Grammar Corner
London နှင့် Bangkok တို့ရှိ Teacher Training Center များတွင် Grammar ဆည်းပူးလေ့လာခဲ့သော ဆရာမမှ ဦးဆောင်သင်ကြားပေးသည်။
09/05/2026
စကားလုံးတွေတော့ သိတယ်... ဒါပေမဲ့ ချရေးရင် မထွက်လာဘူး ဖြစ်နေလား? ✍️
ဒါဟာ Active Vocabulary နဲ့ Passive Vocabulary ကွာခြားသွားလို့ပါပဲ။ Vocabulary ကြွယ်ဝပြီး ဆွဲဆောင်မှုရှိတဲ့ စာတွေကို ရေးနိုင်ဖို့ ဒီနည်းလမ်း (၅) သွယ်ကို သုံးကြည့်ရအောင် 👇
၁။ Read with Purpose
စာဖတ်တဲ့အခါ ဇာတ်လမ်းတင်မကဘဲ စာရေးသူ သုံးထားတဲ့ စကားလုံး အထားအသိုတွေကိုပါ သေချာဂရုစိုက်ပြီး သတိပြုကြည့်ပါ။
၂။ Collocations Matter
စကားလုံးတစ်လုံးချင်း ကျက်မယ့်အစား တွဲသုံးလေ့ရှိတဲ့ စကားလုံးစုလေးတွေကို မှတ်သားပါ။ (ဥပမာ - complete လို့မှတ်မယ့်အစား 'complete an assignment')
၃။ The Power of Synonyms
'Good, Bad, Happy' စတဲ့ စကားလုံးရိုးရိုးလေးတွေအစား ပိုပြီး ထိမိတဲ့ စကားလုံးတွေကို ရှာဖွေသုံးစွဲပါ။
၄။ Use it or Lose it
သိထားတဲ့ စကားလုံးအသစ်တွေကို စာကြောင်းထဲမှာ ချက်ချင်း ထည့်သွင်းပြီး အသုံးချရေးသားကြည့်ပါ။
၅။ Context is King
စကားလုံးတစ်လုံးကို ဘယ်လိုအခြေအနေမှာ သုံးရမလဲဆိုတာ (Formal သို့မဟုတ် Informal) သေချာခွဲခြား သိထားဖို့ လိုပါတယ်ခင်ဗျာ။
မိမိရဲ့ Writing မှာ စကားလုံးအသစ်တွေနဲ့ ဝေဝေဆာဆာ ဖြစ်လာစေဖို့ ဒီနေ့ပဲ စတင်လေ့ကျင့်လိုက်ပါ။
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon