Areng Pui
တွေးလိုက်တဲ့အတွေးအပိုင်းအစလေးကို ချရေးလိုက်တဲ့အခါ ဘဝရဲ့ မှတ်တိုင်တွေဖြစ်သွားကြတယ်။
(Areng Pui)
07/11/2025
[စစ်ကော်မရှင် ရဲ့ နိုင်ငံရေးချိန်ခွင်]
___________________________
▪️စစ်ကော်မရှင် အလေးသာနေပြီလား ဆိုတဲ့ မေးခွန်းကို ဖြေရရင် လိုချင်သည်ဖြစ်ဖြစ် မလိုချင်လို့ပဲ ဖြစ်ဖြစ် သာနေပါပြီလို့ပြောရတောမှာပါ။ ဒါက လက်ရှိ နိုင်ငံရေး အရွေးရဲ့ပေးထားချက်ဖြစ်ပါတယ်။ အဲလိုပြောရတဲ့ အချက် (၃) ချက်ရှိပါတယ်။
(၁) အိန္ဒိယနိုင်ငံနဲ့ မြန်မာစစ်ကောင်မရှင် ဆက်ဆံရေး
▪️အိန္ဒိယနိုင်ငံဟာ NUG နဲ့ စစ်ကော်မရှင်ရဲ့ အားပြိုင်မှုမှာ တိုင်းသာရန် အကောင်းဆုံး ပေတံ သို့မဟုတ် ဆုံဖြတ်ပေးရန်ကောင်းဆုံး ဒိုင် လို့တောင် ပြောလို့ရမယ်ထင်ပါတယ်။ ၂၀၂၃ အစောပိုင်းကာလ တွေမှာအိန္ဒိယအစိုးရဟာ အိုင်ယူဂျီဖက်ကို ယိုင် ပြီး အိုင်ယူဂျီ ကိုယ်စားလှယ်တွေနဲ့ နီးစပ်တဲ့ ဆက်ဆံရေးတွေအတိုင်းအတာတစ်ခုအထိရှိခဲ့ဖူးတာဖြစ်ပါတယ်။ နယ်စပ် ကုန်သွယ်ရေး လမ်း ကြောင်း တွေကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်တဲ့ နောက်မှာ ပြာယာခက်ပြီး အိုင်ယူဂျီဖက် ယိုင်ဖို့ အားသာနေခဲ့တာပါ။ ပြီးရင် စစ်ကောင်မရှင်ကို ပေါ်ပေါ်တင်တင် ဆက်ဆံမှုတွေကို သူ မလုပ်ဘဲ ချိန်းချိန်ပြီး ဆက်ဆံ နေရတဲ့အနေထားဖြစ်သွားတဲ့အထိ ဖြစ်ခဲ့ဖူးတာဖြစ်ပါတယ်။
▪️၂၀၂၃ အကုန်ပြီး၊ နယ်စပ်ဒေသ မတည်ငြိမ်မှု၊ ချင်းတော်လှန်ရေးအင်အားစုတွေရဲ့စည်းလုံးမှု အားနည်းမှုတွေ၊ နယ်စပ်ကုန်သွယ်ရေး မတည်ငြိမ်မှုတွေက အိန္ဒိယ နိုင်ငံအတွက် စစ်ကောင်မရှင် ဖက် ယိုင်မလား၊ တော်လှန်ရေးဖက် ယိုင်မလား ဆိုတဲ့ အိမ်စာကောင်း စဉ်းစားချက် ဖြစ်ခဲ့တဲ့ အခြေအနေကို ပြောင်းလဲသွားတာဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်မှာတော့ အိန္ဒိယဟာ သိသိသာသာကို စစ်ကောင်စီကို ထောက်လျှောက်ဆက်ဆံမှုတွေ၊ ပူးပေါင်း ကုန်သွယ်ရေးတွေလုပ်လာပြီး ရွေးကောက်ပွဲကို အားပေးထောက်ခံတဲ့အထိ အခြေအနေဟာ ယခင်ကနဲ့ လုံးဝ ပြောင်းလဲသွား တာဖြစ်ပါတယ်။
(၂) အရှေ့မြောက်ပိုင်းဒေသ နှင့် တရုတ်ဖိအား
▪️၂၀၂၃ ခုနှစ်၊ အော်တိုဘာ ၂၇ ရက်နေ့မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ မြန်မာ့တော်လှန် ရေး အရွေးကို အတိုင်းအတာတစ်ခုထိ ပြောင်းလဲပစ်နိုင်ခဲ့တဲ့သမိုင်းဝင် စစ်ဆင်ရေး တစ်ခုလို့ ဆိုရမယ်။ တရုတ်နိုင်ငံကိုကြည့်ကြမယ်ဆိုရင် ၂၀၂၁ ခုနှစ် အာဏာသိမ်းအစမှာ စစ်ကောင်စီ( ယခု ကော်မရှင်) ကို အဝေးကနေ ဆက်ဆံရေးလုပ်နေခဲ့တာဖြစ်တယ်။ ပြောရရင် တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ဘယ်အဖွဲ့ (စစ်ကော်မရှင်နဲ့ တော်လှန်ရေးအဖွဲ့) က ပိုပြီးတည်ငြိမ်အောင်ပို လုပ်နိုင်မလဲ ၊ ပိုထိန်း ကျောင်းနိုင်မလဲ ဆိုတာကို ချိန်ထိုးပြီး စောင့်ကြည့်ဆက်ဆံနေတဲ့ အနေထားမှာရှိနေတာ တွေ့ရတာ ဖြစ်ပါတယ်။
▪️မြန်မာပြည်သူလူထုတွေအနေနဲ့ ၂၀၂၅ခုနှစ် မတိုင်ခင်အထိ တရုတ်နိုင်ငံကို စစ်ကောင်စီနဲ့ ပေါ်ပေါ် တင်တင်ဆက်ဆံရေးမလုပ်နိုင်အောင် အတိုင်းအတာအထိ ဖိအားပေးနိုင်ခဲ့တယ်ဆို ဆိုရမှာ ဖြစ်ပါ တယ်။ သို့ပေမယ့် အိုင်ယူဂျီ နိုင်ငံရေးဝန်ကြီးဌာန အနေနဲ့ (၄)နှစ်ကျော်သာကာလ အထိ တရုတ် နိုင်ငံကို နိုင်ငံခြားရေးရာမူဝါဒအရကော၊ တရုတ်နိုင်ငံနဲ့ မြန်မာပြည်သူများရဲ့ ဆက်ဆံရေးအရပါ ပြေလည်အောင် မစွဲဆောင်နိုင်ခဲ့ဘူး၊ အဲဒီအပြင် တရုတ်နိုင်ငံရဲ့ အကျိုးစီးပွား ကိုလည်း စစ်ကောင် မရှင်ထက်သာအောင် အကာကွယ်မပေးနိုင်ဘူး၊ ဒီအချက်တွေက အိုင်ယူဂျီ အစိုးရရဲ့ ရဲ့ စွမ်းဆောင် ရည်ကို တရုတ်အနေနဲ့ စိတ်ပျက်သွားစေတဲ့အထိ ဖြစ်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံး အရှေ့မြောက် ဒေသ တော်လှန်ရေးအင်အားစုတွေကို ဖိအားပေးဖို့ ဖြစ်လာတဲ့အထိဖြစ်တယ်။ ၂၀၂၅ ခုနှစ် နောက်ပိုင်းမှာ တရုတ်နိုင်ငံဟာလည်း အိန္ဒိယနိုင်ငံနဲ့အပြိုင် စစ်ကော်မရှင်ကို ပေါ်ပေါ်တင်တင် နိုင်ငံတော်အဆင့်ထိ တွေ့ဆုံ ဆက်ဆံမှုတွေ ပြုလုပ်လာသလို ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ကြတဲ့ TNLA, MNDAA တို့ကိုပါ အပစ်ရပ်အောင်အထိဖိအားပေး လာခဲ့တာဖြစ်ပါတယ်။
(၃) အာဆီယံ နှင့် နောက်နိုင်ငံများရဲ့ အခန်းကဏ္ဌ
▪️၂၀၂၁ ခုနှစ်၊ ဧပြီမှာ ဆုံးဖြတ်ချက်ချခဲ့ကြတဲ့ အာဆီယံရဲ့ Five point Consensus ကို ၂၀၂၅ ခုနှစ် အာဆီယံရဲ့ အစည်းအဝေးကနေပြန်ပြီး အတည်ပြုခဲ့ကြတာကို ကြည့်ခြင်းဖြင့် အာစီယံအနေနဲ့ မြန်မာ့အကြပ်အတည်းကို ထိရောက်အောင် မကိုင်တွယ်နိုင်ဘူးဆိုတာ သိသာပေါ်လွယ်စေ တာဖြစ် ပါတယ်။ အာဆီယံအနေနဲ့ 5ps က အလုပ်မဖြစ်ဘူးဆိုတာ သိပြီးသားဖြစ်ပါတယ်။ သို့ပေမယ့် ၂၀၂၅ မှာ ကျင့်ပမယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ထွက်ပေါက်လို့ ရူမြင်နေကြတာဖြစ်လို့၊ ပြည်တွင်းရေးဝင်မစွပ်ဖက်ရေးကို အကြောင်းပြုပြီး မသိမသာရှောင်ပေးထားတဲ့ သဘောဖြစ်ပါ တယ်။
အလားတူပါပဲ အနောက်နိုင်ငံ၊ အမေရိကန်အပါအဝင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ ပတ်သက်ရင် သိပ်ပြီး စိဝာ်ဝင်စားမှု မရှိကြတာကို တွေ့မြင်နေရတာဖြစ်ပါတယ်။ အာဆီယံနဲ့ အနောက်နိုင်ငံ၊ နောက်ဆုံး အိုင်ယူဂျီနဲ့ အနီးစပ်ဆုံးရှိတဲ့ အရှေ့တီမောတို့လို နိုင်ငံတွေကပါ မသိမသာနဲ့ နေနေကြတာ ဖြစ်ပါ တယ်။ စစ်ကော်မရှင် ကျင့်ပမယ့် ၂၀၂၅ ခုနှစ်ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူး ဆိုတာ အာဆီယံအဖွဲ့ဝင်တချိုးနဲ့ နောက်နိုင်ငံများက တစ်ညီတညွတ်တည်း လက်ခံထား ကြမယ့် အရေးယူ ဆောင်ရွက်မှုတွေ၊ ပိတ်ဆို့မှုတွေ သိပ်ပြီးကြီးကြီးမားမား လုပ်လာကြတာမရှိသလို မျော်လင့်စရာ မရှိတာဖြစ်ပါတယ်။ ဒီအချက်တွေကို ကြည့်ခြင်းဖြင့် ၂၀၂၅ ရွေးကောက်ပွဲ့ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကြပ်အတည်းအတွက် ထွက်ပေါက်တစ်ခုလို့ နိုင်ငံတော်တော်များများက လက်ခံကြတယ် ဆိုတာ ကို ပေါ်လွန်စေတာဖြစ်ပါတယ်။
