Healthy Land

Healthy Land

Share

ထုံကျင်ကိုက်ခဲညောင်းညာမှုအတွက် Hanumanတိုင်းရင်းဆေးကပ်ခွါနှင့်လိမ်းဆေးအဆီရရှိနိုင်ပါတယ်

01/11/2022

✨ ဂေါက်ရောဂါနှင့် အခြားဆိုးကျိုးများ ✨
***************************************

ဂေါက်ရောဂါသည် အဖြစ်များလာသော အရိုးအဆစ်ရောင်ရောဂါတစ်ခုဖြစ်ပြီး ဂေါက်ရောဂါဖြစ်ပါက အဆစ်ရောင်ခြင်း၊ နာခြင်းတို့ ဖြစ်ပေါ်ပြီး ခြေမတွင် အဖြစ်များပါသည်။ ဂေါက်ရောဂါသည် သွေးထဲတွင် Uric Acid များခြင်း၊ နှစ်ဘက်ချွန်အပ်လေးများနှင့်တူတဲ့ ယူရစ်အက်ဆစ်ပုံဆောင်ခဲများ သွေးအတွင်းများပြီး အဆစ်တွင်စုပုံလာခြင်း ဖြစ်ပါသည်။

ဂေါက်ရောဂါသည် အချို အစားများခြင်း၊ အနီရောင်အသားအစားများခြင်း၊ ကလီစာ အစားများခြင်း၊ အဝလွန်ခြင်း၊ မျိုးရိုးလိုက်ခြင်း၊ဆေးလိပ်သောက်ခြင်း၊ အရက်ဘီယာအသောက်များခြင်းတို့ကြောင့် အဖြစ်များသည်။ သွေးတွင်း ယူရစ်အက်ဆစ်မြင့်နေပါက အစားအသောက်ထိန်းခြင်း၊ ဆရာဝန်နှင့်ပြသ၍ ကုသမှုခံယူခြင်းများ မပြုလုပ်ပါက အခြားကျန်းမာရေးဆိုးကျိုးများ ဖြစ်စေနိုင်သည်။

အိပ်မပျော်ခြင်း
**************

ဂေါက်ရောဂါရှိသူအချို့သည် အိပ်ပျော်နေရာမှ နာကျင်မှုဝေဒနာ ခံစားရခြင်း၊ အိပ်ပျော်ရန် ခက်ခဲခြင်းစသည်တို့ကြောင့် အိပ်ရေးမဝဖြစ်ကာ မောပန်းလွယ်ခြင်း၊ စိတ်တိုခြင်းတို့ ဖြစ်တတ်သည်။

ဆီးချိုသွေးချို ရှိခြင်း
********************

ဂေါက်ရောဂါသည် အမျိုးအစား ၂ ဆီးချိုသွေးချိုနှင့် ဆက်စပ်နေကြောင်း တွေ့ရသည်။ အဝလွန်သူများ၊ အရက် အလွန်အကျွံသောက်သူများတွင် ဂေါက်ရောဂါရော ဆီးချိုသွေးချိုရောဂါပါ ရှိနေတတ်ကြောင်း တွေ့ရသည်။

ကျောက်ကပ် ကျောက်တည်ခြင်း
******************************

ဂေါက်ရောဂါရှိသူများတွင် အဖြစ်များသောနောက်ဆက်တွဲ ဆိုးကျိုးတခုအနေနဲ့ ကျောက်ကပ်ကျောက်တည်ခြင်းကို ​တွေ့ရတတ်သည်။ ယူရစ်ပုံဆောင်ခဲများသည် အလွန်များပြားလာပြီး ဆီးလမ်းကြောင်းတွင် စုပုံရာမှ ကျောက်တည်လာခြင်း ဖြစ်သည်။ ကျောက်တည်ပါက ခါးနာခြင်း၊ ဆီးသွားရခက်​​ခြင်း၊ ဆီးအရောင်​ပြောင်းခြင်းတို့ဖြစ်သည်။

ကျောက်ကပ်ရောဂါ
******************

နာတာရှည် ကျောက်ကပ်ရောဂါရှိသူ ၁၀ ယောက်တွင် ၁ ယောက်သည် ဂေါက်ရောဂါရှိပြီး၊ ဂေါက်ရောဂါရှိသူများတွင်လည်း ကျောက်ကပ်ရောဂါ ရှိနေကြောင်း တွေ့ရသည်။ ထို့​ကြောင့် ဂေါက်ရောဂါရှိသူများတွင် ကျောက်ကပ်ပုံမှန်စစ်ဆေးရန် လိုသည်။

အဆစ်နှင့် အရေပြားတွင် အဖုပေါ်ခြင်း
***********************************

ဂေါက်ရောဂါကို မကုသပါက ယူရစ်ပုံဆောင်ခဲများ အစုအဝေးဖြစ်လာပြီး၊ အရေပြားနှင့် အဆစ်များတွင် မာကြောသောအဖုခဲများ ဖြစ်လာတတ်ပြီး အဆစ်ပျက်စီးသည်အထိ ဖြစ်လာနိုင်သည်။

အရိုးပျက်စီးခြင်း
****************

ဂေါက်ရောဂါရှိပါက အရိုးပါးရောဂါနှင့် အရိုးပွရောဂါ၊ အရိုးကျိုးခြင်းတို့ ဖြစ်ပွားမှု ပိုများသည်။

အချုပ်ဆိုရလျှင် ဂေါက်ရောဂါဖြစ်လာပါက ဆရာဝန်နှင့် ပြသ၍ ကုသမှုခံယူရုံသာမက အရက်နှင့်အချိုရည်အလွန်အကျွံသောက်ခြင်းမှ ရှောင်ကြဥ်၍ Purine ကြွယ်ဝသော အစားအစာများ လျော့စားခြင်း၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊ ကိုယ်အလေးချိန် ထိန်းခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် ဂေါက်ရောဂါ၏ ဆိုးကျိုးများ ဖြစ်​ပေါ်ခြင်းမှ ကာကွယ်ရမည် ဖြစ်ပါသည်။

လေးစားစွာဖြင့်မူရင်း Credit

07/10/2022

💛ခါးနာ၊နောက်ကျောနာခြင်းကို ငါးမိနစ်အတွင်း သက်သာသွားစေမယ့် နည်းလမ်းကောင်းများ💛

လူတော်တော်များများ အများဆုံးဖြစ်လေ့ ရှိတဲ့ဝေဒနာ ကိုပြောပါဆိုရင် နောက်ကျောဘက်နာကျင်ခြင်း ပါပဲ။ ခါးနာကြ တယ်။ ကျောနာကြတယ် စတဲ့ဝေဒနာတွေ ခံစားရတဲ့ အခါ လူကလည်း သက်တောင့် သက်သာ မရှိပဲ ပင်ပန်း ပါတယ်။ဒီလိုဝေဒနာတွေ ခံစား လာရပြီ ဆိုရင် သင့်အနေနဲ့ ဒီနည်းလမ်းကောင်းတွေ ထဲက တစ်နည်းနည်းကို စမ်းသပ်ကြည့် သင့်ပါတယ်။ ဘယ်လို နည်းလမ်းတွေက ခါးနာကျောနာခြင်းကိုသက်သာစေလဲဆိုရင်...

ကျောရိုးကိုအနားပေးခြင်း
***********************

အိမ်မှာရှိနေတဲ့ အချိန်ဆို ဒီနည်းလေးကို သုံးကြည့်သင့် ပါတယ်။ ပထမဆုံး ကြမ်းပြင်မှာထိုင်လိုက်ပါ။ ပြီးရင်ခြေထောက်နှစ်ချောင်း ကိုဖြောင့်တန်းစွာ ထားလိုက် ပါ။ ခြေထောက်နှစ်ဖက် ၁၀ စင်တီမီတာလောက်ခြား ထားပါ။ ပြီးရင် စောင်တစ်ထည်ကို ထူထူလေးဖြစ်အောင်လိပ်ပြီး ပုံထဲမှာပြထားသလို ဒူးအောက်မှာထားပါ။ ပြီးရင်ခေါင်းအုံးကို ခြေထောက်ပေါ်မှာတင်ထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးကို ခေါင်းအုံးနဲ့ ထိတဲ့ အထိကွေး လိုက်ပါ။ အဲ့ဒီ အနေအထားအတိုင်း ၅မိနစ်ကြာ မှာနေပါ။ ဒီနည်းလေးက နောက်ကျော ဘက်ကြွက်သားတင်းအားတွေ ကိုပြေလျော့စေပြီး ခါးနာ၊ကျောနာခြင်းကို သက်သာ သွားစေပါတယ်။

ဆားခါးနဲ့ခြေထောက်စိမ်ပါ
*************************

-ခြေထောက်စိမ်ရရုံ အနေအထားလောက် ခပ်နွေးနွေးရေဇလုံ တစ်ခုယူပါ။အဲ့ဒီထဲကို ဆားခါး ခွက်တစ်ဝက်စာလောက်ရော ထည့်ပြီးမွှေ လိုက်ပါ။ ပြီးရင်ခြေထောက်ကို ၅မိနစ်ကနေ ၇မိနစ်လောက်ထိ ထည့်စိမ် ထားပါ။အချိန်ပြည့်တဲ့အခါ ခြေထောက်ကိုထုတ်ပြီ းခပ်နွေးနွေးရေလေးနဲ့ ထပ်ပြီးဆေး လိုက်ပါ။ ပြီးရင်တော့ စောင်လေးနဲ့ဖြစ်စေ ခြေထောက်ကို ပတ်ထားလိုက်ပါ။ ဆားခါးက အကြောတွေ၊ကြွက်သား နာကျင် တာတွေ ကိုပြေလျော့စေ တဲ့အတွက် ဆားခါးစိမ် လိုက်တဲ့ အခါ ခန္ဓာကိုယ်တစ်ခုလုံးက စုပ်ယူလိုက်တဲ့ အတွက် နောက်ကျောဘက် နာကျင်မှု ကိုလည်းသက်သာသွားစေ ပါတယ်။

ဒူးအနောက်ဘက်က အကြောလေးတွေကိုဖိပါ
*****************************************

ဒူးအနောက်ဘက် အလယ် တည့်တည့်မှာ အကြောအမှတ်လေးတွေ ရှိပါတယ်။အဲ့ဒီအကြောနေရာလေးကို လက်မနဲ့ ဖိပေးပြီး အသက် ကိုပြင်းပြင်း ရှုပါ။၂မိနစ်ကနေ ၃မိနစ်ထိဖိထားပေးနိုင် ပါတယ်။ ဒီအကြောလေးတွေကို ဖိပေးတာ ကလည်း ခါးနေရာတစ်ဝိုက်ကြွက်သားနာကျင်မှု ကိုလျှော့ချပေးနိုင် တယ်လို့ သိရပါတယ်။

sharing
လေးစားစွာဖြင့်မူရင်း Credit

29/09/2022

အသက် ၄ ထိပ်စည်း ကျော်သူများ သိထားဖို့😁
-------------------------------------------

အသက်တွေကြီးလာရင်_အိုလာရင်
ဘာတစ်ခုမှ_ကောင်းတာမရှိတော့ဘူးရယ်။
အသက်_၄၅_နဲ့_၆၀_ကြားဖြစ်တတ်တဲ့
ရောဂါလက္ခဏာများ_သတိပြုရန်နှင့် ၊
သတိထားပီး_ကြိုတင်ကာကွယ်_ကုသနိုင်ဖို့ ၊
ဒီစာလေးကို_သိမ်းထားကြပါစို့ ။

(1)အရိုးတွေ ချောင်လာတယ် ဒူးနာတတ်တယ် ချဉ်ဆီခမ်းလို့ ဒူးချောင်တတ်တယ် ခါးရိုးဆစ်
တွေလည်းနာတတ်တယ်။ ချော်လဲမကျအောင်
ဂရုစိုက်ပါ ဒူးကိုကွေးလိုက်ဆန့်လိုက်လုပ်ပေး
ခြင်းဖြင့် တဖြေးဖြေး နာခြင်းသက်သာလာမယ်။

(2) ကြွက်သား အားမရှိတာ အမျိုးသားက
၃ ပုံပုံ ၁ပုံ နဲ့ အမျိုးသမီးက တဝက်လောက် အဖြစ်များတယ်။ ကြွက်သားဆိုတာ ၊
လက်မောင်းကြွက်သားနဲ့ ခြေသလုံးကြွက်သား
၂ မျိုးလုံးပါတယ် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကြွက်သားအားရှိအောင် လုပ်ပေးကြပါ ။

(3)အကြော အဆစ်နာတတ်တယ် ,
ဝတဲ့သူများပိုပီး ဟိုနာဒီနာဖြစ်လွယ်တယ်။
အကြော အားဆေးသောက်ပေးပါ ။
ဦးနှောက်အာရုံကြောက ပို အရေးကြီးတယ်။
အိပ်မပျော်တာများရင် ထိခိုက်သလို ၊
ခဏခဏ မေ့လွယ်တတ်တယ် ။

(4) အသက်ကြီးလာတဲ့အမျှ ကိုယ်တွင်းကလီစာတွေက တဖြေးဖြေးweak ဖြစ်လာတယ် နှလုံး ကျောက်ကပ်,သရက်ရွက်, သည်းခြေ, အသဲညဖက် ဆီးခဏခဏသွားတာနဲ့
ဆီးမခိုင်တာတွေဖြစ်တတ်တယ် အများအားဖြင့် ယောက်ျားတွေက ၄၅ နှစ်ကျော်နဲ့ အမျိုးသမီး
တွေက အသက် ၅၀ ကျော်တွေအဖြစ်များတယ်။

(5)ဝမ်းချူပ်များခြင်း ဝမ်းသွားမကုန်ခြင်းနဲ့
အဆီအပူအစပ်စားများလို့ အူလမ်းကြောင်းမှာ
အညစ်ကြေးများရင် အူကင်ဆာဖြစ် ၊
လွယ်တယ် သတိထားကြပါ ။

(6 ) နှလုံးမှာ ပြသာနာ စဖြစ်ရင် အသက်ရှူမဝ ရင်ဘတ် အောင့်ပီး တချက်တချက်နာ ၊
ဘယ်ဖက်ပုခုံးထုံ , ကျင် ,နာ ပီး ကျောကုံးအပေါ်
ဖက်လည်း ညောင်းပီး အကြောတက်တတ်တယ်။ အိပ်ရာထချိန် ဇက်ကြောတက်တတ် လည်ပင်း ညောင်းတတ်တယ်။ မျက်လုံး၂ လုံးပေါ် ၊
ကန့်လန့်ဖြတ် စင်းတခု ထင်းကနဲပေါ်တတ်တယ်။ နှလုံးမှာအဓိက ကြောက်ရတာ နှလုံးသွေးကြော
၃ ချောင်းရှိတာ အားလုံးပိတ်ရင် စက်တပ်ရပီ။ အာ့ကြောင့် နှလုံးသွေးကြော စပိတ်တာနဲ့ အဲလက္ခဏာတွေပြင်းထန်ရင် ဆေးရုံမှာCheck သွားလုပ်ပါ။ အဆီတွေလျော့စား လေ့ကျင့်
ခန်းလုပ် ရေများများသောက်ကြပါ ။

(7) အသဲ ပြသာနာဖြစ်ရင်
ညာဖက်ဗိုက်ခေါက်အပေါ် ဖက်နာကျင်တယ်
ညာခါးအနောက်ဖက် ညောင်းနာ,ညာဖက် ၊
ပုခုံးထုံ ကျင် ညောင်းနာ ညအိပ်ချိန် ၊
ခြေသလုံးခဏခဏ ကြွက်တက်တတ်တယ်။ အသဲမကောင်းရင် ညကောင်းကောင်း
အိပ်မပျော်ဘူး။ ပါးစပ်ခါးပီး သွားတိုက်ရင် သွေးထွက်လွယ်တယ် ။

အစာမစားချင် ခံတွင်းပျက်ပီး
နဲနဲလေးစားတာနဲ့ ဗိုက် ပြည့်လွယ်တယ်။
လမ်းနဲနဲလေးလျှောက်တာနဲ့ ခြေထောက် ညောင်းလွယ်တယ်။ တကိုယ်လုံးနှုံးပီး ၊
အားမရှိသလို ခံစားရတယ် ခြေမခိုင်ဘဲ ၊
ချော်လဲ လွယ်တယ် ခြေလိမ်တတ်တယ် ။

အရက်သောက် များသူများက
လျော့သောက်တာနဲ့ အရေပြားယားရင်
သတိထားပါ အသဲရောဂါ ပို ပြင်းထန်ရင် ၊
မျက်နှာအရောင်မွဲခြောက်ခြောက်နဲ့ မဲလာတယ်။
အရေပြားခြောက်သွေ့လာတယ်။ နှခေါင်းထိပ်
နီလာတယ်။ အသားတွေ လက်ဖဝါး မျက်လုံး
အိမ်တွေ ဝါလာတယ်။ အသဲကစဖြစ်ချိန်တော်ရုံ
လက္ခဏာမပြဘူး။ ပြတဲ့ချိန်ဆိုသိတာ ၊
နောက်ကြတာများတယ် ခုပြောတာက Taiwan တရုတ်ဆေးနည်းပညာရဲ့ ကြည့်နည်းပါ ။

