Doctor’s Notes

Doctor’s Notes

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Doctor’s Notes, Medical and health, Yangon.

14/07/2023

👩‍⚕️📝Doctor’s Notes ၏ ရည်ရွယ်ချက် …..?

✅ ပြည်သူလူထု အား ကျန်းမာရေး ဗဟုသုတ
အသိပညာ တိုးတက်စေရန်။

✅ “Your health is in your hands “
သင်တို့၏ကျန်းမာရေးသည် သင်တို့လက်ထဲတွင်
ရှိသည်”

✅ ဒါကြောင့်သင်တို့ လက်ထဲမှာရှိသော
ကျန်းမာရေးကို စနစ်တကျ စောင့်ရှောက်နိုင်ရန်
Doctor’s Notes မှ ဆေးပညာဆိုင်ရာ
ကျွမ်းကျင်သော ဆရာဝန်များရေးသားသွားမည့်
ကျန်းမာရေး ဆောင်းပါးများကို ဖတ်ရှုကြပီး
သင်တို့ရဲ့ ကျန်းမာရေး ဗဟုသုတအဖြာဖြာ ကို
မြှင့်တင်ကြပါစို့ 🏥

👍🏻Page လေးကို Like& share လုပ်ခြင်းဖြင့် ကျန်းမာရေး ဗဟုသုတ များကို
ဖြန့်ဝေပေးကြပါရှင်⚕️

📝 from your trusted doctors 👩‍⚕️




#ကျန်းမာရေးဆောင်းပါး

12/07/2023

“ရာသီ တုပ်ကွေး (seasonal flu ) အကြောင်းသိကောင်းစရာ “
🎙️ဒေါက်တာရှင့် ကျမ လေ ကိုယ်လက်တွေ ကိုက်ပီး ဖျားနေလို့ ချောင်းတွေလဲ ဆိုးတယ် နှုံးချိနေတာဘဲဒေါက်တာရယ် 🤒 ?
👩‍⚕️ဒါဆိုရင်တော့ အခုရာသီမှာ ဖြစ်တတ်တဲ့တုပ်ကွေးရောဂါ လက္ခဏာတွေ ဖြစ်နေပါပီ .

🎙️ဘာလို့ဖြစ်တာလဲ ဒေါက်တာ ?
👩‍⚕️ရာသီဥတု အပြောင်းအလဲကြောင့်ပါ စိုစွတ်တဲ့အပူချိန်မှာ virus 🦠ဝင်ရောက်ဖို့အလွယ်ဆုံးပါ.
ဒါကြောင့် မိုးရာသီမှာ အဖြစ်အများဆုံးပါ.

🎙️ဘယ်လိုလက္ခဏာတွေ ပြတတ်လဲဒေါက်တာ??
👩‍⚕️ ဖျားမယ် ( fever)
ခြေတွေလက်တွေကိုက်ခဲမယ် ( Bodyache)
နှုံးမယ် (Fatigue)
လည်ချောင်းနာမယ် ( sore throat)
ခေါင်းမူးမယ် (Dizziness)
ချောင်းဆိုးမယ် (cough)
နှာစေးမယ် (sneezing)
ခေါင်းကိုက်မယ် (Headache) စတာတွေ ခံစားရတတ်တယ်.

🎙️ကျမ မနှစ်က ကာကွယ်ဆေးထိုးထားရက်နဲ့ ဘာလို့ဖြစ်တာလဲ ဒေါက်တာ ?
👩‍⚕️ မနှစ်က ဝင်တဲ့ virus နဲ့ ဒီနှစ် ဝင်တဲ့ virus အမျိုးအစားတူချင်မှ တူမှာပါ ဒါကြောင့် တုပ်ကွေးကာကွယ်ဆေး ကို နှစ်စဉ်နှစ်တိုင်း ထိုးပေးရပါမယ်.

🎙️ covid ကာကွယ်ဆေးထိုးထားရင်ရော ဒေါက်တာ?
👩‍⚕️ မရပါဘူး တုပ်ကွေးကာကွယ်ဆေး ထပ်ထိုးရပါမယ်.

🎙️ ကူးစက်တတ်လား ဒေါက်တာ ?
👩‍⚕️ Droplets infection ဖြစ်လို့ကူးစက်တက်ပါတယ်

✅ နှာစေး ချောင်းဆိုးလျှင် လက်ကိုင်ပုဝါ (သို့) တံတောင်စစ်ကွေးနှင့် အုပ်စိုးပါ
✅လက်ဆေးပါ
✅mask တပ်ပါ
✅ နှစ်စဉ် တုပ်ကွေး ကာကွယ်ဆေး ထိုးပါ
✅ ကိုယ်ခံအားကောင်းအောင် အစာများများစားပါ
✅အိပ်ရေးဝဝ အိပ်ပါ.
✅ရေများများသောက်ပါ

🎙️ အသက်အန္တရာယ်ရှိလားဒေါက်တာ?
👩‍⚕️ခံစားနေရတဲ့ လက္ခဏာတွေ သက်သာဖို့ နဲ့ နောက်ဆက်တွဲဆိုးကျ်ုးများမခံစားရအောင်ဆရာဝန်နှင့်ဆေးခန်းပြရပါမယ်.
🦠virus. ဖြစ်တဲ့အတွက် ကိုယ်ခံအားကောင်းတဲ့သူတွေမှာ တစ်ပတ်နှစ်ပတ်နေရင်ကောင်းသွားတတ်ပါတယ် .
‼️အသက်ကြီးတဲ့သူ ကလေးသူငယ်တွေ . နဂိုရောဂါအခံရှိတဲ့သူတွေဆိုရင် သတိထားရပါမယ် ပြင်းထန် အဆုတ်ရောင် ( pneumonia ) အဆင့်ထိ ဖြစ်သွားတတ်ပါတယ်

🚨ဒါကြောင့် ရာသီ တုပ်ကွေးဘဲလေ ဆိုပီးမပေါ့ပါနှင့် ပြင်းထန် အဆုတ်ရောင် အဆင့်ရောက်သွားလျှင် အသက်အန္တရာယ်ရှိပါတယ် 🚨

“အားလုံးဘဲ ကျန်းမာကြပါစေ “
“Your health is in your hand “
Dr.Saw
M.B.B;S (ygn)



#ရာသီတုပ်ကွေး

26/05/2023

❌သူက သမင်ဖြူ တွေနဲ့ သူ့အသားနဲ့ မထိနဲ့ ❌
ဆိုပီး ကြားရမြင်ရတာတွေကြောင့် ဒေါက်တာ
ဒီအကြောင်းရေးပေးရခြင်း ဖြစ်တယ်

❌လုံးဝကို မှားယွင်းပါတယ် ❌

❌Vitiligo လို့ခေါ်တဲ့ သမင်ဖြူ ရောဂါသည် ကူးစက်ရောဂါ မဟုတ်ပါ❌

✅သမင်ဖြူ ( Vitiligo ) သည် Autoimmune (ကိုယ့် ခန္ဓာကိုယ်ကို ကိုယ့်ရဲ့ ခုခံ အားက ပြန်တိုက်တဲ့ အထူးသမျှင့် အရေးပြားရဲ့ ရောင်ခြယ်ဆဲလ် melanocytes ကို တိုက်ဖျက်တဲ့ )ရောဂါ တစ်မျိုးပါ .

( Autoimmune ရောဂါတွေ အများကြီး ရှိပါတယ် အဲ့ထဲမှာ သမင်ဖြူ ( vitiligo ) လို့ခေါ်တဲ့ ရောဂါလဲ တစ်ခု အပါအဝင်ပါ)

✅ဘယ်နေရာတွေမှာ ဖြစ်တတ်လဲဆိုတော့ အထူးသဖြင့် လက်တွေ ခြေထောက်တွေ မှာ အများဆုံး ဖြစ်တတ်တယ်မျက်နှာနဲ့ ခန္ဓာက်ုယ်လဲ ဖြစ်တတ်တယ် ( ခြုံ ပြောရရင် တစ်ကိုယ်လုံးပါဘဲ )

✅နေထိရင် ပိုဆိုးတယ် ပိုပြန့်လာတတ်တယ် ☀️

✅ မဖြစ်အောင် ကာကွယ်လို့ရလား ?
Autoimmune ဖြစ်တဲ့ အတွက် မဖြစ်အောင် ကာကွယ်ထားလို့တော့ မရဘူး ဖြစ်လာခဲ့ရင် ပိုမဆိုးအောင် ကုလို့ရတယ် .

🩺ကုသနည်းများ 🩺

💊အရေပြားရောဂါ အထူးကုဆရာဝန်နဲ့ ပြရပါမယ်.

💊အရေးအကြီးဆုံးကတော့ နေပူထဲထွက်တာ ရှောင်ရမယ် ထွက်ခဲ့မိရင်လဲ နေလောင်ကာ ( suncream ) လူးပါ အင်္ကျီ လက်ရှည် ဝတ်ပါ.

💊ဖြစ်တဲ့ ပမာဏ များရင် immunosuppressant drugs ( ကိုယ်ခံအားကို ချပေးတဲ့ ဆေးများ ) သောက်ရပါမယ် .

💊 melanocytes လို့ခေါ်တဲ့ ရောင်ခြယ် ဆဲလ် တွေ ပြန်ဖြည့်တာလဲ ရှိတယ်.

💊အရေပြားဆရာဝန်နဲ့ ပြပီး ကုသမှုတော့ ယူကို ယူရပါမယ် အသက်အန္တရယ်တော့ မရှိပေမဲ့ ပိုမဆိုးအောင်အတွက်ဆေးကုသမှုမှန်ကန်စွာယူတတ်ဖို့လိုပါတယ်.

🎙️ဒါကြောင့် ကိုယ့်အနီးနား ပတ်ဝန်းကျင်မှာ သမင်ဖြူ ရောဂါ ဖြစ်နေတဲ့ သူတွေကို စာနာပေးပါ အခု ဆရာမရေးတဲ့ ကျန်းမားရေး ဗဟုသုတ တွေကို မျှဝေပေးပါ.

❌သမင်ဖြူ သည် ကူးစက်ရောဂါမဟုတ်ပါ ❌

Dr.Saw
M.B.B;S ( Ygn)

#သမင်ဖြူ

09/02/2023

🎙ဒေါက်တာရေ တကယ်ဘဲ အိပ်နေရင်း ရုတ်တရက် အသက်ရှု ရပ်သွားနိုင်သလား ?
🔹Yessss…..ရပ်နိုင်ပါတယ်.

🎙 ဘာကြောင့်လဲ ဒေါက်တာ ?
🔹 ရုတ်တရက်အသက်ရှု ရပ်တယ်ဆိုတာ အသက်ရှုလမ်းကြောင်းကြောင့်လဲ ဖြစ်နိုင်သလ်ု နှလုံးကြောင့်လဲ ဖြစ်နိုင်တယ် အမျိုး မျိုး သော အကြောင်းအရင်း တွေ ကြောင့်ဖြစ်နိုင်တယ်
🔹 ဒီလိုဘဲ အိပ်နေရင်းနဲ့လဲ အသက်ရှုရပ်သွားတာ ဖြစ်နိုင်သလို လှုပ်ရှားနေရင်း ရပ်သွားတာလဲ ဖြစ်နိုင်တယ် .

🚫ဒေါက်တာ က အခု အိပ်နေရင်း ရုတ်တရက် အသက်ရှု ရပ်သွားစေနိုင်တဲ့ ရောဂါ တစ်ခု အကြောင်းရှင်းပြမယ် .

🔹 အိပ်နေရင်း ရုတ်တရက် အသက်ရှု ရပ်သွားစေနိုင်တဲ့ ရောဂါကို Obstructive Sleep Apnoea ( OSA ) လို့ခေါ်တယ် .

🎙ဘာကြောင့်ဖြစ်တာလဲ ဒေါက်တာ ?
🔹 အသက်ရှုလမ်းကြောင်းကို ဖိမိ စေတဲ့
အရာတွေ ပေါ့………….
🔹 အထူးသဖြင့် ⚠️ ဝ တဲ့ သူတွေ မှာ အဓိက
တွေ့ရတယ် , နောက်ပီး အာသီး အရမ်းကြီးတဲ့သူတွေ လည်ပင်းပတ်လည်မှာရှိတဲ့ ကြွက်သား တွေ အဆီတွေ များတဲ့သူတွေမှာ တွေ့ရတတ်တယ်.

🎙ဘယ်လို လက္ခဏာတွေပြလဲ ဒေါက်တာ ?
🔹 အိပ်ရင် အရမ်းဟောက်မယ်
🔹 ညဘက် အသက်ရှု ရပ်ရပ်ပီး လန့်လန့် နိုးလာမယ်
🔹 ညဘက်အိပ်ရေးမဝတော့ မနက် နိုးရင် ခေါင်းကိုက်နေမယ်
🔹 နေ့ခင်းဘက်တွေ ပုံမှန် မဟုတ်ဘဲတအား အိပ်ငိုက် နေမယ် ( စားပီးသောက်ပီး ဗိုက်လေးပီး အိပ်ငိုက်တာ မဟုတ်နော် 😋)

🔹 ပြင်းထန်အဆင့်ရောက်ရင် အန္တရာယ် ရှိပါပီ.
🔹ဒါကြောင့် ကိုယ်က ဒီလိုလက္ခဏာ ဖြစ်လာပီဆို ဘယ် အဆင့်ရောက်နေပီလဲ ဆိုတာ သိဖို့လိုပီ
ဆေးရုံမှာ ( Sleep studies) စစ်ဆေးမှု ပြုလုပ်ရမယ် 👩‍⚕️ဆရာဝန်နဲ့ သေချာပြရမယ်.

🎙 ကုသမှုတွေကရော ဒေါက်တာ ?
🔹 အရင်ဆုံး ဝိတ်ချရပါမယ် .
🔹 CPAP လို့ ခေါ်တဲ့ အသက်ရှု အကူစက်လေး ညဘက်အိပ်ရင် တပ်အိပ်ရပါမယ်.
🔹 အဲ့ထက်ဆိုးလာရင်တော့ ခွဲစိတ်မှုထိ ပြုလုပ်ရတာ မျိုးလဲ ရှိပါမယ် .

🎙 ဟုတ်ကဲ့ ဒေါက်တာ အခုဆို OSA လို့ခေါ်တဲ့ အိပ်နေရင်းရုတ်တရက် အသက်ရှု ရပ် သွားစေနိုင်တဲ့ ရောဂါအကြောင်းလဲ သိရပါပီ.
🔹ဟုတ်ကဲ့ပါ🔔နောက်လဲ ဆရာမတို့ Doctor’s Notes မှ ဆေးပညာဆိုင်ရာ ကျွမ်းကျင်သော ဆရာဝန်များရေးသားသွားမဲ့ ကျန်းမာရေး အသိပညာ ဆောင်းပါးလေးတွေ ကို ဖတ်ပေးအုန်းနော် 🔔

Dr.Saw👩‍⚕️
M.B.B.,S (Ygn)

“Notes from your trusted doctors”

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Telephone

Website

Address


Yangon