▪️အဲသည် အတွက်ကြောင့် စစ်ကောင်မရှင်က ကျင့်ပမည့်၂၀၂၅ ရွေးကောက်ပွဲကို လွတ်ချသင့်တဲ့ အပိုင်းတွေမှာ လွတ်ချပြီး ၂၀၂၅ အလွန်ရွေးကောက်ပွဲကနေ တတ်လာမည့် အစိုးရနဲ့ ဆင်နွဲ့မယ့် တိုက်ပွဲအတွက် ပိုပြီး ပြင်ဆင်သင့်တယ်လို့ သုံးသပ်မိတာဖြစ်ပါတယ်။ ရွေးကောက်ပွဲကနေ တတ်လာတဲ့အစိုးရဟာ တော်လှန်ရေး အင်အားစုတွကို နိုင်ငံတကာ ဆက်ဆံရေး၊ ကိုယ်စားပြုရေး၊ စစ်ရေး၊ ကုန်သွယ်ရေးတွေမှာ ကောင်းကောင်းလည်း ဒုက္ခပေးနိုင်တာဖြစ်ပါတယ်။ အဲအတွက် လက်ရှိအခင်းအကျင်းတစ်ခုတည်းကို အာရုံစိုက်ကြတာမဟုတ်ဘဲ ရှေ့တစ်လှမ်းအကွာ ဖြစ်တန်ချေ နိုင်ငံရေး စစ်ပွဲအတွက်ပါ ကြိုတင်ပြင်ကြဖို့ လိုအပ်နေပြီဖြစ်ကြောင့် မီးမောင်းထိုး သုံးသပ် လိုက်ရပါတယ်။
Areng Pui
7 November,2025
05/08/2025
ကဗျာ ကဏ္ဌ အပိုင်း (၃၀)
6thJuly,2025
01/08/2025
▫️မြန်မာ့ သမိုင်းဇာတ်ကြောင့်မှာ အရှုပ်ဆုံး ပုဂ္ဂိုလ်လူသားလို့ရမယ်၊ ဖတ်တဲ့သူတောင် ခပ်ရှုပ်ရှုပ်၊ အဲတာတောင် ကျနော်က မြန်မာစာနဲ့ အနည်းငယ် ရင်းနှီးတဲ့သူဖြစ်လို့တော်ပါသေးတယ်။
▫️အသိမိတ်ဆွေ တစ်ယောက်က လာမေးရှာတယ်။ ကို Areng မင်းအောင်လှိုင်နာမည်တူ ဘယ်နှစ် ယောက်ရှိတာလဲတဲ့။ ကျနော်လည်း အံသြသွားသွားတယ်။ ပြီးမှ Òမင်းအောင်လှိုင်က တစ်ယောက်တည်း ပဲလေကွာ၊ ခု သမ္မတ ရူးရူးနေတဲ့တစ်ယောက်ပဲ ရှိတာလေÓ လို့ပြောလိုက်တော့ သူခေါင်းကုတ်ပြီးပြန် ပြောတယ်။
▫️မနေ့က ကာလုံခေါ်ပြီး၊ စစ်ဦးစီးချုပ် မင်းအောင်လှိုင်က ဒု- သမ္မတ မင်းအောင်လှိုင်ကို အရေးပေါ် လုပ်ငန်းတာဝန်ပြီးဆုံးကြောင့်ကို အစီရင်ခံတယ်၊ ဒု- သမ္မတ မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် အရေး ပေါ်အခြေအနေ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ကို ဖျက်သိမ်းပေးလိုက်တယ်။ပြီးရင် ယာယီ ပြည်ထောင်စုအဆင့် အစိုးရတစ်ရပ်ကို ဖွဲ့တယ်။ အစိုးရအဖွဲ့မှာ သူက ယာယီသမ္မတ မင်းအောင်လှိုင် ဆိုပြီးယူတယ်။ တစ်ဆက်တည်းမှာ အဲ အစိုးရကို လမ်းညွန်ညှိနှိုင်းပေးမယ့် စစ်ကော်မရှင် ဖွဲ့တယ်။ အဲ စစ်ကော်မရှင်အဖွဲ့မှာလည်း စစ်ကော်မရှင် ဥက္ကဌ မင်းအောင်လှိုင်ဆိုပြီး ပြန်ပါလာတယ်။ မင်းအောင်လှိုင်နာမည်တွေချည်းပဲ ဖတ်ရတာ ခေါင်းရှုပ်လာပြီး... တဲ့။
