EDF-Myanmar

EDF-Myanmar

Share

ကလေးသူငယ်တိုင်းအလယ်တန်းပညာရေးဆုံးခန်းတိုင်အောင်သင်ယူနိုင်စေရမည်

Photos from EDF-Myanmar's post 16/08/2023

EDF-Myanmar မှ သန်လျင်မြို့နယ် မြို့ဟောင်းအရှေ့အခြေခံပညာမူလတန်း(လွန်)ကျောင်းသို့ရေသန့်စက်လှူဒါန်းပေးအပ်ခြင်းအခမ်းအနား🎉

၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် EDF-Myanmar သည် မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်တွင် တည်ရှိသော မြို့ဟောင်းအရှေ့ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ရေသန့်စက်လှူဒါန်းပေးအပ်ခြင်းအခမ်းအနားကိုကျင်းပခဲ့ပါသည်။

EDF-Myanmar မှ ၂၀၂၂ ခုနှစ် တွင် သန်လျင်မြို့နယ် မြို့ဟောင်းအရှေ့အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ပညာသင်ဆုထောက်ပံ့ကြေးသွားရောက်ပေးအပ်သည့်အချိန်တွင် ကျောင်းအုပ်ဆရာမကြီးမှ EDF-Myanmar မှ Managing Director U Zin Zaw Zaw Maung အား ကျောင်းတွင်းသောက်သုံးရေခက်ခဲမှုများကို တိုင်ပင်ဆွေးနွေးခဲ့ပါသည်။ EDF-Myanmar မှ Managing Director U Zin Zaw Zaw Maung သည် EDF-Japan မှတာဝန်ရှိလူကြီးမင်းများနှင့် ဆွေးနွေးတိုင်ပင်၍ အလှူရှင်ကိုကြိုးစားရှာဖွေခဲ့ပါသည်။ ထို့နောက် EDF-Myanmar မှကျောင်းတွင်းကွင်းဆင်းလေ့လာမှုများပြုလုပ်ခဲ့ပီး ရေသန့်စက်လှူဒါန်းမှုဆိုင်ရာလုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ပါသည်။

ဇူလိုင်လ (၂၅)ရက်နေ့တွင် ရေသန့်စက်လှူဒါန်းပေးအပ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပညာရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျောင်းကော်မတီ အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။ အခမ်းအနားတွင် EDF-Myanmar မှ Managing Director U Zin Zaw Zaw Maung မှ ရေသန့်စက် တည်ဆောက်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးမှလည်း ရေသန့်စက်လှူဒါန်းပေးမှူအပေါ် ဂျပန်အလှူရှင်များနှင့် EDF-Myanmar မှ တာဝန်ရှိလူကြီးမင်းများအား ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည်။

အခမ်းအနားတွင် ရေသန့်စက်အား EDF-Myanmar မှ Managing Director U Zin Zaw Zaw Maung၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ကျောင်းသား/သူများမှလည်း ရေသန့်အား စတင်သောက်သုံးခြင်း နှင့် အမှတ်တရဓာတ်ပုံများရိုက်ကူးခြင်းဖြင့် အခမ်းအနားကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

http://edfmyanmar.org/

# EDF-MyanmarAddress အမှတ် (၅၂) ပထမထပ်၊ ဈေးကြီးလမ်း၊ ဈေးကြီးအရှေ့ရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။

Contact📞09893687700, 09664357853 ✉[email protected][email protected]

Photos from EDF-Myanmar's post 15/11/2022

EDF-Myanmarと熊谷組様合同奨学金給付セレモニーを行いました。
熊谷組のドナー様一人ひとりから支援学生一人ひとりに応援メッセージの手紙をいただきました。
学生からも支援者一人ひとりに感謝の言葉とお礼の手紙を書きました。
とても心温まる感動的な1日でした。
これからもミャンマー生徒にあたたかいご支援をよろしくお願いします。

19/04/2022

မြန်မာပြည်ရှိက​လေးများ ဖျားနာခြင်းမရှိဘဲ​ကျောင်းတက်​ရောက်နိုင်​စေရန် သန့်ရှင်းစင်ကြယ်​သောသောက်​ရေသန့်တိုက်​ပေးပါ။ 💧💧

【ミャンマーで初めてプロジェクトが始まります!】
これまでダルニー奨学金支援のみだったミャンマーに、新たに学校に浄水装置を設置するプロジェクトが発足しました。学校内の既存の水道設備を修繕・浄水装置を設置し安全な飲水を確保するものです。このプロジェクトは現地事業所からの要望が強く、まずは奨学金支援をしている地域から始め、徐々に拡大する予定です。皆様からのご協力、よろしくお願いします。
https://www.minsai.org/activity/project/myanmar_cleanwater/

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. 52(1F) Zay Gyee Street, Kyeemyindaing Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00