Law For All
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Law For All, Lawyer & Law Firm, Yangon.
တရားလိုမလာသဖြင့် တရားမကျင့်ထုံးဥပဒေ အမိန့် ၁၇ နည်း ၃ အရပလပ်သည့်အမိန်အပေါ် အယူခံတက်ရမည်လား၊ပြင်တင်တက်ရမည်လား။
အမှုစစ်ဆေးကြားနာရန်ချိန်းဆိုတဲ့နေ့မှာတရားလိုမလာလို့တရားမကျင့်ထုံးဥပဒေ အမိန့်၁၇
နည်း၃ အရပလပ်ခြင်းခံရရင် အယူခံတက်ရ မှာ
လား၊ပြင်ဆင်မှုတက်ရ မှာလားဆိုတာခွဲခွဲခြားခြား
သိထားဘို့လိုပါလိမ့်မယ်။
အယူခံတက်ရောက်ရမှာဖြစ်ပါတယ်။အယူခံ
တက်ရောက်ရမှာလို့တော့အကြမ်းဖျဥ်းသိထားကြ
မှာပါ။သို့သော်လည်း ဘယ်အရ အယူခံတက်ရမှာ
လည်းဆိုတာတိတိကျကျသိထားမှဖြစ်မှာဖြစ်ပါတယ်။ကိုယ်ရေးကြုံတော့သက်လုံကောင်းမှဆိုတာ
လိုကိုယ်တစ်ကယ်ကြုံတွေ့လာတဲ့အခါတိတိကျကျ
သိထားမှသာဖြေရှင်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
ဆိုင်ရက် (စ်)အဗ္ဗဒူ(လ်)ကဖား နှင့် အဗ္ဗဒူမဂျစ်
မာဂျီမဟာမက်ဂျာရာပါ ၈ ၁၉၆၄ခုနှစ် မ တ စ
စာ ၄၇၄ စီရင်ထုံးမှာ အမှုကိုပလပ်သည်မှာတရားမကျင့်ထုံးဥပဒေ အမိန့် ၁၇ နည်း ၃ အရ ဖြစ်ရကား
အယူခံတရားလိုလာရောက်ရန်ပျက်ကွက်သည့်အတွက် ပလပ်ခြင်မဟုတ်ချေ။ယင်းပလပ်သည့်အမိန့်မှာအမှုကိုအပြီးအပြတ်ဆုံးဖြတ်သည့်အမိန့်မျိုး
ဖြစ်သဖြင့်အမိန့်ဒီကရီတစ်ရပ်ဖြစ်သည်ဟုယူဆရပေမည်ထို့ကြောင့်အယူခံတရားလိုသည်တရားမ
ကျင့်ထုံးဥပဒေ ပုဒ်မ ၉၆ အရအယူခံပိုင်ခွင့်ရှိပေ
သည်လို့ထုံးဖွဲ့ထားပါတယ်။
Crd
ကျွန်မတို့မိသားစုမှာ ညီအကိုမောင်နှမ ၃ ယောက်ရှိပါတယ် ။ အဖေကမရှိတော့ပါ ။ အမေက ၇၇ နှစ် ရှိပြီး ကျန်းမာရေးမကောင်းလို့ ဆေးဝါးကုသနေရတာကြာပါပြီ ။ ကျွန်မကထောင်အိမ်ထောင်နဲ့ဖြစ်လို့ အမေ့ကိုခေါ်ပြီး ပြုစုစောင့်ရှောက်ထားပါတယ် ။ ငွေကြေးအဆင်မပြေလို့ အမေက သူပိုင်တဲ့ အိမ်နဲ့ခြံကို ရောင်းချင်ပေမယ့် အဲဒီ မှာနေတဲ့ အကိုအကြီးဆုံးမိသားစုက ဖယ်မပေးပါဘူး ။ ဘယ်လိုလုပ်ရမလဲဆိုတာကို သိလိုပါတယ် ။
======================
ဥပဒေအရတော့ အမေအနေနဲ့ ရောင်းခွင့်ရှိပါတယ်။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင်သေရင် မယားရတယ် ဆို တာ ရှိပါတယ်။ တစ်ဖက်က ကြည့်ရင်လည်း သားအကြီး၊ သူက သြရသဆိုတော့ အမွေဆက်ခံခွင့်ရှိတယ်။ အိမ်ကလွတ်လွတ်ကင်းကင်း တခြားနေရာမှာဆိုရင်တော့ ကိစ္စမရှိပါဘူး။ အမေက စာချုပ် ချုပ်ပြီးရောင်း လိုက် ရင် ရပါတယ်။ နောက်အားလုံးကို ခွဲပေးလိုက်လို့ရတယ်။ အဲ့တော့ သူတို့မှာ ပြဿနာရှိနေတာက လူမူရေး နဲ့ ဥပဒေ ပြဿနာရောထွေးနေတယ်။ ဒီတော့ အချင်းချင်း ညှိနှိုင်းတိုင်ပင်ပြီး လုပ်ကြရပါမယ်။
