Teacher Zar Chi
Learn Maths with Teacher Zar Chi Former experienced Maths Teacher at ICEC international school.
20/04/2026
ပန်းပင်လေးတွေပြုစုရင်းနဲ့
သတိထားမိတယ်။
ကလေးတွေဟာ ပန်းပင်လေးတွေနဲ့တူတယ်လို့။
ပန်းပင်လေးတွေအကြောင်းကိုသေချာမသိပဲနဲ့
စိုက်ပျိုးရင် ကောင်းမွန်စွာမရှင်သန်နိုင်ဘူး။
ရှင်သန်ရင်လည်း မသန်စွမ်းဘူး။
ရှင်သန်၊ သန်စွမ်းရင်လည်း အပွင့်လှလှတွေမပွင့်ဘူး။
စံပယ်ပင်ဟာ နေရောင်မရရင် မပွင့်ဘူးတဲ့။
အောက်ကပုံကတော့နေရောင်မရလဲပွင့်အောင်
ပြုစုထားတဲ့အပင်ကနေပွင့်တာပါ။
ရေကြိုက်တယ်တဲ့။
ဒါပေမယ့်
ရေတွေအများကြီးလောင်းလို့ သေသွားတဲ့အပင်တွေလဲ
ရှိနေပြန်တယ်။
ကလေးတွေကိုပြုစုပျိုးထောင်ရာမှာလည်း
သည်နည်းနှင်နှင်ပါပဲ။
ပြုစုသူ ဉယျာဉ်မှုးဟာ ကိုယ့်အပင်အကြောင်း၊
သူ့သဘာဝအကြောင်း၊သူလိုအပ်နေတဲ့အရာ၊
ကိုယ်ပွင့်စေချင်တဲ့ပုံစံ၊စတာတွေကို သေချာသိပြီး
ရက်ပေါင်း၊လပေါင်း၊နှစ်ကြာအောင်
စိတ်ရှည်ရှည်နဲ့ ပြုစုပံုသွင်းပေးရတာပါ။
ဒီလိုအားလုံးသေချာပြုစုပျိုးထောင်ပြီးကာမှ
အပွင့်လှလှကြီးကြီးတွေပွင့်ပြီးကာမှ
ပြပိုးတက်လို့ အပင်တွေညှိုးနွမ်းရတာတွေလည်း
ရှိပြန်ပါသေးတယ်။
ဒါကြောင့်ပြုစုပျိုးထောင်တာအပြင် အန္တရာယ်ကာ
ကွယ်ဖို့လည်းမေ့ထားလို့ မရပြန်ပါဘူး။
ကံကောင်းတာက ပန်းလေးတွေမှာ
အကောင်းအဆိုး အကြောင်းအကျိုး၊
မိမိကိုယ်တိုင်ခွဲခြားနိုင်တဲ့၊
သင်ယူတတ်မြောက်နိုင်တဲ့ ဉာဏ်ရည်မရှိပေမယ့်
ကလေးတွေမှာတော့ဉာဏ်ရည်ရှိနေကြတာပါပဲ။
ဒီအတွက်ကြောင့် ပညာသင်ယူကြရတာပါ။
“ပညာ”ဆိုတာက
အကျိုးအကြောင်း အကောင်းအဆိုးကို
ခွဲခြားသိမြင်တတ်သောဉာဏ်/အတတ်
ပဲဖြစ်ပါတယ်။
23/03/2026
IS to GS or PS
05/03/2026
skills တွေအကြောင်း ဥပမာလေးတွေနဲ့ပြောပြချင်တယ်။
အတန်းထဲမှာ ဆရာမဟာ စာသင်ရပ်ပြီး ကလေးတွေကို အနည်းငယ်ဆူတယ်။
Student 1:
ဆရာမကလဲ ဆူနေတာပဲ။ It's not our fault.
Student 2:
ဆရာမဘာလို့ဆူတာလဲ။
သူစာသင်နေတုန်း တို့တွေနားမထောင်လို့နေမှာပေါ့။
ငါတို့သာနားထောင်ခဲ့ရင် ဆူခံရမှာမဟုတ်ဘူး။
Student 3:
ဆရာမဆူတာ စာကိုသေချာနားလည်စေချင်လို့နေမှာ။
နောက်တစ်ခါ သေချာနားထောင်တော့မယ်။
Student 1 : (No thinking skills style, Emotional reaction)
Student 2: ( Logical thinking, ဘာကြောင့်၊ဘာဖြစ်လဲ အဆင့်ဆင့်စဥ်းစားတယ်)
Student 3: ( Conceptual thinking , ဆူရခြင်းနောက်ကွယ်က ရည်ရွယ်ချက်ထိ လှမ်းစဥ်းစားတယ်)
Student 2+3
Strategic thinking levelအထိ ရောက်သွားကြတယ်။
ပြသနာကို လေ့လာ၊သုံးသပ်ပြီးအကောင်းဆုံးအဖြေရအောင်တွက်ထုတ်သွားနိုင်တယ်။
They turn a mistake into improvement.
#ပညာဆိုတာစာကိုသင်တာမဟုတ်ဘူး။ #စိတ်ကိုသင်တာပါ။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon