Hostel18Yangon
MODERN COMFORT AND FEELING SMART ရန်ကုန်မြို့ရဲ့ ပထမဆုံးနိုင်ငံတကာအဆင့်မှီ အမျိုးသားသီးသန့်ဘော်ဒါဆောင်
14/01/2025
100 Mbps to 160 Mbps သို့ပြောင်းလဲလိုက်ပါပြီ။
ပိုမိုကောင်းမွန်သော ဝန်ဆောင်မှူ့များကိုလည်း ကြိုးစား အကောင်အထည်ဖော်သွားပါမည်။
အဆောင်သားများအနေဖြင့် စည်းကမ်းလိုက်နာပြီး သန့်ရှင်းသပ်ရပ်စွာနေထိုင်ခြင်းဖြင့်အတူတကွဝိုင်းဝန်းကူညီရန် လိုအပ်ပါသည်။
Hostel 18 Yangon
23/10/2023
Hostel18Yangon ဒုတိယအကြိမ်မြောက် ရဟန်းခံအလှူတော်မဂ်လာတွင် ရဟန်းဝတ်ကြသောအဆောင်သား ကိုအောင်ပိုင်စိုး၊ ကိုကျော်ညီညီထွန်း နှင့် ကြွရောက်လာကြသော အဆောင်သားများ၊ အခြား ဧည်သည်တော်များ ၊ ဝိုင်းဝန်းကူညီကြသူများအား Hostel18Yangon မှအထူးပင်ကျေးဇူးတင်ရှိပါသည်။
Hostel18Yangon မှစပေါ်ငွေ ယူရခြင်းနှင့် စရံငွေ ယူရခြင်း အကြောင်း။
***စပေါ်ငွေဆိုသည်မှာ....
အဆောင်သားများ အဆောင်တွင်နေထိုင်ပါက အခန်းအမျိုးအစားအလိုက် စပေါ်ငွေ ၂၀၀၀၀ (သို) ၃၀၀၀၀ ပေးသွင်းထားရပါသည်။ အဆောင်မှသက်မှတ်ထားချက်အရ အဆောင်မှ ပစ္စည်းများပျက်စီးခြင်းအတွက် နှင့် အဆောင်မှပြောင်းရွှေ့မည်ဆိုပါက ၁၅ရက် ကြိုတင်အသိပေးခြင်း မရှိပါက ၎င်းစပေါ်ငွေအား ပြန်လည်ထုတ်ပေးမည်မဟုတ်ပါ။ ထို့အပြင် အဆောင်သားများ အဆောင်မှလက်မခံနိုင်သောစည်းကမ်းဖေါက်ဖျက် မှူ့မျိုးကြောင့် အဆောင်မှထုတ်ပါယ်ခံရပါကလည်း ၎င်းစပေါ်ငွေအား ပြန်လည်ထုတ်ပေးမည်မဟုတ်ပါ။
***စရံငွေဆိုသည်မှာ.....
အဆောင်အခန်းယူမှာသေချာတယ်ဆိုရင်ကျွန်တော်တို့ Hostel 18 က စရံငွေကြိုတောင်းပါတယ်။စရံငွေပေးပြီးသားအဆောင်သားအတွက်အခန်းကိုချန်ပေးထားပါတယ်။ ကျွန်တော်တို့ဘက်က စရံချပြီးသားအခန်းကို စရံချပြီး ၁၀ ရက်အထိစောင့်ပေးပါတယ်။စရံချပြီး ၁၀ ရက်အတွင်း အဆောင်သို့မလာရောက်နိုင်ပါက ကြိုတင်အကြောင်းကြားဖို့လိုအပ်ပါတယ်။စရံချပြီး ၁၀ ရက်အတွင်းအဆောင်သို့လာရောက်နိုင်ခြင်းမရှိသောအဆောင်သားများအတွက် အဆောင်လစာကို လည်း စရံချပြီး ၁၀ မှာစကောက်ပါတယ်။
စရံကြိုယူထားရတဲ့အကြောင်းအရင်းက စရံပေးထားတဲ့ အဆောင်သားအတွက် အခန်းကိုတခြားလူအားငှားရမ်းခြင်းမပြုဘဲ အခန်းအားချန်ထားခြင်းဖြစ်သောကြောင့် အကြောင်းအမျိုးမျိုးကြောင့် စရံပေးပြီးမှ အဆောင်သို့လာမနေဖြစ်ပါက ၎င်းစရံငွေအားပြန်လည်ထုတ်ပေးမည်မဟုတ်ပါ။
Hostel 18 ဘက်မှအကြောင်းတစ်စုံတရာကြောင့် စရံငွေရယူပြီးမှ အခန်းမပေးနိုင်ခြင်းဖြစ်ပေါ်ပါက ပေးထားသောစရံငွေ၏ ၂ဆ ပြန်လည် လျော်ပေးမှာဖြစ်ပါတယ်။
စရံပေးပြီး အကြောင်းအမျိုးမျိုးကြောင့်မနေဖြစ်သောသူအချို့မှာ စရံပေးရခြင်းသဘောကို နားလည်မှု့လွဲကြသောကြောင့် ရှင်းပြရခြင်းဖြစ်ပါသည်။
HOSTEL 18 YANGON
Click here to claim your Sponsored Listing.
Category
Contact the hotel
Telephone
Website
Address
No. 18, Room 1-B, Maezigone Condo, Mazigone Street, 7th Ward, Hlaing Township
Yangon
11051/11052