PhooPhoo's F&F

PhooPhoo's F&F

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PhooPhoo's F&F, Design & Fashion, Yangon.

25/11/2020

ကြက်ဥပူတင်းလုပ်နည်း

ကြက်ဥ ၃လုံးခန့် ၊ ပေါင်မုန့် ၃ချပ်၊ သကြား၊ နို့
(နို့မှုန့်၊နို့ဆီ ၊နွားနို့အစစ် ကြိုက်ရာအသုံးပြုနိုင်ပါသည်)

အပေါ်က ကြက်ဥ ပေါင်မုန့် သကြား နို့ တို့ကို ရောမွှေပါ ။ ပူတင်းကို ပျော့ပျော့လေးကြိုက်ရင် ရေများများထည့်ပါ (နို့ပိုထည့်ပါ)
ပူတင်းမာတာကြိုက်ရင် ရေလျော့ထည့်ပါ ။

သကြားကို နီလာတဲ့ထိ ကြို‌ပါ။ သကြားနီလာရင် ပူတင်းပေါင်းမဲ့ ခွက်ထဲကို ထည့်ပါ ။ ပြီးရင် ရောမွှေထားတာတွေထည့်ပြီး ပေါင်းပါ။ ၁၅မိနစ်လောက်ဆို ရပါပြီ။

ကြက်ဥ အနှစ် တစ်လုံး ခေါက်ထားပါ။ ပူတင်းကျက်ရင် ကြက်ဥအနှစ်ကို အပေါ်ကစမ်းပေးပါ။ပြီးရင် oven ထဲထည့်ပြီး bakeလုပ်ပေးပါ။ ၁၀မိနစ်လောက်ဆို ရပါပြီ။

ဒါဆိုရင် ကြက်ဥပူတင်း ချိုချိုမွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီရှင်

&f

21/11/2020

ကိုယ်ပိုင် Business တခုလုပ်ဖို့ကြိုစားနေတဲ့သူတွေ၊SME လုပ်ငန်းတွေအတွက် အကျိုးရှိတဲ့စာအုပ်

The 1-Page Marketing Plan
အကောင့်ထဲမှာ Online shop လုပ်နေတဲ့သူငယ်ချင်း တွေအများကြီးရှိလို့ ဒီစာအုပ်လေးကို ဖတ်ဖို့recommend ပေးချင်ပါတယ် ။Amazon မှာ best seller ရထားတဲ့ စာအုပ်လေးပါ။

ဒီစာအုပ်က SME လုပ်ငန်းတွေအတွက်marketing plan ဘယ်လိုဆွဲရမလဲကို အဓိက အကြံပေးထားတဲ့ စာအုပ်ပါ ။
ကိုယ့်လို Marketing ဆိုတာ ဘာမှန်းနားမလည်တဲ့သူတောင် စာအုပ်ဖတ်နေရင်း
ခုနည်းနည်းသိလာပါပြီ(စာအုပ်ဖတ်နေတုန်းပါ😁)

အသေးစိတ် သေချာနားလည်အောင် အချက်အလက်ပြည့်ပြည့်စုံစုံ ရေးပြထားပါတယ် ။ လိုအပ်ချက်တွေ၊ အမှားတွေ အများကြီးလဲ သိလာရတယ် ။တော်တော်အကျိုးရှိတဲ့စာအုပ်မလို့ ကိုယ်ပိုင်business တခုလုပ်ဖို့ကြိုးစားနေတဲ့သူတွေအတွက်အရမ်းအ‌ေထာက်အကူဖြစ်တဲ့စာအုပ်လေးပါ။

တချို့ marketing အသုံးအနှုန်းတွေက သာမန်လူ နားလည်တာရှိလို့ စာလုံးလေးတွေအပေါ်မှာ နံပါတ်စဉ်လေးတွေတပ်ပေးထားတယ်။ ကိုယ်နားမလည်တဲ့ စာလုံးကို စာရွက်နောက်ဆုံးမှာ နံပါတ်နဲ့ရှာဖတ်ယုံပဲ အရမ်းအဆင်ပြေတာ

ဝယ်တာကတော့ မနှစ်က သီတင်းကျွတ်တုန်းက လက်ဆောင်ပေးဖို့ ဝယ်ထားတာပါ။ ခုမှသေချာပြန်ဖတ်ဖြစ်နေတာ♥️

Photos from PhooPhoo's F&F's post 16/11/2020

သောကြာနေ့အသစ်ရောက်မဲ့ Hoodie ဖြူဖြူလှလှလေးတွေ အမြည်းပြချင်လို့ပါ😁(exportquality)
Price-8000ကျပ် ၊ Unisex
တံဆိပ်ဖြတ်ထားပါတယ်နော်🤗

🌼သဘက်သားပါနော် အသားအရမ်းကောင်းပါတယ်

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon