MHT

MHT

Share

Law Firm & General Services

Photos from MHT's post 02/09/2023

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန
ဒုတိယဉီးစီးမှူး ရာထူး (၃၀)နေရာ ခေါ်ယူခြင်း အတွက် Online Class တက်ရောက်နိုင်ပါသည်။
📭 လျှောက်လွှာပိတ်ရက် - (၂၂.၉.၂၀၂၃)ရက်နေ့
🏦 လျှောက်လွှာထုတ်ယူရမည့်နေရာ - www.dsw.gov.mm
📖 ဖြေဆိုရမည့် ဘာသာ 👇
- မြန်မာစာ
- အင်္ဂလိပ်စာ
- အထွေထွေဗဟုသုတ
🗓 ဖြေဆိုရမည့် နေ့ရက် 👇
- ၇.၁၀.၂၀၂၃ နှင့် ၈.၁၀.၂၀၂၃

Zoom Application+Recorded Videos ဖြင့်သင်ပါသည်။
၂-၉-၂၀၂၃ ရက်နေ့ စမည်။
မဖြေခင်ထိ တက်ရပါမယ်။
သင်တန်းအပ်လက်ခံပါပြီ. ......
သင်တန်းတက်မည်ဆိုပါက
၁။သင်တန်းကြေး ၂၅,၀၀၀ လွှဲ​ပေးပါရန်။
၂။​ငွေလွှဲပုံကို Messenger သို့ပို့ပါ။
၃။အမည်၊
လျှောက်ထားသည့်ရာထူး၊
ဌာန
ဖုန်းနံပါတ် တို့ကိုMessengerမှ ပို့ပေးပါရန်။
🔷🔷🔷🔷🔷🔷🔷🔷🔷
သင်တန်းကြေး ကို

Wave Money..09952446839
KBZ pay ...09952446839 သို့လွှဲနိုင်ပါသည်။
✴✴✴✴✴
------------ ------------------
MHT ရာထူးဝင်ခွင့်သင်တန်း
ဖုန်း - 09952446839/ 09788932921
# # # # # # # # # # # # # # # # # # # # # # # # # #

02/09/2023

“ပညာဟူသည် မြတ်ရွှေအိုး၊ ဥစ္စာဟူသည် မျက်လှည့်မျိုး” ၊ “ပညာသမာ အာဘာနတ္ထိ မြတ်မုနိ” ၊ “ပညာရွှေအိုး လူမခိုး” စသည်တို့ကို မြန်မာ့ပညာရေးစနစ်နှင့် မစိမ်းသူတိုင်းကြာဘူးကြပေလိမ့်မည်။ ဆိုလိုရင်းမှာ ပညာသည်အလွန်ပင်အဖိုးတန်လှပြီး ဥစ္စာကဲ့သို့ ပျက်စီးဆုံးရှုံးသွားစရာမရှိ၊ ပညာသည်တန်ဖိုးရှိလှသော ခိုးယူ၍မရသည့်ရွှေအိုးနှင့်တူ၍ ပညာကဲ့သို့ကြီးကျယ်မြင့်မြတ်သောအရာဟူသည် ဤလောကတွင်မရှိ ဟူ၍တည်း။ ပညာကိုအဓိပ္ပာယ်ဖွဲ့ဆိုကြရာတွင်လည်းအချို့က ပညာဆိုသည်မှာ “အတွေ့အကြုံ” ဟူ၍တစ်မျိုး အချို့က ပညာဟူသည် “အကောင်းအဆိုး အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်သောဉာဏ်” ဟူ၍တစ်ဖုံ အမျိုးမျိူး ဖွင့်ဆိုကြသည်က်ိုတွေ့ရ​၏။ အချို့က ပညာကိုပင် “အသိပညာ” နှင့် “အတတ်ပညာ” ယူ၍အမျိုးအစားထပ်မံခွဲခြား​၏။ အချို့ကလည်း ပညာသင်ကြားရာတွင် အဆင့်မည်မျှရှိသည်ဟူ၍ ခွဲခြမ်းစိတ်ဖြာကြပေသေးသည်။ ကျွန်ုပ်အမြင်ပြောရလျှင် ကျွန်ုပ်တို့ဖတ်ရှုလေ့လာခဲ့ဘူးသော စာပေကျမ်းဂန်အားလုံးရှိ ပညာ​၏အဓိပ္ပာယ်မှာ အမှန်ချည်းဖြစ်ပေသည်။ မတူညီသောရှုထောင့်များမှ ရှုမြင်ဖွဲ့ဆိုကြ၍သာ များပြားလှသော အဓိပ္ပာယ်များ ထွက်ပေါ်လာကြခြင်းသာတည်း။မည်သို့ပင်ဆိုစေကာမူ လူသားတစ်ဦးအတွက်ပညာသည်အလွန်အရေးကြီးလှကြောင်းကိုတော့ ကျွန်ုပ်တို့အားလုံး ချွင်းချက်မရှိလက်ခံရပေလိမ့်မည်။

19/07/2021

is Law?
တရားဥပဒေဟူသည် 📖
တရားဥပဒေ၏ အဓိပ္ပါယ်မှာ တရားမျှတမှန်ကန်သည့်စည်းကမ်းဟု ခေါ်ပါသည်။
📖ဥပဒေဟူသည် အဓိကအားဖြင့် ဥပဒေပြုအာဏာပိုင်က ပြုလုပ်သော ဥပဒေကိုဆိုပါသည်။
📖 နိုင်ငံတစ်နိုင်ငံအနေဖြင့် မိမိနိုငိငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူနေမှုစနစ်အပေါ် အခြေပြု၍ လိုအပ်သည့် ဥပဒေများကို အခါအားလျော်စွာပြဌာန်းပြီး ပြည်သူများအား လိုက်နာကျင့်သုံးစေပါသည်။
📖 ခေတ်အဆက်ဆက်က ပြဌာန်းခဲ့သော ဥပဒေများကို ပြောင်းလဲ၍ ခေတ်စနစ်နှင့် ကိုက်ညီစေရန် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်သင့်သည်ကို ပယ်ဖျက်ခြင်းနှင့် အသစ်ပြဌာန်းသင့်သည်များကို ပြဌာန်း၍ ကျင့်သုံးပါသည်။
📖 တရားဥပဒေဟူသော စကားရပ်တွင် ဥပဒေအာဏာပိုင်ကပြုလုပိသော ဥပဒေများအပြင် ဥပဒေကဲ့သို့ အာဏာသက်ရောက်သော နည်းဥပဒေ၊ စည်းကမ်းဥပဒေ၊ အမိန့်ကြော်ငြာစာများလည်း ပါဝင်ပါသည်။ ဥပဒေကဲ့သို့အသိအမှတ်ပြုထားသော ဓလေ့ထုံးတမ်းများလည်း ပါဝင်ပါသည်။

19/07/2021

#လွတ်လပ်ရေးရပြီးနောက်ပိုင်းတရားစီရင်ရေးစနစ်
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်န်ဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရရှိခဲ့ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာခဲ့သည်။
📖
ထို့ကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟု ခေါ်တွင်စေကာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲ ပြဌာန်းလျက် တရားဥပဒေများသည်လည်းကောင်း၊ တရားရုံးများဖွဲ့စည်းပုံသည်လည်းကောင်း၊ ကိုလိုနီစနစ်မှ ကျင့်သုံးခဲ့သည်များကို ပြင်ဆင်ဖြည့်စွက်၍ ဆက်လက်ကျင့်သုံးလျက်ရှိသည်။

Photos from MHT's post 19/07/2021

#၁၉ဂျူလိုင်မမေ့နိုင်

19.7.2021

17/07/2021

#ပဒေသရာဇ်ခေတ်ဥပဒေစနစ်
👨‍⚖️👩‍⚖️
ပဒေသရာဇ်ခေတ် မြန်မာနိုင်ငံသည် သက်ဦးစံပိုင်စနစ်ဖြင့် ဘုရင်တစ်ဦးတည်းက အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးကဏ္ဍတို့ကို ချုပ်ကိုင်ထားခဲ့ကြသည်။
📖
ပြည်သူများသည် ဘုရင့်မှာစာ၊ ကြားစာ၊ မိန့်စာများကို နာခံလိုက်နာကြရသည်ကို @ရာဇသတ် ဟု ခေါ်သည်။
📖
ဘုရင် နှင့် ဘုရင်ကခန့်သည့် တရားသူကြီးများ၊ ခုံတော်ပညာရှိများ၏ စီရင်ဆုံးဖြတ်ချက်များကို @ဖြတ်ထုံး ဟု ခေါ်သည်။
📖
ပြည်သူအချင်းချင်းဖြစ်ပွားသည့် မှုခင်းများကို လူ့အဖွဲ့အစည်း၏ ဓလေ့ထုံးတမ်းများအရ မည်သို့ စီရင်ဆုံးဖြတ်ရသည်ကို စုပေါင်းရေးသားထားသည့် ဥပဒေကြမ်းကို @ဓမ္မသတ် ဟုခေါ်သည်။
📖
ယင်း ရာဇသတ်၊ ဖြတ်ထုံး၊ ဓမ္မသတ်များသည် ပဒေသရာဇ်ခေတ် မြန်မာနိုင်ငံ၏ ဥပဒေများ ဖြစ်လာကြသည်။

သင်ဆရာမြင်ဆရာကြားဆရာများအားဦးညွှတ်ဂါရဝပြုပါ၏🙏🙏🙏

Want your practice to be the top-listed Law Practice in Yangon?
Click here to claim your Sponsored Listing.

Website

Address


Arthawka Street
Yangon