သူက ဆက်ပြောတယ်။ သိပ်မကြာဘူးတဲ့ ၊ စစ်အုပ်ချုပ်ရေးအကျုံးဝင်တဲ့ မြို့နယ် (၉၀) ကျော်ကို ကြေညာပြီး၊ အဲသည် မြို့နယ် (၉၀) ကျော်ကို စီမံအုပ်ချုပ်ဖို့အတွက် ယာယီသမ္မတ မင်းအောင်လှိုင်က စစ်ဦးစီးချုပ်မင်းအောင်လှိုင်အား နိုင်ငံရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊တရားစီရင်ရေး အာဏာကို ပြန်လည် အပ်နှင်းပေးပြန်တယ်။ အဲလို တစ်ယောက်တည်းကပဲသိမ်းကျုံးယူမယ့်အတူတူတော့ စစ်ဦးစီးချုပ်၊ ဒါမှမဟုတ်၊ သမ္မတ တစ်ခုခု နာမည်တစ်ခုတည်းနဲ့ အကုန် သိမ်းချုံး ယူလိုက်ရင် ပြီးနေတဲ့ဟာကို ရှုပ်အောင်လုပ်နေတယ် ဆိုပြီး မကျေမနပ်ဟန်နဲ့ ပြောလာတယ်။ ပြီးရင် သူ ဆက်ပြောသေးတယ်။ နားကို မလည်တော့ပါဘူးကွာ ဆိုပြီး ရယ်ရယ်နဲ့ ပြောလိုက်တယ်။
▫️ကျနော်ပြန်ပြောလိုက်တယ်။ အဲတာ ဘာအထာလဲ ဆိုတော့ ကောင်မလေး တစ်ယောက်က ဘဲ (၃) ဗွေကို တစ်ပြိုင်တည်း တွဲတဲ့ အတာပဲကွာလို့ ပြောလိုက်တယ်။ အဲတော့ သူနည်းနည်းကြောင့်သွားသွားတယ်။ ဘယ်လိုတုန်း.. ဆိုပြီး ပြန်မေးတော့။
▫️ဥပမာဗျာ။ ကြယ်စင်ရယ်၊ လမင်းရယ်၊ သော်တာ ရယ်ဆိုတာ လူက တစ်ယောက်တည်းပဲ၊ ဒါပေမယ့် မောင်ဖြူဆိုတဲ့ ကောင်လေးနဲ့ တွေ့ရင် ကြယ်စင် ဆိုတဲ့ နာမည်နဲ့ လူတစ်ယောက်လို သွားတွေ့တယ်၊ နောက် မောင်နီဆိုတဲ့သူနဲ့ တွေ့ပြန်ရော လမင်းဆိုတဲ့ တစ်ခြားတစ်ယောက်လိုနဲ့ သွားတွေ့ပြန်ရော့၊ နောက်ဆုံး မောင်ပြုံးဆိုတဲ့ သူနဲ့တွေ့တဲ့အချိန်ကျတော့လည်း လူကမပြောင်းဘူး၊ ဒါပေမယ့် နာမည်က သော်တာ ဆိုတဲ့ နာမည်နဲ့ တွေ့ပြန်တယ်။ ဒီလိုသဘောပါပဲ။ မင်းအောင်လှိုင်ကလည်း လိုချင်တာ တွေများတော့ နာမည်ရာထူးကို ပြောင်းပြောင်းပြီး မတူညီတဲ့ လုပ်ပိုင်ခွင့်တွေကို ဖန်တီးနေတာ ၊ လူက ဒီလူတစ်ယောက်တည်းပါပဲ၊ အဲတာကိုအလုပ်ကြိုးစားတယ်လို့ ခေါ်တယ်ကွ၊ ဆိုပြီး ပြောလိုက်တယ်။
သူခဗျာ ပြုံးပြုံးကြီးနဲ့ ....အော် အဲသည်လိုလား တဲ့
ဒီလိုနဲ့ မြန်မာ့သမိုင်းအရှုပ်ဆုံးလူသားအကြောင့်လေးက စကားဝိုင်းတစ်ခုလိုဖြစ်သွားလေရော့။
Areng Pui
1st August ,2025
Click here to claim your Sponsored Listing.
Category
Contact the public figure
Website
Address
Yangon