Buddhism
Sharing about Dhamma things.
04/05/2022
ကျနော်တို့တွေဟာ ဗုဒ္ဓလောက် တရားတော်တွေပေါ်မှာ confidence မရှိကြသေးဘူး။ အကြွင်းမဲ့ယုံကြည်မှုမရှိကြဘူး။ ဆိုလိုတာက ဗုဒ္ဓဟာသူ့တရားတွေပေါ်မှာဘယ်လောက်ယုံကြည်ချက်ခိုင်မာလဲဆိုတာကို ကာလာမသုတ်တော်ကိုကြည့်ခြင်းအားဖြင့် ထင်ထင်ရှားရှားသိနိုင်တယ်။ "မိဘဆရာတွေကပြောလို့ ဘုန်းကြီးတွေကပြောလို့ နောက်ဆုံးဘုရားကိုယ်တိုင်ပြောလို့ လက်မခံပါနဲ့" "ကိုယ်ကိုယ်တိုင်ကျင့်ကြံပြီး လက်တွေ့သိရှိခံစားရမှ လက်ခံပါ" တဲ့။ ဒါဟာ ယုံကြည်မှုလွန်ကဲ တာမဟုတ်ဘူး။ Arrogance မဟုတ်ဘူး။ အစွဲကင်းပြီး အဖြူစင်ဆုံးတရားရဖို့အတွက် ဒီတစ်လမ်းပဲရှိတယ်လို့ ပြောခဲ့တာ။
တကယ်တော့ ဗုဒ္ဓလမ်းစဉ်ရဲ့ full potential ကိုသိနိုင်ဖို့ဆိုရင် လူတွေကိုလွတ်လပ်စွာ တွေးခေါ်သုံးသပ်ခွင့်အရင်ပေးကြရလိမ့်မယ်။ ဉာဏ်မှီတဲ့သူတွေ ပါရမီအထုံရှိသူတွေပါလာလိမ့်မယ်။ အဲ့ဒါထက်လဲပိုပြီးတော့မမျှော်လင့်သင့်ဘူး။ ဒီနေရာမှာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်နေတဲ့ကျနော်လည်း ဒီအသိဉာဏ်တွေရှိလျှက်နဲ့ မိဘတစ်ယောက်ဖြစ်တဲ့အတွက် အပွင့်လင်းဆုံးပြောရရင် ကိုယ့်သားသ္မီးကိုရွေးချယ်ခွင့်မပေးချင်ဘူး။ ဗုဒ္ဓလောက်ပြတ်ပြတ်သားသားမပြောရဲဘူး။ အတ္တခေါ်မှာပေါ့နော်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုဆုံးမတယ်။
ဘာကိုကြောက်လို့ သားသ္မီးကိုရွေးချယ်ခွင့်မပေးချင်တာလဲ။ တစ်ခြားဘာသာဝင်ဖြစ်သွားမှာစိုးလို့။ သာသနာနဲ့လွဲသွားမှာစိုးလို့။ ဟုတ်ပြီ။ ဒါပေမယ့် ဗုဒ္ဓတရားတော်တွေကိုနားမလည်တဲ့ ဗုဒ္ဓဘာသာနာမည်ခံတွေအများကြီးပဲ။ အဲ့ဒီတော့ ဘယ်လိုလုပ်မလဲ။
တကယ်တော့ မိဘတွေဟာ အကြောက်တရားနဲ့တွေးလို့ဒီလိုဖြစ်နေတာ။ ကိုယ်ကိုယ်တိုင်ကသာ တရားတော်တွေကိုနှလုံးသွင်းနိုင်အောင်ကြိုးစားပြီး မေတ္တာကြီးလာအောင်နေထိုင်နိုင်ရင်။ အများအကျိုးကိုလဲ ရှေးရှုတဲ့ပုဂ္ဂိုလ်မျိုးဖြစ်လာမယ်ဆိုရင် ဘာမှပူစရာမရှိဘူး။ မိဘတွေဆိုတာ သားသ္မီးတွေရဲ့ လက်ဦးဆရာတွေဖြစ်သလို hero တွေလဲဖြစ်တယ်။ ကလေးတွေဟာ မိဘလုပ်သမျှ ပြောသမျှတွေကို အရိပ်တစ်ကြည့်ကြည့်နဲ့ လေ့လာအတုခိုးနေကြတာ။ ကိုယ်ကိုယ်တိုင်ရိုးသားမှန်ကန်ယဉ်ကျေးသိမ်မွေ့စွာနေထိုင်ပြခြင်းနဲ့ သူတို့လေးတွေရင်ထဲမှာ သာဿနာကိုချစ်ခင်ကြည်ညိုလာစေနိုင်ပါတယ်။ Lead by example ပေါ့။ Dogmatism လို့ခေါ်တဲ့ "ငါပြောတာလက်ခံ" ဆိုတဲ့နည်းဟာတကယ်တော့ အလုပ်မဖြစ်ပါဘူး။ အဆင့်မြင့်လွန်းတဲ့တရားတော်တွေနဲ့လဲ သဟဇာတ (compatible) မဖြစ်ပါဘူး။
ဗုဒ္ဓရဲ့သာဿနာတော် နှစ်တွေထောင်ချီပြီးတည်မြဲနေတာဟာ တရားတော်တွေကြောင့်ဖြစ်သလို ဗုဒ္ဓရဲ့နေထိုင်ပြုမူ ပြောဆိုခြင်းတွေ လက်တွေ့ကျင့်သုံးပြသသွားခြင်းတွေကြောင့်သာဖြစ်ပါတယ်။ တကယ်လို့များ ကိုယ့်ဖက်ကမိဘ တစ်ယောက်အနေနဲ့ စံပြအဖြစ်နေပြပြီး တရားတော်တွေကိုလဲနားလည်သဘောပေါက်အောင်ပြောပြတဲ့ကြားထဲက သာသနာကိုမကြည်ညိုလာဘူးဆိုရင်လဲ မေတ္တာတော့အပျက်မခံသင့်ဘူး။ ဗုဒ္ဓကိုပြေးပြီးသတိရသင့်တယ်။ ဗုဒ္ဓဟာဘယ်တုန်းကမှ ငါ့တရားတော်တွေကိုမယုံကြည်ရင် အပစ်ဖြစ်မယ်တို့ ငရဲသွားရမယ် ဆိုတာမျိုးနဲ့လူတွေကိုမချုပ်နှောင်ခဲ့ဘူး။ မေတ္တာသုတ်မှာလည်း အဲ့ဒီလိုမျိုးမချုပ်နှောင်ဖို့ သေသေချာချာမှာထားတယ်။ မိဘရဲ့တာဝန်ထဲမှာ သားသ္မီးတွေကို unconditional love (ဘာကြောင့်မှမရော့သောမေတ္တာတွေ) ပေးရမယ့်တာဝန်ရှိပါတယ်။ ခွင့်လွှတ်ခြင်းဟာ တင်းကြပ်ခြင်းထက် အဆပေါင်းများစွာ အစွမ်းထက်ပါတယ်။
တကယ်တော့ ဘာသာရေးတွေ အထူးသဖြင့်ဗုဒ္ဓလမ်းစဉ်ဟာ ကိုယ့်ကိုယ်ကိုရှာဖွေတွေ့ရှိနိုင်သွားပြီး ရောက်နေတဲ့နေရာကနေ (transcend) ထို့ထက်ထို့ထက်မြင့်သော နေရာများကိုရောက်သွားနိုင်ဖို့ပါပဲ။ ဗုဒ္ဓကိုကြည်ညိုကိုးကွယ်ကြတယ်ဆိုတာကလဲ သဗ္ဗေညုတဉာဏ်တော်ကြောင့်ကိုးကွယ်တာဖြစ်တဲ့အတွက် ဗုဒ္ဓလမ်းစဉ်ကိုလိုက်နေတဲ့သူတွေဟာ ဉာဏ်စဉ်တစ်ဆင့်ပြီးတစ်ဆင့်တက်လာမှ မေတ္တာ ကရုဏာတရားတွေ တဆနဲ့တဆ ပိုပြီးပွားများလာနိုင်မှသာပဲ သာသနာနဲ့ကြုံရကျိုးနပ်လိမ့်မယ်လို့ထင်ပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon