Medico Myanmar
𝐖𝐞 𝐜𝐚𝐫𝐞 𝐟𝗼𝐫 𝐲𝗼𝐮𝐫 𝐡𝐞𝐚𝐥𝐭𝐡
14/07/2021
Flu ရာသီတုပ်ကွေးကာကွယ်ဆေး #မကြာခင်ကထိုးထားသူများအတွက်သတင်းကောင်းတစ်ခုပြောပါမယ်။
💉 Flu ကာကွယ်ဆေးမကြာခင်ကထိုးထားသူများမှာ Covid ကြောင့် #ရောဂါပြင်းထန်မှုလျော့ကျကြောင်းသုသေသနတွေ့ရှိ။
▪️Covid-19 ရောဂါဖြစ်နေတာသေချာတဲ့ လူနာပေါင်း (၅၃၇၅၂) ယောက်ကိုသုသေသနပြုထားတဲ့ ရလဒ်ဖြစ်ပါတယ်။
🇧🇷 ဘရာဇီးမှာ Covid-19 ကြောင့် ဆေးရုံတက်ရတဲ့လူနာတွေကိုလေ့လာခဲ့တာဖြစ်ပါတယ်။
💉 Trivalent inactivated influenza vaccine ထိုးထားသူများဟာ Covid ကြောင့် လူနာများမှာ ရောဂါပြင်းထန်မှု #သိသာစွာလျော့ကျတာကိုတွေ့ရှိခဲ့ပါတယ်။
ယခုတွေ့ရှိချက်ဟာ Trivalent Flu vaccine ထိုးထားသူများရဲ့ #အားသာချက်ကိုဖော်ပြတာသာဖြစ်ပြီး Covid vaccine #အစားထိုးကာကွယ်ဆေးအဖြစ်အသုံးချရန်မဟုတ်ပါ။
သုသေသနအပြည့်အစုံကိုဖတ်လိုသူများ Evidence-based ဆေးပညာဂျာနယ်ဖြစ်တဲ့ BMJ ရဲ့အောက်ပါလင့်မှာ သွားဖတ်ပါ။
https://ebm.bmj.com/content/early/2020/12/10/bmjebm-2020-111549
MedRxiv ဆေးပညာဝက်ဆိုက်မှာတော့ clinical ရော molecular confirmed Covid-19 လူနာပေါင်း (၉၂၆၆၄) ယောက်မှာလေ့လာကြည့်ခဲ့တာလို့ဆိုပါတယ်။
တွေ့ရှိချက်အရ - Trivalent Flu vaccine " #မကြာခင်က" ထိုးထားသူများမှာ
▪️ICU အထူးကြပ်မတ်ကုသဆောင်ပို့ရတဲ့လူနာ (၈%) လျော့ကျသွားတယ်။
▪️ventilator လို အသက်ကူရှုတဲ့ပစ္စည်း invasive respiratory support တင်ပေးရတာ (၁၈%) လျော့ကျသွားတယ်။
▪️သေဆုံးနိုင်မှု odds of death (၁၇%) လျော့ကျသွားတယ်။
✔️ အဲ့ဒီတော့ Flu ကာကွယ်ဆေးကိုထိုးကြပါလို့ တိုက်တွန်းပါတယ်။
✔️ ဒါဆိုရင် trivalent မဟုတ်ပဲ quadrivalent flu vaccine ထိုးထားရင်ရောလို့မေးလာရင် ရလဒ်အတူတူပဲလို့ ယူဆပါတယ်။
✔️ Flu ကာကွယ်ဆေးက အသက် (၆) လသားကလေးကစပြီးထိုးလို့ရပါတယ်။
✔️ မနှစ်ကထိုးထားဖူးလည်း ဒီနှစ်အသစ်ကိုပြန်ထိုးပါ။
Richard Myo Thant
14-July-2021
01/07/2021
👩⚕️ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုကောင်းမွန်သည်ဆိုသည်အတိုင်း မိုးရာသီ မရောက်မီ ရာသီတုပ်ကွေးရောဂါများ ကူးစက်ခြင်းမှကာကွယ်ရန် ကာကွယ်ဆေးကြိုတင်ထိုးနှံထားခြင်းကလည်း အကောင်းဆုံး နည်းလမ်းဖြစ်ပါသည်။
💊💊ရာသီတုပ်ကွေး ကာကွယ်ဆေးဖြစ်သောကြောင့် တစ်နှစ်တစ်ကြိမ်ထိုးရန်လိုအပ်ပြီး၊ ဆေးထိုးပြီး အကျိုးသက်ရောက်မှုရရှိရန်မှာ (၂)ပတ်မှ (၃) ပတ်အထိ ကြာတတ်ပါသည်။
⏰⏰Flu Vaccine ကို အသက် (၆)လ မှစတင်၍ထိုးနှံနိုင်ပြီး၊ အသက်(၉)နှစ်အောက် တစ်ခါမှမထိုးဖူးသော ကလေးများဖြစ်လျှင်တော့ ပထမ တစ်ကြိမ်တစ်လုံးထိုးပြီး နောက်(၄)ပတ်နေလျှင်တစ်ကြိမ်ထပ်မံထိုးနှံရပါမည်။
🤰👩👦ကိုယ်ဝန်ဆောင်၊ နိုတိုက်မိခင်များလည်း ကာကွယ် ဆေးထိုးလို့ရပြီး ဆေးထိုးမည့် အချိန်တွင် ဖျားနာနေခြင်း (သိုမဟုတ်) ဆေးမတည့်ခြင်းများရှိပါက ဆေးမထိုးခင် ကြိုတင်ပြောပြထားသင့်ပါသည်။ ဖျားနာနေလျှင် အဖျားပျောက်သွားမှသာ ကာကွယ်ဆေးထိုးရပါမည်။
☔⛈တုပ်ကွေးရာသီကို အများအားဖြင့် မိုးရာသီနှင့်ဆောင်းရာသီဟု သတ်မှတ်ကြသော်လည်း ရောဂါပြင်းပြင်းထန်ထန် ကူးစက်တတ်သော အချိန်မှာ တစ်နှစ်နှင့်တစ်နှစ် မတူညီတတ်ပါ။
🛡🛡ကာကွယ်ဆေးထိုးခြင်းသည် ရောဂါကူးစက်မှုနှင့် တုပ်ကွေးကြောင့်ဖြစ်တတ်သော ပြင်းထန်သည့် အခြေအနေများမှကာကွယ်ရန် ထိရောက်သည့် နည်းလမ်း ဖြစ်ပြီး၊ တုပ်ကွေးဗိုင်းရပ်စ်၏ နောက်ဆက်တွဲ အကျိုးဆက်များကိုလည်း လျှော့ချပေးနိုင်ပါသည်။
👨⚕️ရာသီတုပ်ကွေးကာကွယ်ဆေးများထိုးနှံလိုပါက အောက်ပါဖုန်းနံပတ်များသို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။
📱09-5502770 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
👨⚕️page messenger မှတဆင့်လည်းစုံစမ်းမေးမြန်းနိုင်ပါသည်။
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
43, ThanThumar Road, Myanmar Gone Yaung Housing
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |