TreasureLand App
Let's discover treasure from life by reading books.
04/06/2024
ဝယ်ရှုံး၊ ရောင်းရှုံး သံသရာကနေလွတ်ဖို့ဆိုရင် -
- ကိုယ့်လုပ်ငန်းတွေကို Offline ကနေ Online ရောက်အောင်တင်ပါ၊
- Digital အခြေပြု ဝန်ဆောင်မှုနှင့် Digital Products တွေကိုသာ ရောင်းပါ။
- ဖြစ်နိုင်ရင် MMK နဲ့အလုပ် လုပ်ရတဲ့ Local Market ထက်၊ International Market ကိုရောက်အောင်သွားပါ။
- ရောင်းသ၍ မကုန်နိုင်တဲ့ Digital Platform တွေ၊ Digital Services တွေ ကိုအားပြုပြီးတော့ စီးပွားရေးလုပ်ပါ။
Content Creation ပိုင်းကို အခုချိန်မျာ လူငယ်တိုင်းနီးပါး
အားစိုက်သင့်တယ်လို့ မြင်တယ်၊
Professional တစ်ခုခုရှိတဲ့ သူတွေကတော့
Upwork လို Platform တွေကို အားပြုပေါ့၊
သေချာတာကတော့ မြန်မာပြည်ကလစာတွေက ဆယ်သိန်းကျော်မှမရရင် အလကားဘဲ၊
ဘာလို့ဆို အခုဆယ်သိန်းက အရင်ခေတ် 350K ~ 400K နဲ့ညီနေလို့ဖြစ်တယ်၊
ဝယ်ရောင်းသာ လုပ်တတ်ကြတဲ့ မီယမ်မာတွေလည်း
Inflation Rate အောက်မှာ နားတွေ ကားလို့ဘဲ။
တကယ်က ကုန်ဈေးနှုန်းတတ်နေတာမှ မဟုတ်ဘဲ၊
ကိုယ့်ငွေဈေးက ကျနေတာလေ။
ကိုယ့်ငွေဈေးကျနေချိန်မှာ
အခြားငွေနဲ့ ရှင်းပေးတဲ့၊ $ နဲ့ရတဲ့ အလုပ်ကို
ကိုယ် နိုင်ရာကနေ စလုပ်ဖို့ဘဲ ရှိတာပေါ့။
ပြသနာကို အခက်အခဲအဖြစ်မြင်သူနဲ့
အခွင့်အလမ်းအဖြစ် မြင်တတ်သူနဲ့ ဒီနေရာ
အချိုးအကွေ့မှာ ကွားခြားသွားမယ်။
Keep up guys...
Still we don't give up, we don't lose.
Mr Xcode @ Tech4mm
10/05/2024
ပြသနာလို့ ထင်နေရင် ပြသနာသာဖြစ်ပြီး၊
အခွင့်အလမ်းအဖြစ် မြင်ပါက အခွင့်အလမ်းသာဖြစ်တယ်။
အရေးကြီးတာက
လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်ကို
လုပ်သင့် လုပ်ထိုက်တဲ့ အချိန်မှာ
စတင်လုပ်ဆောင်လိုက်ခြင်းဟာ
အရာရာပြီးမြောက် အောင်မြင်ခြင်းကို
ရရှိနိုင်တယ်။
Mr. Xcode @ TreasureLand App
ပစ္စုပ္ပန်တည့်တည့်မှာသာ ရှင်သန်ပါ။
ပြီးခဲ့ပြီးတဲ့ အတိတ်အတွက်
လက်တလောမှာ သင်ခန်းစာယူရန်မှ လွဲ၍
ထွေထွေထူးထူး လုပ်ရန်ကားမရှိ။
မရောက်လာသေးတဲ့ အနာဂါတ်ကာလအတွက်
တွေးတော ပူပန် ကြောက်ရွံ ဆိုးရိမ် နေခြင်းမှာလည်း
ကျန်းမာရေးထိခိုက် အိုစာစေယုံမှ လွဲ၍
အခြား အကျိုးတရားကား မရှိ။
အနာဂါတ်ကို တွေးတော ဆိုးရိမ် ပူပန်နေတာထက်
ကြိုတင် အစီအစဥ်ချပြီး
ပစ္စုပ္ပန်တည့်တည့်မှာ အကောင်အထည်ဖော်နိုင်အောင်
ကြိုးစားခြင်းကသာလျင်
အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ် ကာလ ၃ ပါးလုံးအတွက်
အကောင်းဆုံး အကြောင်းတရားသာ
ဖြစ်ပေတော့သည်။
Mr. Xcode @ TreasureLand App
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
38th Street
Yangon
11011