January Bookstore & Printing Service
နိုင်ငံတကာက စာအုပ်အစုံ ကို Free ဒေါင်းမယ်
လိုအပ်ရင် Reprint လည်း မှာယူနိုင်ပါတယ်
13/02/2026
နှစ်စဉ်အလှူတစ်ခုဖြစ်တဲ့
"စာအုပ် စတုဒီသာ" လာပါပြီဗျာ
စာအုပ်တွေက QC ပယ်ထားတာတွေရော
အကောင်းတွေရော ပါပါတယ်။
QC ပယ်ထားတယ်ဆိုတာကို
ပြန်ရှင်းပြရရင်
အဖုံးကာလာ မမှန်တာ
အတွင်းသားမှာ ဆေးမှိန်တာ
ဖြတ်တဲ့အချိန်မှာ ဘေးသား နည်းနည်းပါသွားတာ
မျက်နှာဖုံးက ပလစ်တစ်စက နည်းနည်းကွာနေတာ
စသည်ဖြင့်စသည်ဖြင့် စင်းလုံးချော မဖြစ်တဲ့စာအုပ်တွေပါ
အရမ်းတော့မကောင်းပေမယ့်
ကိုယ်သုံးမယ်၊ လေ့လာမယ်ဆိုရင်တော့ အဆင်ပြေပါတယ်။
ခုပြထားတဲ့ စာအုပ်တွေအပါအဝင်
အခြားစာအုပ်တွေလည်းပါပါမယ်
15.2.2026 (Sunday) မနက် (၁၁) နာရီက
စပြီးတော့ လာယူလို့ရပါတယ်ဗျ။
တစ်ယောက်ကို စိတ်ကြိုက် (၅) အုပ်ရွေးယူခွင့်ရှိပါတယ်။
အချိန်ကတော့ စာအုပ်ကုန်တဲ့အထိပါဗျ
လာပြီးတော့ လာမောဖြစ်မှာစိုးလို့
စာအုပ်တွေက စင်းလုံးချောမဟုတ်ပါဘူးဆိုတာလေး
ထပ်ပြောပါရစေ
ပြီးတော့ မလာခင် ၀၉ ၉၇၉ ၄၇၉ ၄၇၈ ကို
ဖုန်းဆက်ပြီးတော့ စာအုပ်တွေ ကျန်/မကျန်
အရင် မေးကြည့်ပါဗျ
ကျေးဇူးအများကြီးတင်ပါတယ်
လိပ်စာက
အမှတ်-၈၅ (မြေညီထပ်)၊ အောင်မေတ္တာ (၁) လမ်း၊ (၁) ရပ်ကွက်၊ လှိုင်မြို့နယ်။
လိုင်းကားနဲ့ လာမယ်ဆိုရင် ဆင်ရေတွင်းမှတ်တိုင် (သို့မဟုတ်) ဘူတာရုံလမ်း မှတ်တိုင်မှာ ဆင်းလို့ရပါတယ်။
23/01/2026
Reflect Listening & Speaking (Free Download)
==============================
NGL က ထုတ်တဲ့ စီးရီးတစ်ခုပါ
------------------------
လေ့လာကြည့်ပါ၊
အဆင်ပြေလို့ စာအုပ်ထုတ်မယ်ဆိုရင်
ကျွန်တော်တို့ကို သတိရလိုက်ပါ။
-----------------------
✅Reflect Listening & Speaking 1/2/3 (color) = 26500
✅Reflect Listening & Speaking 1/2/3(b/w) = 11500
✅Reflect Listening & Speaking 4/5/6 (color) = 29500
✅Reflect Listening & Speaking 4/5/6 (b/w) = 12500
--------------------------
Download Link: 👇
https://t.me/jbooksharing/1341
--------------------------
𝐉𝐚𝐧𝐮𝐚𝐫𝐲 𝐁𝐨𝐨𝐤𝐬𝐭𝐨𝐫𝐞 & 𝐏𝐫𝐢𝐧𝐭𝐢𝐧𝐠 𝐒𝐞𝐫𝐯𝐢𝐜𝐞