(8) ကျောက်ကပ် ပြသာနာကတော့ ခါးနာကျောနာ၊ မလန်းဆန်းဘူး ။ ခြေသလုံးညောင်းလွယ် အားမရှိ ။ အသားရေယားယံတတ်တယ်။ ဆီးသွားရင် အမြှုတ်ထတယ်။ ဆီးမခိုင်ဘူး။ ခြေလက် အေးတတ်တယ် အိပ်မကောင်းဘူး ။
ခဏခဏနိုးတတ်တယ်။ အထိုင် အထ ကြာကြာ မလုပ်နိုင်ဘူး။ ခြေထောက်တွေယောင် ၊
လာတတ်တယ်။ ခြေသည်းခွံတွေကြမ်းလာတယ်။
အထူးသဖြင့် ခြေ မရဲ့ခြေသည်းခွံ အရှည် ၊
နှေးလာတယ်။ ကြမ်းပီးထူလာတယ် ။
အထူးသဖြင့်ဆီးချိူ သမားတွေသတိထားပါ။ အမြဲဆေးသောက်ပါ ဆီချိုချိန်ပါ ကျောက်ကပ်
ပျက်ဆီးရင် သွေးကအပေါ်မတက်နိုင်ရင်လည်း မူးတတ်တယ် သွေးပေါင်ကျလည်း မူးတတ်တယ်
ကျောက်ကပ်ကို အထူးဂရုစိုက်ကြပါ ။ ဖြစ်နိုင်ရင်ကျောက်ကပ် မဆေးကြပါနဲ့ ၊
ကျောက်ကပ်ဆေးရင် ပိုက်ဆံလည်းကုန် အသက်လည်းမရှည်ဘူး အစားထိုးဖို့ဆိုတာ
မလွယ်ပါ ။

(9) သရက်ရွက် မကောင်းရင် ခေါင်းတခြမ်း
ကိုက်တတ်တယ် လည်ပင်းဇက်ကျောတက်လွယ်
ဝမ်းချူပ် ဝမ်းလျှော ၂ မျိုးလုံးဖြစ်တတ်တယ်။
အစာချေဖျက်မှု ကောင်းအောင် လုပ်နိုင်ပီး
ဝမ်းမှန်ရင် ခေါင်းကိုက် ပျောက်လွယ်တယ်။
ခေါင်းကိုက်တိုင်း အကိုက်ခဲပျောက်ဆေးသိပ် မသောက်ပါနဲ့ အကိုက်ခဲပျောက်ဆေးက ၊
အသောက်များရင် ကျောက်ကပ်နဲ့ အစာအိမ်
အူလမ်းကြောင်းထိပီး သွေးယို တတ်တယ် ။
ဝမ်းသွားသွေးပါရင် သတိထားပါ ။.. သွေးရောင်နီတာက လိပ်ခေါင်းကြောင့် ၊
ဖြစ်နိုင်သလို သွေးရောင် မဲညစ်ညစ်ဆို အစာအိမ်အူလမ်းကြောင်းရဲ့နံရံပါး or ပေါက်ပီး ဖြစ်တတ်တယ် ကိုယ်ဝမ်းသွားပီးတိုင်း
ကိုယ့်ဝမ်းပုံ စံ အမြဲကြည့်ပါ ရှောကနဲအဖြောင့်
လိုက်သွားပီး ဖင်မကပ်ရင် အကောင်းဆုံးပါ။
ပြတ်တောင်းပြတ်တောင်း ဆိတ် ချီးတုံးပုံဆို ဝမ်းသွားမစင်ဘူး။ တခါလေ မနက်ရေနွေး
သောက်လို့ မနက်ပိုင်း ဝေါကနဲ ပန်းတာမျိူးက
အပူတွေထုတ်ပစ်တာ ကြောက်စရာမလို ။ ကောင်းတယ်။ တရက် လုံးပန်းရင်တော့
ဝမ်းလျှောပီ။ အကောင်းဆုံးက နေ့တိုင်း
ဝမ်းမှန်အောင်လုပ်ပါ စကားပုံရှိတဲ့ အတိုင်း
ဝမ်းတလုံးကောင်း ခေါင်းမခဲဆိုတာ ။….

(10) အူမကြီးမကောင်းရင် ပါးစပ်ခါးပီး
တချိန်လုံး ရေငတ်ရေသောက်ချင် ရေငတ်
တတ်တယ်။ နှာခေါင်းပိတ်တတ် နှာရည်ယို
တတ်တယ် သွားပိုးမစားဘဲ သွားကိုက်
သွားနာဖြစ်တတ်တယ်။ လည်ပင်းရောင် ဖေါင်းတတ်တယ်။ တော်ရုံ နဲနဲလေးတာတောင်
အလေးမ မနိုင်ဘူး ။

ဝမ်းချူပ်ရင်လည်း သွားကိုက်တတ်တယ်
အပူများတဲ့သဘော..ဝမ်းချူပ်ရင် ခါးလည်း
တခါလေ နာတတ်တယ်။ အူမကြီးကဝမ်းနဲ့
ဆိုင်တယ် ခုကမ္ဘာမှာ အူမကြီးကင်ဆာက ၊
နံပါတ် ၂ စွဲနေတယ် လူတွေက အစားတွေ
စုံအောင်စားပီး ဝမ်းအဖြစ် အညစ်အကြေး ၊
မထုတ်ပစ်လို့ နဲနဲစီ အူနံရံမှာကပ်ပီး ကြာတော့
အညစ်ကြေးကနေ ကင်ဆာဖြစ်သွားတယ်။

အစာအိမ်ကနေ အူနံရံပါးပီး
အနာဖြစ်ပီး သွေးယိုလည်း ကြာရင် ကင်ဆာ ဖြစ်တတ်တယ် အစာအိမ်နဲ့ အူလမ်းကြောင်းက
ဆက်နေတယ်။ အစာလည်း မခံကြပါနဲ့ ။
ဗိုက်ဆာရင်စားပါ ။

အပိန်ကျင့်ပီး အစာမစားတာလည်း မလုပ်ပါနဲ့..
အစာအိမ်အချဉ်ဖေါက်ပီး လည်ပြွန်ပေါ်
ပြန်တက်တာလည်း အပူအစပ်ရှောင်ပါ ။
နဲနဲချင်းနဲ့၊ အကြိမ်ရေတွက် များများစားပါ။
တခါထဲ အများကြီးမစားပါနဲ့ တချို့ကျလည်း
ဘယ်လောက်စားစား မဝကြဘူး။ ပိန်ပိန်ဘဲ။
အဲမျိုးက ကျန်းမာရင်တော့ ပြသာနာမရှိပါ။

သို့သော်ဘယ်လောက် စားစား (or) မစားနိုင်ဘဲ ပိန်ပိန်လာပီး လက်ဆစ်တွေ ငေါထွက်လာရင် ဂေါက်ရောဂါနဲ့ အစာအိမ်က စုပ်ယူအား
မကောင်းတော့ဘူး ဗီတာမင် မယူနိုင်တော့ဘူး။

အဲဒါမျိုးဆို ဆရာဝန် သေချာပြပါ။
ဂေါက် ရောဂါ ရှိရင် beer နဲ့ မတည့်ပါ။

ရေချိုးရင်မချော်တတ်တဲ့ ဘိနပ်စီးပီး ချိုးပါ။
ခြေထောက်ကျောက်ပြား တိုက်ရိုက်ထိ ၊
အေးရင်လည်း အကြောချဉ်ကိုက်တတ်တယ်။ အရိုးအားဆေးစားပါ ချော်လဲ မကျပါစေနဲ့ ၊

လေးစားစွာဖြင့်
Original Uploader

26/09/2022

မတည့်တာလေးစားမိတာနဲ့ ပဆိုးစလေးတောင်အထိမခံနိုင်လောက်အောင် နာလွန်းတဲ့ဂေါက်....

အရင်ကဖြစ်တိုင်း ဆေးခန်းသွား ကိုက်ခဲပျောက်သက်သာဖို့ ဆေးထိုးလိုက် ကိုက်ခဲပျောက်ဆေးစားလိုက်နဲ့ မေအိရဲ့အဖေ

နာလာတိုင်း ဆေးထိုးဆေးသောက် ကြာလာတော့
ဆေးယဥ္ပါး ဆေးမတိုးဖြစ်လာ အခုတော့ တိုင်းရင်းဆေးစစ်စစ် ခန္ဓာကိုယ်ပြင်ပကနေ ဆေးကပ်ခွါကပ်ပေးရုံနဲ့ အဆင်ပြေခဲ့ပြီ

ကိုယ်ချစ်တဲ့သူကို မနာကျင်စေချင်ဘူးလေနော်💖

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


South Dagon Township
Yangon