နောက်တစ်ခုက ၃ ယောက်မှာ ကျန်တဲ့သမီး ၂ ယောက်က ဒီအိမ်မှာ တက်နေလိုက်။ ဥပဒေကို တည်ဆောက် မယ် ဆိုရင်ပေါ့၊ သူတို့လည်း နေခွင့်ရှိတယ်လေ။ ပေါင်းနေကြပြီးတော့မှ ညီညီညွတ်ညွတ်ဖြစ်လာရင် ရောင်းကြ မယ်ဆိုပြီး၊ ရောင်းပြီတော့မှ ပြန်ခွဲမှရပါမယ်။ တရားစွဲခွင့် နှစ်ယောက်စလုံးမှာရှိတယ်၊ အစ်ကိုကြီးမှာလည်း ရှိ တယ်၊ သြရသရဲ့အခွင့်အရေးရှိပါတယ်။ အဲဒီတော့ ဥပဒေနဲ့ လူမူရေး ရောထွေးနေတော့ ညီညီညွတ်ညွတ်နဲ့ တစ်ဖက်နဲ့တစ်ဖက်ညှိနိုင်းပြီးတော့ ကျန်တဲ့သမီးနှစ်ယောက်က တက်နေလိုက်၊ နောက် ၃ ယောက်အတူတူ ခွဲကြမယ်ဆိုရင်လည်း ပြန်ခွဲလိုက်ပေါ့။ အဲလိုပဲ အကြံပေးချင်ပါတယ်။
#အမွေဆက်ခံရေး
ဇာရီမှု မှာအရစ်ကျပေးဆပ်ဘို့လျှောက်ထားရန်နှင်ကာလစည်းကမ်းသတ်
ဇာရီမှုမှာအရစ်ကျပေးဆပ်ဘို့လျှောက်ထားတဲ့
အခါ ဘယ်အရလျှောက်ထားရမှာလည်းဆိုတာသိ
ထားဘို့လိုပါတယ်။တစ်ခါတစ်လေတွေ့ရတာရှိပါတယ်။ ဒီကရီကျငွေအား အရစ်ကျပေးဆပ်ခွင့်ပြုပါ
ရန်လျှောက်ထားခြင်းဆိုတာမျိုးပါ။အဲလိုမျိုးတော့
မဖြစ်သင့်ပါဘူး။ဥပဒေမသိတဲ့သူလျှောက်ထားတာ
မျိုးဖြစ်နေပါတယ်။ရုံးကလည်းအထင်သေးနိုင်ပါ
တယ်။လျှောက်ပြီဆိုရင် ပုဒ်မဘယ်လောက်အရ၊ဘယ်အမိန့် ဘယ်နည်းဥပဒေအရလျှောက်ထားတယ် ဆိုတာမျိုးဖြစ်သင့်ပါတယ်။
ဇာရီမှု မှာဒီကရီကျငွေကို အရစ်ကျပေးသွင်း
ခွင့်ပြုဘို့လျှောက်ထားလိုတဲ့အခါမှာ တရားမကျင့်
ထုံးဥပဒေ အမိန့် ၂၀ နည်း ၁၁(၂)အရလျှောက်ထာ
ရမှာဖြစ်ပါတယ်။ တရားမကျင့်ထုံးဥပဒေ အမိန့် ၂၀
နည်း ၁၁ (၂)အရ ဒီကရီကျငွေအား အရစ်ကျပေး
ဆောင်ခွင့်ပြုပါရန် လျှောက်ထားခြင်းဆိုတာမျိုး
ဖြစ်သင့်ပါတယ်။
ဒီကရီ ကျငွေကိုအရစ်ကျပေးဆပ်ဘို့လျှောက်
ထားတဲ့အခါကာလစည်းကမ်းသတ်ဘယ်လောက်
အတွင်းမှာလျှောက်ထားရမှာလည်းဆိုတဲ့ကိစ္စမှာ
၆ လအတွင်းလျှောက်ထားရမှာလို့အကြမ်းပြင်းသိ
ထားလို့မရပါဘူး။တိတိကျကျသိထားဘို့လိုပါလိမ့်
မယ်။တိတိကျကျသိမထားဘူးဆိုရင် ကိုယ်ကိုယ်
တိုင်လည်းမှားနိုင်သလို သူများမှားလာရင်လည်း
ကိုယ်က သိမှာမဟုတ်ပါဘူး။
ဒီကရီကျငွေကိုအရစ်ကျပေးဆပ်ဘို့ ကာလ
စည်းကမ်းသတ်ကိုဘယ်အချိန်ကစတင်ရေတွက်ရ
မှာလည်းဆိုတာက စသိထားရမှာပါ။တစ်ချို့က
ဇာရီမှုဖွင့်တဲ့အချိန်ကစပြီးရေတွက်ရမှာလို့ထင်နေ
တတ်ကြပါတယ်။ တစ်ကယ်အစစ်အမှန်ရေတွက်
ရမှာက ဒီကရီချမှတ်တဲ့အချိန်ကစတင်ရေတွက်ရ
မှာဖြစ်ပါတယ်။ ဒီလိုသိထားမှကိုယ်တိုင်လည်းမမှား
သလို သူများမှားလာရင်လည်းမှားနေပြီလို့သိမှာဖြစ်
ပါတယ်။
ဒီအချက်နဲ့ပတ်သက်ပြီးတော့ မောင်ဘုဒင်
(ခေါ်)မောင်ဘဒင် နှင့် ဦးခင်မောင် ၁၉၆၅ခုနှစ်
မ တ စ စာ ၁၉၂ စီရင်ထုံးမှာ စည်းကမ်းသတ်ဥပဒေ
အပိုဒ် ၁၇၅ တွင် ဒီကရီ ငွေကိုအရစ်ကျ ပေးဆောင်
ခြင်းပြုရန်မှာဒီကရီချမှတ်သောနေ့မှ ၆ လအတွင်း
လျှောက်ထားရန်ပြဌာန်းထားသည်။ဒီကရီချမှတ်သောနေ့ဆိုသည်မှာ အယူခံမရှိခဲ့လျှင် အောက်မူလ
ရုံးကချမှတ်သောနေ့ဖြစ်၍ အယူခံရှိလျှင် အယူခံရုံး
က အမိန့်ဒီကရီချမှတ်သောနေ့ဖြစ်သည်လိုထုံးဖွဲ့ထားပါတယ်။
Crd
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11041