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အမှတ်-၈၅(မြေညီထပ်)၊ အောင်မေတ္တာ (၁) လမ်း၊ (၁) ရပ်ကွက်၊ လှိုင်မြို့နယ်
Tel: 09 979 479 478
21/11/2025
မြန်မာပြည်မှာ လူကြိုက်အများဆုံး Grammar စီးရီး (Free Download)
==========================
English Grammar in Use (အပြာရောင်) စာအုပ်ဆိုရင် ဟိုးအရင် edition ကတည်းက တကယ့်ကို အပေါက်ဆုံး စာအုပ်တစ်အုပ်ပါ။
🔴 Essential Grammar in Use 4th Edition
(အနီရောင်စာအုပ်)
~~~~~~~~~~~~~~~~~~~~~
ဒီစာအုပ်က Elementary Level ပါ သူနဲ့ အတူတူပဲ လို့ပြောလို့ရတာက Basic Grammar in Use စာအုပ်ပါ American English ပါ၊ (အဖုံးက အနီရောင် နဲ့ လိမ္မော်ရောင် ၂ မျိုးကွဲနေပါတယ်) အလွယ်ပြောရင် Essential စာအုပ် က British ဖြစ်ပြီးတော့၊ Basic စာအုပ်က American ပါဗျ
ဒီစာအုပ်ဝယ်ပြီးရင် https://www.youtube.com/watch?v=O6Qn918ia1c&list=PLLutYsv1-KzbM5dPrLtDFDiHND8OdmjBz ဒီမှာသွားရောက်လေ့လာလို့ရပါတယ်။
🔵 English Grammar in Use 5th Edition
(အပြာရောင်စာအုပ်)
~~~~~~~~~~~~~~~~~~~~~
Intermediate level ပါ။ ဒီစာအုပ်က မြန်မာပြည်မှာ အင်္ဂလိပ်စာလေ့လာတဲ့သူမှန်ရင် မကိုင်ဖူးတဲ့သူ မရှိသလောက်ကို ပေါက်တဲ့ စာအုပ်ပါ။
အရင်တုန်းက Brighter Grammar ဆိုရင် ဒီဘက်ခေတ်မှာ အားလုံးက "မာဖီ" ပါပဲ၊ အဲလောက်ထိကို ပေါက်တာပါ။
🟢 Advanced Grammar in Use 4th Edition
(အစိမ်းရောင် စာအုပ်)
~~~~~~~~~~~~~~~~~~~~~
သူကတော့ နာမည်အတိုင်းပဲ Advanced level ဖြစ်ပါတယ်။ အရင်ကတော့ 3rd Edition ကို အသုံးများကြပေမယ့် အခုတော့ 4th Edition ကိုလည်း စသုံးနေကြပါပြီ။
ဒီစာအုပ် ၃ မျိုး ကို ကျွန်တော်တို့ဆီမှာ ဝယ်မယ်ဆိုရင်
🔴 Essential Grammar in Use 4th Edition (Offset) ကာလာ - ၂၅၀၀၀ ကျပ်
🔵 English Grammar in Use 5th Edition (Offset) ကာလာ - ၂၈၀၀၀ ကျပ်
🟢 Advanced Grammar in Use 3rd Edition (Reprint) အဖြူ/ အမဲ - ၂၀၀၀၀ ကျပ်
🟢 Advanced Grammar in Use 4th Edition (Reprint) အဖြူ/ အမဲ - ၂၀၀၀၀ ကျပ်
🟠 Basic Grammar in Use (Reprint) အဖြူ/ အမဲ - ၂၀၀၀၀ ကျပ်
Offset နဲ့ Reprint ဘာကွာလဲ ... ?
--------------------------------------
🔸 Offset ဆိုတာက ပုံနှိပ်တိုက်မှာ အုပ်ထောင်ချီ ရိုက်ထားတာမလို့ စျေးသက်သာပါတယ်။
စာအုပ်တော်တော်များများက Offset မထွက်ပါဘူး၊ တော်တော်အသုံးများတဲ့ စာအုပ်တွေကို တော့ Offset ထွက်ရှိပါတယ်။
Quality ပိုင်းကျတော့ အမျိုးမျိုးရှိတတ်ကြပါတယ်၊ စာရွက်သား ပျော့ပျော့ကြမ်းကြမ်းနဲ့ စာတွေ ဟိုဘက်ဒီဘက် ဖောက်တာမျိုးလည်း ရှိသလို
ကျွန်တော်တို့ အလွယ်တကူ တွေ့နေကျ A4 အဖြူလိုမျိုး (ဝူဖရီး) နဲ့ ထုတ်ထားတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ ရောင်းတဲ့စာအုပ်တွေကတော့ A4 အဖြူလိုမျိုး စာရွက်သားလိုမျိုး စာအုပ်ကိုပဲ ရွေးရောင်းပါတယ်။ စာအုပ်ချုပ်တာနဲ့ ဖြတ်တဲ့ အပိုင်းမှာ ပိုပြီးတော့ သပ်ရပ်ခိုင်ခန့်ပါတယ်။
အားနည်းချက်က စာအုပ်အများစုက Offset မထွက်ရှိပါ
🔸Reprint ဆိုတာက ကျွန်တော်တို့ ဆိုင်မှာပဲ Digital Copier တွေနဲ့ ထုတ်တာမလို့ Offset ထက် အများကြီး စျေးပိုကြီးပါတယ်။
စာရွက်တော့ A4 အဖြူကို သုံးတာမလို့ အထူက အဆင်ပြေတယ်၊ ဟိုဘက် ဒီဘက် ပေါက်တာမျိုးမရှိဘူး၊ ဒါတောင်မှ ထုတ်တဲ့ စက်အမျိုးအစား၊ လေဆာ/ inject စတာတွေအပေါ်မူတည်ပြီးတော့ စျေးရော အရည်အသွေးရော ကွာပါတယ်။
ချုပ်တာနဲ့ ဖြတ်တဲ့အပိုင်းမှာလည်း Offset ကို မမီပါ။ အသေးစိတ်ကို page ရဲ့ pin post မှာ အရှည်ကြီးရေးထားပါတယ်။
အားသာချက်က လိုချင်တဲ့ စာအုပ်ကို ဖိုင်ရှိရင် တစ်အုပ်က စပြီး ထုတ်လို့ ဝယ်လို့ရတာပါ။ (ကျွန်တော်တို့ဆိုင်မှာတော့ စာအုပ်တော်တော်များများစုံသလို မရှိရင်လည်း ရှာပေးပါတယ်)
-----------------------
Download Link: https://t.me/jbooksharing/1324
----------------------
လေ့လာပါ၊ အဆင်ပြေလို စာအုပ်ဝယ်မယ်၊ ထုတ်ချင်တယ်ဆိုရင် ကျွန်တာ်တိုကို ဆက်သွယ်လိုက်ပါဗျ
--------------------------------
𝐉𝐚𝐧𝐮𝐚𝐫𝐲 𝐁𝐨𝐨𝐤𝐬𝐭𝐨𝐫𝐞 & 𝐏𝐫𝐢𝐧𝐭𝐢𝐧𝐠 𝐒𝐞𝐫𝐯𝐢𝐜𝐞
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အမှတ်-၈၅(မြေညီထပ်)၊ အောင်မေတ္တာ (၁) လမ်း၊ (၁) ရပ်ကွက်၊ လှိုင်မြို့နယ်
Tel: 09 979 479 478
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
#85 (Ground Floor), Aung Myittar (1) Street, (1) Ward, Hlaing Tsp
Yangon
11051
Opening Hours
| Monday | 10:00 - 18:00 |
| Tuesday | 10:00 - 18:00 |
| Wednesday | 10:00 - 18:00 |
| Friday | 10:00 - 18:00 |
| Saturday | 10:00 - 18:00 |
| Sunday | 10:00 - 18:00 |