Smash

Smash

Share

For gamers, by gamers

20/10/2023

TI12 မှာအကောင်းဆုံးပုံစံတွေနဲ့ 100% Win-rate ကိုထိန်းထားနိုင်ဆဲ Team Spirit ‼

လက်ရှိကျင်းပလျက်ရှိတဲ့ Dota 2 လောကရဲ့အမြိုင်ဆိုင်ဆုံးပြိုင်ပွဲ The International 12 ကတော့အခုဆိုရင် Play-Offs အဆင့်ကိုရောက်ရှိလာပါပြီ။
TI12 ကိုယှဉ်ပြိုင်လျက်ရှိတဲ့အသင်းတွေထဲက အကောင်းဆုံးအသင်းတစ်သင်းကတော့ Group Stage မှာ Entity, 9pandas, EG, SMG နဲ့ Shopify Rebellion စတဲ့ပြိုင်ဘက်တိုင်းကို ၂-၀ နဲ့အနိုင်ရရှိခဲ့ပြီးလက်ရှိအချိန်အထိ 100% win-rate ကိုဆက်လက်ထိန်းသိမ်းထားနိုင်ဆဲ Team Spirit ပဲဖြစ်ပါတယ်။
ဒီနေ့ညမှာတော့ Team Spirit အနေနဲ့ သူတို့ CIS region ရဲ့ Underdog အသင်းဖြစ်တဲ့ Virtus Pro နဲ့ Play-Offs Upper Bracket ပွဲစဉ်အဖြစ်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ရှုံးပွဲမရှိစံချိန်ကိုပဲဆက်ထိန်းသွားနိုင်မလား? ဒါမှမဟုတ် Virtus Pro က Dark Horse အသင်းပီပီအနိုင်ရပြီး ဒုတိယ Team Spirit ဖြစ်သွားမလားဆိုတာကိုတော့ ကျွန်တော်တို့ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

Dota 2 ကို အမိုက်စား Experience နဲ့ဆော့နိုင်မယ့် Viewsonic VX2728 Monitor အကြောင်းကို ဒီမှာလေ့လာလိုက်ပါ - https://www.viewsonic.com/mm/products/lcd/VX2728

Smash For gamers, by gamers

29/09/2023

‼️ပြတ်သားတဲ့အနိုင်ရလဒ်နဲ့ Grand Final
တက်သွားတဲ့ mythic seal ‼️
Mythic seal 3-0 Burmese Ghouls

မင်္ဂလာညချမ်းလေးပါ ဘော်ဒါတို့ရေ
Big Game Player ဆိုတာမျိုး ကြားဖူးကြတယ်
ဟုတ် ?? အသင်းအရေးကြီးတဲ့ချိန် နိုင်ဖို့လိုတဲ့ချိန်
အလွယ်ပြောရရင် ပွဲကြီးတိုးတဲ့လူတွေပေါ့ ။
ဒီလိုလူတွေက အသင်းလိုက်ကော တစ်ဦးချင်းရော
စွမ်းဆောင်ရည်အတော်ကောင်းတတ်ကြပါတယ် ။

ဒီ 3-0 ပွဲကိုကြည့်ရင် လူငယ်လက်စွာတဲ့အသင်း နဲ့
Super Star player တွေ ပါတဲ့အသင်းနဲ့ ကြားက
ကွာခြားချက်ကို တွေ့ရတော့တာပဲ ။
နည်းပြနဲ့ကစားသမားတွေပေါင်းရင် ပြည်တွင်း
အောင်မြင်မှုဖလား ဆယ်ခုကျော် နဲ့ ပြည်ပအောင်
မြင်မှု achievement တွေ တစ်ပြုံကြီး ရှိနေတဲ့
ကစားသမားတွေ ပါဝင်တဲ့ Mythic Seal ဟာ
game တစ်ခုချင်းစီတိုင်းကို
သမ္ဘာ ဝါ တစ်ဦးချင်းစွမ်းဆောင်ရည် အပြည့်နဲ့
ဆော့ပြသွားခဲ့ပြီး ဒါတွေကပဲ ပွဲစဉ်တိုင်းရဲ့
အဆုံးအဖြတ်ဖြစ်လာခဲ့ပါတယ် ။

တစ်ဖက်က BG ကိုကြည့်ရင် စုဖွဲ့မှုကောင်းတယ် ၊
တစ်ဦးချင်းလဲကောင်းတယ် ဆိုပေမယ့်
Mythic Seal ရဲ့ ကစားသမားတွေထပ် တစ်ဆင့်
နိမ့်နေသေးသလိုဖြစ်နေတာကြောင့်ပဲ ဒီလို
ပြတ်သားခဲ့ရတာပါ ။ အကောင်းဘက်ကကြည့်ရင်
ပရိသတ်ရင်ထဲစွဲပြီးသား star player တွေခေတ်
အလွန်မှာ BG ဟာ ပြည်တွင်း ပြည်ပ အောင်မြင်မှု
တွေဆီ အနီးစပ်ဆုံးအနေနဲ့ စတင်တံခါးခေါက်
နိုင်မယ့် အလားအလာ အကောင်းဆုံး အသင်း
တစ်သင်းအဖြစ် ထပ်မံမြင်တွေ့ရတာကတော့
MLBB မြန်မာ community အတွက် ဝမ်းမြောက်
စရာ တစ်ခုဖြစ်ပါတယ် ။

" Congratulations Mythic Seal အချိန်တန်တော့လဲ
ရွှေဘက ရွှေဘပါပဲ " ဆိုတဲ့စကားနဲ့ ဂုဏ်ပြုပရစေ
BG ကတော့ lower bracket final အဖြစ်
Ai vs Falcon ပွဲရဲ့အနိုင်ရတဲ့အသင်းနဲ့ ဆော့ရမှာဖြစ်
ပါတယ် ။

နောက်ဆုံးရ Esports သတင်းတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်စေဖို့အတွက် Smash ကို ယခုပဲ Follow ထားလိုက်ပါ 👈

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon