ ကျုံ့၊ ပျော့ပြောင်းစေနိုင်သည့်ပြင် pection ဓာတ် ပါရှိသဖြင့် သွေးလွှတ်ကြောများပိတ်ဆို့မှုမဖြစ်စေဘဲ၊ သွေးကို ကောင်းစွာစီးဆင်းလည်ပတ်စေနိုင်သဖြင့် နှလုံးကို ကျန်းမာစေပါသည်။ ထို့ပြင် ကျွဲကောသီးကို မှန်မှန်စားပေးခြင်းဖြင့် ကိုလက်စထရော ကျစေနိုင်သောကြောင့် နှလုံးရောဂါ ဖြစ်ပေါ်မှု အလားအလာကို ဟန့်တားပေးနိုင်ပါသည်။

4. ခန္ဓာကိုယ်အလေးချိန် ကျလိုသူများအတွက် ကျွဲကောသီးက ကောင်းကျိုးပြုပါသည်။ အင်ဇိုင်းကို လောင်ကျွမ်းစေပြီး၊ ခန္ဓာကိုယ်ထဲရှိ ကစီ နှင့် သကြား တို့ကို စုပ်ယူပေးသဖြင့် ကိုယ်အလေးချိန်ကို ကျစေပါသည်။ ထို့ပြင် ကျွဲကောသီးထဲ တွင် အမျှင်ဓာတ် အမြောက်အများပါရှိခြင်းကြောင့်၊ အစာခံနိုင်ပြီး၊ မကြာခဏ အစာစားချင် စိတ်ကို မဖြစ်ပေါ်စေပါဘူး။

ကျွဲကောသီးသည် ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များကို ဖယ်ထုတ်ပေးကာ၊ သွေးကိုလဲသန့်စင်စေပါသည်။

5. ကျွဲကောသီး စားသုံးပေးခြင်းဖြင့် ပင်ပန်းနွမ်းလျခြင်း၊ အိပ်မပျော်ဘဲ မျက်စိ ကြောင်ခြင်း၊ လည်ပင်းနာခြင်း၊ နှင့် ဆီးချိုရောဂါတို့ကို သက်သာ ကောင်းမွန်စေနိုင်ပါသည်။ ကိုယ်ခံစွမ်းအားကိုလဲ တိုးတက် ကောင်းမွန်စေသော ကြောင့် အဖျားရောဂါများ မဖြစ်စေနိုင်ပါ။

6. ကျွဲကောသီးထဲတွင် ပိုတက်စီယမ် အမြောက်အများပါရှိသည့်အတွက်၊ သွေးကိုပုံမှန် ဖြစ်စေသဖြင့် သွေးတိုး ရောဂါဝေဒနာသည်များ စားသုံးသင့်ပါသည်။ ကျွဲကောသီးက သွေးတိုးရောဂါပျောက် ဆေးဝါးများထက် ပိုမို အစွမ်းထက်မြက်သည်ဟု ဆိုပါသည်။ ပန်းနာရင်ကျပ်ကိုလည်း သက်သာပျောက်ကင်းစေပါသည်။

7. ကိုယ်ဝန်ဆောင်မိခင်များ ခန္ဓာကိုယ်ဖောရောင်ခြင်းအတွက် ကျွဲကောသီး စားပေးသင့်ပါသည်။

8. ဗီတာမင်စီ အမြောက်အများပါရှိခြင်းကြောင့် အနာများကို ကျက်စေပါသည်။ သွားဖုံး သွေးယိုစီးခြင်းကို ကာကွယ်ပေးပြီး သွားများကို ခိုင်မာစေပါသည်။ ခံတွင်းရနံ့ဆိုးများ မဖြစ်ပေါ်စေပါ။ အအေးမိနှာစေး ချောင်းဆိုးခြင်းနှင့် ရာသီဖျားများကို အလွယ်တကူမကူးစက်စေနိုင်ပါ။

9. ကျွဲကောသီးထဲတွင် ပါရှိသော ပိုတက်စီယမ်က၊ အရိုးပွခြင်းကို ကာကွယ်ပေးနိုင်ပြီး၊ အရိုးကိုခိုင်မာစေပါသည်။ ထို့ပြင် ကြွက်သားများ ကျုံ့ခြင်းဆန့်ခြင်းကို အားပေးသဖြင့်ခြေသလုံးကြွက်သားများ ကြွက်တက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

10. သွေးအားနည်းရောဂါ မှလည်း ကာကွယ်ပေးနိုင်ပါသည်။

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. 50, San Chaung Townshop
Yangon