Hnin Oo - CV form Wirting Service

Hnin Oo - CV form Wirting Service

Share

Easily�, Time Saving�, Fastly �

29/10/2025

အခုထိ အင်တာဗျူး မဝင်ရသေးဘူးလား ❓

ဒါဆိုရင်တော့ကိုယ့်ရဲ့ CVက rejected ဖြစ်နေပြီလား..

1. ကိုယ့်ရဲ့ CV မှာအချက်အလက်မပြည့်စုံတာ ..(လိပ်စာမပါတာ ဖုန်းနံပါတ် မပါတာ)

2.CV မှာ photo မထည့်မိတာ (မိမိပုံ)

3.လက်ရေး CV နဲ့အတူဖျက်ရာလေးတွေများနေတာ (ရေးလိုက်ခြစ်လိုက် တွေ)

4. လုပ်ငန်းအတွေ့အကြုံ မှာ သေချာရှင်းလင်းစွာမရေးမိတာ...(Company အမည် ဆိုင်အမည် မိမိရာထူး မပါတာ)

ကဲ ဒီလို အချက်လေးတွေကလည်း ကိုယ့် CV ကို rejected ဖြစ်စေနိုင်ပါတယ်နော်....

မိုင်ထောင်ချီတဲ့📌 ခြေလှမ်းတွေအတွက်ဆိုရင်လည်း ခြေတစ်လှမ်းနဲ့ပဲစပြီးအစပြုရတာမို့ သပ်ရပ်တဲ့ CV တစ်စုံကလည်း သင့်အတွက် ခြေတစ်လှမ်းအစပြုတာပါပဲနော် . 📌

28/10/2025

ကိုယ့်ကိုကိုယ် မသနားမိစေနဲ့
လောကမှာ ဒုံရင်းအတိုင်းနေပြီး ဆင်ခြေထိုင်ပေးတဲ့သူက အဆိုးဆုံးပဲ။

နာကျည်းမှုဆိုတာ ကိုယ့်ရဲ့ ရွေးချယ်မှုပဲ၊ အပြောင်းအလဲ လုပ်ချင်ရင် ကိုယ့်ကိုကိုယ် သနားနေတာ အရင်ရပ်ဖို့လိုတယ်။

တစ်ခါမှ အနာမခံဘူးဘဲ အသာမစံရတဲ့ ဘဝကို
အထွန့်မတက်နဲ့။

နေ့စဉ် အပျံမလေ့ကျင့်ဘဲ မြင့်မြင့်မပျံနိုင်တဲ့ ကိုယ့်ရဲ့အတောင်တွေကို စိတ်မပျက်နဲ့။

တတ်နိုင်သလောက် မလေ့လာဘဲ အိပ်မက်တွေနဲ့ အလှမ်းဝေးတာ၊ လူအများစုထက် နှစ်ဆမကြိုးစားနိုင်ဘဲ မအောင်မြင်တာကို မအံ့ဩနဲ့။

အိပ်မက်တွေ လက်တွေ့ဖြစ်ဖို့ ဘယ်အချိန်စရမလဲ စဉ်းစားနေရင် အခုချက်ချင်း စ၊ ဘယ်နေ့စရမလဲ တွေဝေနေရင် ဒီနေ့ကစပြီး အပြောင်းအလဲ လုပ်ဖို့လိုတယ်။

သာမန်လူ‌တွေ ပြည့်နေတဲ့ လောကကြီးမှာ အသာရဖို့ အင်မတန်လွယ်တယ်။
ကိုယ့်ရဲ့ တစ်နာရီက သူတို့ရဲ့ တစ်ရက်၊ ကိုယ့်ရဲ့ တစ်ရက်က သူတို့ရဲ့ တစ်ပတ်လောက်နဲ့ ညီမျှတဲ့ အားထုတ်မှုမျိုးဖြစ်အောင် ကြိုးစားပြဖို့လိုလိမ့်မယ်။
******

တိုးတက်ရေးအတွေးအခေါ်များ

၁။ ဘူကောင်တွေကို ရှောင်ပါ။
၂။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတဲ့အလုပ်တွေနေ့စဉ်လုပ်ပါ။
၃။ အလုပ်ကို ပိုးစိုးပ,က်စက်လုပ်ပါ။
၄။ ဒီနေ့လုပ်တဲ့အလုပ်က မနက်ဖြန်အချိန်ကို ချွေတာနိုင်ပါစေ။
၅။ ကျေးဇူးတင်တတ်တဲ့စိတ်နဲ့နေပါ။
၆။ ကိုယ့်ကိုငွေရှာပေးမယ့်အရာတွေမှာ ငွေသုံးဖို့ မနှမြောပါနဲ့။
၇။ လုပ်နေတဲ့အလုပ်တိုင်းကို ပိုလွယ်၊ ပိုမြန်၊ ပိုထိရောက်အောင်လုပ်ပါ။
၈။ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှအပြ,စ်မတင်ပါနဲ့။
၉။ လူတွေရဲ့အထင်အမြင်မှာ အသ,က်မရှင်ပါနဲ့။
၁၀။ လိုချင်တာမရခဲ့ရင် ပိုကောင်းတာရလိမ့်မယ်။ ဒါကြောင့် လုပ်စရာ ရှိတာ ဆက်လုပ်ပါ။
၁၁။ လူတွေကို Dream List ထဲ ထည့်မထားပါနဲ့။
၁၂။ အရာရာက စမ်းသပ်မှုပဲ။ ဒါကြောင့် ကျရှုံးမှာ မကြောက်နဲ့။ ဒူပေနာပေခံပါ။
-----------------
Crd Dr.Phyo Paing

24/10/2025

ချစ်ရတဲ့ customer မဂ်လာပါရှင်...

မဂိလာနံနက်ခင်းလေးပါနော် ❤❤❤

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon