Seashells Island
🌊 From Sea to Soul _ Beauty, Knowledge, and Connection 🐚
07/06/2026
မြင်မြင်ချင်းတင် အသည်းယားသွားရလောက်အောင် အရမ်းချစ်ဖို့ကောင်းတဲ့ မွေးပုလဲနားကပ်လေး ရောက်ပါပြီရှင် 🥺✨
ဖဲပြားဒီဇိုင်းလေးပါလို့ ဝတ်လိုက်ရင် တကယ့်ကို မင်းသမီးလေးလို နုနုယဉ်ယဉ်လေး ဖြစ်သွားမှာပါ
ဆွဲဆောင်မှုရှိတဲ့ ကိုယ့်ရဲ့အလှတရားကို အားဖြည့်ပေးမယ့် နားကပ်အလှလေးမို့လို့ ကိုယ့်အတွက်ပဲဖြစ်ဖြစ်၊ အချစ်ဆုံးသူငယ်ချင်းကိုပဲ လက်ဆောင်ပေးပေး တကယ်ကို မျက်နှာပွင့်စေမယ့်အလှမျိုးပါနော် 🥰
ပစ္စည်းလေးက အရေအတွက် အကန့်အသတ်ပဲ ရှိတာမို့ ကုန်သွားရင် နောင်တရမနေရအောင် အမြန်လေး လာခဲ့ပါဦးရှင် 💨
💵 27,000 ks
📱 09792948208 (viber)
#မွေးပုလဲ #မွေးပုလဲနားကပ်
05/06/2026
သဘာဝတရားရဲ့ လက်ဆောင်ကို မြတ်နိုးခြင်းနဲ့အတူ ... 🌊✨
ဇွန်လ (၅) ရက်နေ့မှာ ကျရောက်တဲ့ World Environment Day (ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့) မှာ Seashells Island အနေနဲ့ သဘာဝတရားကြီးရဲ့ အလှအပတွေကို ပိုပြီး သတိထား မြတ်နိုးမိပါတယ် 🌊
ပင်လယ်ပြင်ကြီးကနေ ဖန်တီးပေးလိုက်တဲ့ ကမာခရုခွံတွေ၊ ပုလဲတွေနဲ့ မြေကမ္ဘာကပေးတဲ့ သဘာဝကျောက်မျက်ရတနာတွေဟာ ကျွန်မတို့ Seashells Island ရဲ့ အသက်သွေးကြောတွေ ဖြစ်သလို၊ အနုပညာမြောက်တဲ့ ဖန်တီးမှုတွေရဲ့ အစလည်း ဖြစ်ပါတယ် 💎
ဒါကြောင့်ပဲ ကျွန်မတို့ဟာ ဒီသဘာဝအရင်းအမြစ်တွေကို အသုံးချပြီး လက်ဝတ်ရတနာတွေ၊ အလှဆင်ပစ္စည်းတွေ ဖန်တီးတဲ့အခါမှာ သဘာဝဂေဟစနစ်ကို ထိခိုက်ပျက်စီးမှု မရှိစေဘဲ ရေရှည်တည်တံ့မယ့် နည်းလမ်းတွေကိုပဲ အလေးထားပြီး ရွေးချယ် sourced လုပ်ပါတယ်
သဘာဝကို လေးစားတဲ့စိတ်နဲ့ပဲ အမြဲဦးတည်ပါတယ်ရှင်
ဒါတင်မကဘဲ Customer တွေဆီ လက်ဝတ်ရတနာလေးတွေ ရောက်ရှိသွားတဲ့အထိ စိတ်အေးချမ်းမှုရှိစေဖို့အတွက် ကျွန်မတို့ရဲ့ Packaging ပိုင်းမှာလည်း ပလတ်စတစ်အသုံးပြုမှုကို တတ်နိုင်သမျှ လျှော့ချပြီး သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်မယ့် ထုပ်ပိုးမှုပုံစံတွေဖြစ်တဲ့ Recycle Newspaper တွေ၊ Recycle box တွေကို အဓိကထားအသုံးပြုပြီး အမြဲဂရုစိုက် ပြင်ဆင်ပေးဖြစ်ပါတယ်
လှပခြင်းရဲ့နောက်ကွယ်မှာ သဘာဝအပေါ် တာဝန်ယူစိတ် အပြည့်ရှိတဲ့ "Trust & Eco-Friendly" Brand တစ်ခုအဖြစ် Seashells Island က လူကြီးမင်းတို့နဲ့အတူ ရေရှည်ရပ်တည်သွားမှာပါရှင် 🤍
ဒီနေ့ရက်လေးမှာ အလှအပတွေကို ဆင်ယင်ရင်း ကမ္ဘာမြေကြီးကို တူတူချစ်ခင်စောင့်ရှောက်ကြရအောင်နော် 🍀
23/05/2026
✨ ပုလဲတစ်လုံးဖြစ်ဖို့ နှစ်ပေါင်းများစွာ ရင်ခွင်ထဲမှာ ထည့်မွေးခဲ့ရတဲ့ "မိခင်ကမာချပ်" ရဲ့ လျှို့ဝှက်ချက် ✨
ကျွန်မတို့တွေ ပုလဲလုံးလေးတွေကို ငေးမောမိကြသလိုပဲ၊ အဲဒီပုလဲလေးကို ဖြစ်တည်မွေးထုတ်ပေးခဲ့တဲ့ "ကမာချပ် (Mother of Pearl)" ရဲ့ အလှတရားကလည်း အမျိုးသမီးတိုင်း မရှိမဖြစ် ဆောင်ထားသင့်တဲ့အထိ တန်ဖိုးရှိလှပါတယ်ရှင်
နိုင်ငံတကာ Luxury brand တွေနဲ့ Fashion Icon တွေကအစ ကမာချပ်လေးတွေကို ဘာကြောင့် ဒီလောက် သဘောကျကြလဲဆိုရင်...
🌈 သဘာဝအတိုင်း အလင်းပြန်တဲ့ သက်တံ့ရောင် (Rainbow Sheen):
ဓာတုဆေးဆိုးထားတာမျိုးမဟုတ်ဘဲ ကမာချပ်ရဲ့ အလွှာလိုက်ဖြစ်တည်မှုကြောင့် နေရောင်အောက်ရောက်တဲ့အခါ တောက်ပတဲ့ သက်တံ့ရောင်လေးတွေ ဝင်းခနဲ ဝင်းခနဲ လှိုင်းထပြီး အလင်းပြန်တာမို့ ဝတ်ထားသူကို ပိုပြီး ကျော့ရှင်းလှပစေပါတယ်
🍀 ကံကောင်းခြင်းနဲ့ စိတ်အေးချမ်းမှုကို ပေးစွမ်းနိုင်ခြင်း:
ကမာခွံဆိုတာ သဘာဝအရ သူ့ရဲ့ရင်သွေးပုလဲလေးကို အမြတ်နိုးဆုံး အကာအကွယ်ပေးရတဲ့အရာဖြစ်လို့ ကမာချပ်ရတနာတွေကို ဝတ်ဆင်ထားရင် စိတ်ဖိစီးမှုတွေကို ဖယ်ရှားပေးပြီး ဘေးအန္တရာယ်ကနေ ကာကွယ်ပေးတယ်လို့ အစဉ်အလာအရ ယုံကြည်ကြပါတယ်
ပုံထဲကလို ကမာချပ်တစ်ခုချင်းစီရဲ့ အလှချင်းမတူတဲ့ ပုလဲကပ်ကမာချပ်ဆွဲသီးလေးတွေကို ပိုးကြိုးအမည်းလေးနဲ့ ပေါ့ပေါ့ပါးပါး တွဲဝတ်လိုက်ရုံနဲ့တင် လုံးဝ Unique ဖြစ်တဲ့ Luxury and Natural Look ကို ချက်ချင်းရစေမှာပါနော် 🥰
Seashells Island ရဲ့ ရတနာမိတ်ဆွေတို့ကော... ဒီလို သဘာဝအတိုင်း အလင်းပြန်တဲ့ ကမာချပ်လေးတွေရဲ့ Vibe ကို သဘောကျကြလားဟင်... 🥰 🐚💜
ပုံထဲက ပုလဲကပ်ကမာချပ်ဆွဲသီးလေးတွေက
၂၅၀၀၀ ကျပ်နဲ့ ၃၅၀၀၀ ကျပ် အသီးသီးပါရှင့်
Messenger (သို့) 09792948208 (viber) မှတဆင့် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်
#ပုလဲကပ်ကမာချပ် #ကမာချပ်ဆွဲသီး
20/05/2026
နေ့နံအလိုက် ဘေးဘယာဝေးကွာလို့ ကံဇာတာ ပွင့်လန်းစေမယ့် တန်ခိုးဆောင် ၂၇ လုံး ကျောက်အစစ်ပုတီးများ... 📿
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေရှင် 🙏
အခု Seashells Island ကနေ ချစ်ရတဲ့သူများအတွက်
သဘာဝကျောက်မျက်ရတနာစစ်စစ်တွေနဲ့ သီကုံးထားတဲ့ '၂၇ လုံး နေ့နံအစုံ ကျောက်ပုတီး' လေးတွေကို အဓိဋ္ဌာန်ပြု ဆောင်နိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ရှင်
✨ ၂၇ လုံး ပုတီး၏ ထူးခြားချက် -
မိမိတို့ မွေးဖွားရာ တနင်္ဂနွေမှ စနေအထိ နေ့နံအလိုက် ကံဇာတာ ကြမ္မာခိုင်မြဲစေပြီး ဘေးဥပဒ်အန္တရာယ်တွေကို ကျော်လွှားစေမယ့် သဘာဝကျောက်ရတနာတွေကို သေချာရွေးချယ် သီကုံးထားတာဖြစ်ပါတယ်
၂၇ လုံး အရေအတွက်ဟာ ပုတီးအသေး (လက်ကိုင်ပုတီး) အမျိုးအစားဖြစ်လို့ အိတ်ထဲ၊ အိတ်ကပ်ထဲ အမြဲဆောင်ထားရုံနဲ့တင် သဘာဝကျောက်ရဲ့ အေးမြတဲ့ စွမ်းအင်ကြောင့် စိတ်တို၊ စိတ်ညစ်တာတွေ ကင်းဝေးပြီး စိတ်တည်ငြိမ်မှုကို ပေးစွမ်းနိုင်ပါတယ်
ခရီးသွားရင်းဖြစ်ဖြစ်၊ အလုပ်ထဲမှာ စိတ်ပင်ပန်းနေချိန်မှာဖြစ်ဖြစ် လက်ထဲကိုင်ပြီး ဂုဏ်တော်ပွားများခြင်း၊ မေတ္တာပို့ အမျှဝေခြင်းတွေကို လွယ်လွယ်ကူကူ ပြုလုပ်နိုင်လို့ သီလ၊ သမာဓိကို တိုးပွားစေပါတယ်
မိမိကိုယ်တိုင် အဓိဋ္ဌာန်ဝင်ဖို့ပဲဖြစ်ဖြစ်၊ သက်ကြီးရွယ်အို မိဘဘိုးဘွား ဆရာသမားတွေကို ကုသိုလ်တော်အဖြစ် လှူဒါန်းကန်တော့ချင်တာပဲဖြစ်ဖြစ် အလွန်မွန်မြတ်တဲ့ လက်ဆောင်မွန်တစ်ခု ဖြစ်စေမှာပါရှင့် 😊
✨ မိမိတို့ရဲ့ မွေးနေ့နံအလိုက် ကိုက်ညီမယ့် ကျောက်ပုတီးများကို Chatbox မှာ အသေးစိတ် မေးမြန်းမှာယူနိုင်သလို
09792948208 (viber) မှလည်း ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်
လူကြီးမင်းတို့ မိသားစုအလိုက် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး လာဘ်လာဘများ ဒီရေအလား ပွင့်လန်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင် 🤍
#၂၇လုံးပုတီး #စိပ်ပုတီး #ကျောက်အစစ်ပုတီး #ကျောက်သားပုတီး #ကျောက်ပုတီး #နေ့နံပုတီး #အဆောင်ပုတီး
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Wut Kyaung Street , Yay Kyaw, Pazuntaung Tsp.
Yangon
11171
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 21:00 |