Mya Ayer Group

Mya Ayer Group

Share

This is the public relation page of Mya Ayer Group of Companies, Myanmar.

30/04/2026

🙏ကဆုန်လပြည့် (ဗုဒ္ဓနေ့ )🙏

“ ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ
မှတ်ရန် လကဆုန် “ ဆိုသည့် အတိုင်း

မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ်၊ ခရစ်နှစ် (၂၀၂၆)၊ ဧပြီလ (၃၀)ရက်၊ ကြာသပတေးနေ့တွင် ကျရောက်သော ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တိုင်း၏ အထွဋ်အမြတ် ထားရာ ဗုဒ္ဓနေ့ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ အထွဋ်အမြတ်ထားရာ ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယတွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး ညောင်ရေသွန်းလောင်းရင်း…

ကိုယ်စိတ်နှစ်ဖြာအေးချမ်းသာယာကြပြီး ဘေးအန္တရာယ်ကင်းရှင်းကာ သာယာချမ်းမြေ့သော နေ့မြတ်လေးဖြစ်ပါစေကြောင်း မြဧရာ မိသားစုမှဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်...🙏

We, Mya Ayer wish people of Myanmar a Safe, peaceful, and healthy soul on Full Moon Day of Kasong.


#ကဆုန်လပြည့်နေ့


#မြဧရာ_နှလုံးသားဖြင့်ထုတ်လုပ်သည်။

07/04/2026

မြန်မာနှစ်သစ်ကူး သင်္ကြန်ပိတ်ရက်ကြေညာခြင်း

ဧပြီလ (၁၂)ရက်နေ့မှ ဧပြီလ (၁၉)ရက်နေ့အထိ မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပိတ်ရက်အဖြစ် သတ်မှတ်ထားပါသည်။

သို့ဖြစ်ပါ၍(၈)ရက်နေ့အထိ လက်ခံထားသော Order များကို Delivery Service အနေဖြင့် ဧပြီလ (၁၁)ရက်နေ့အထိ ပို့ဆောင်ပေးသွားမှာဖြစ်ပြီး မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပိတ်ရက်အတွင်း Delivery Service များအားရပ်နားထားမှာဖြစ်ပါသည်။

ပို့ဆောင်ပေးရန်ကျန်ရှိသောပစ္စည်းများနှင့် သင်္ကြန်ကာလအတွင်းမှာယူထားသော ပစ္စည်းများကို ဧပြီလ (၂၀)ရက်နေ့ စ၍ Way အလိုက် ပြန်လည်ပို့ဆောင်ပေးသွားမှာဖြစ်ပါသည်။

မြန်မာ့နှစ်သစ်ကူးအချိန်အခါသမယမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနှင့် ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Address


No. 55, Sein Lei Kan Thar Street, Ywar Thar Gyi (Heavy) Industrial Zone, South Dagon Township
Yangon