MN Update News 2
#သတင်းနှင့်ဗဟုသုတရဖွယ်သိမှတ်စရာအဖြာဖြာများကိုအချိန်နှင့်တပြေးညီတင်ပေးလျှက်ရှိပါသည်။
27/03/2026
■ လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ်သုံးဦး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဂါရဝပြုတွေ့ဆုံ
(၈၁) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်မည့် လွတ်လပ်ရေး မော်ကွန်းဝင်ပုဂ္ဂိုလ် ဒုတိယအဆင့်တစ်ဦးနှင့် တတိယအဆင့်နှစ်ဦး စုစုပေါင်း သုံးဦးအား နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယနေ့(မတ် ၂၈ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ဘက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံ၍ ဂါရဝပြုတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကော်မရှင်အဖွဲ့ဝင် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများက လွတ်လပ်ရေး မော်ကွန်းဝင်ပုဂ္ဂိုလ်များ၏ ကျန်းမာရေး အခြေအနေများအား တစ်ဦးချင်းမေးမြန်းအား ပေးစကားပြောကြားပြီး လိုအပ်ချက် များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ပြုပေးအပ်သည့် ဂါရဝပြုချီးမြှင့်ငွေ တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀ နှင့် အားဖြည့် ငှက်သိုက်များကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂါရဝပြု ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တာဝန်ရှိသူများသည် လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ်များနှင့်အတူ လက်ဘက်ရည်နှင့် စားသောက်ဖွယ်ရာများ အတူတကွ သုံးဆောင်ခဲ့ကြောင်း သိရသည်။
ယခု ၂၀၂၆ ခုနှစ်တွင် ကျရောက်သော (၈၁)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိလာသည့် လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ်များဖြစ်သည့် လွတ်လပ်ရေးမော်ကွန်းဝင် တတိယအဆင့် ဦးအေးသိန်းသည် အသက် ၉၈ နှစ်၊ လွတ်လပ်ရေး မော်ကွန်းဝင်ဒုတိယအဆင့် ဦးကျော်စိန် သည် အသက် ၁၀၁ နှစ်နှင့် လွတ်လပ်ရေးမော်ကွန်းဝင် တတိယအဆင့် ဦးဉာဏ်အေးသည် ၁၀၂ နှစ် တို့ဖြစ်ကြပြီး ကျန်းမာသန်စွမ်းလျက်ရှိကြောင်းနှင့် ဂျပန်ခေတ်တော်လှန်ရေးများတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ခဲ့မှုများကို ပြန်လည်ပြောပြရင်း နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ကိန်းအောင်း လျက်ရှိကြကြောင်း သိရသည်။
27/03/2026
လာမယ့် ဧပြီ ၁ ရက်နေ့မှ ၆ရက်နေ့အတွင်း ရန်ကုန်တိုင်း ဒေသအားလုံး နေ့ဘက် လက်ရှိပူနေတာထက် နှစ်ဆပိုပူသလို ခံစားရမယ်။ အချို့နေရာတွေ အပူလှိုင်းဖြတ်နေသလို ခံစားရမယ်။ နေ့ဘက်တင်မဟုတ်ဘဲ ညအပူချိန်တွေလဲ တိုးလာမယ်။ အားလုံး အထူးဂရုစိုက် နေထိုင်ကြရန်။ ဘိုးဘွားများ၊ ကလေးများ၊ ကျန်းမာရေး ချုချာသူများကိုလဲ အထူးဂရုစိုက်ပေးကြပါ။ မကြာခဏ ရေအနည်းငယ် သောက်ပေးပါ။ နေပူထွက်ရင် ဦးထုပ်၊ ထီး ယူသွားပါ။ စေတနာ ရှေ့ထားပြီး သတိပေးလိုက်ပါတယ်။
27-03-2026/6:00PM
Data Soure:GEM/ECMWF/UKMO/ICON/JMA
Dr. Sai Khun Arkar
Professional Research Meteorologist
Atmospheric Scientist
#အပူချိန် #တိကျသေချာ #ဒေါက်တာစိုင်းခွန်အာကာ #မိုးလေဝသ
26/03/2026
တာမွေမှာ ဆီတန်းစီတဲ့ ကားတစ်စီး မီးလောင်
မတ်-၂၆၊၂၀၂၆။ရောင်နီ/People's Spring
ရန်ကုန်မြို့၊ တာမွေမြို့နယ် သံသုမာလမ်းမမှာ စက်သုံးဆီတန်းစီနေတဲ့ ကားတစ်စီး မီးလောင်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"အာယု Maxမှာ တန်းစီတဲ့ကားတစ်စီး မီးလောင်" လို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက ကားမီးလောင်နေတဲ့ ဓာတ်ပုံကို လူမှုကွန်ရက်မှာဖော်ပြထားပါတယ်။
မီးလောင်မှုက ဒီနေ့ (မတ်၂၆) ညနေ ၄နာရီခွဲလောက်မှာဖြစ်ခဲ့ပြီး ကားတစ်စီးလုံးနီးပါးမီးလောင်သွားတယ်လို့ အဲဒီ့နေရာအနီးမှာနေထိုင်သူတစ်ဦးက ဗီဒိယိုဖိုင်တင် ထားပါတယ်။
"သံသုမာလမ်း စျေးလေးမှတ်တိုင်အနီး တာမွေမြို့နယ်မှာ ဆီတန်းစီနေသော ကားမီးလောင်တာတစ်စီးလုံးကုန်ကာန်ီးနေပြီ ကူမဲ့သူမရှိဘူး
ကားတွေလဲရပ်တောင်မကြည့်ဘူး လူတွေ ဗြဟ္မစိုရ်တရားခေါင်းပါးကုန်ကြပြီ"လို့ ရေးသားထားပါတယ်။
ဒီအကြောင်းအရာကို မီးသတ်တပ်ဖွဲ့ကတော့ ညနေ ၅နာရီလောက်မှာ မီးလောင်မှုဖြစ်ခဲ့ပြီးမီးလောင်ချိန် ၂မိနစ်ပဲကြာခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
နွေရာသီကိုရောက်ရှိလာတာကြောင့် နေ့အပူချိန်တွေမြင့်မားလာချိန်မှာစက်သုံးဆီ တန်းစီဝယ်ယူနေရသူတွေအတွက် ဒီလိုဖြစ်စဉ်တွေက ဆက်ဖြစ်လာနိုင်တယ်လို့ ပြည်သူတွေက သုံးသပ်ထားပါတယ်။
ဒီနေ့ မနက်ကလည်း ရန်ကုန်မြို့မှာ အသက်(၆၉) နှစ်အရွယ်အမျိုးသားတစ်ဦး ဆီတန်းစီရင်း ကွယ်လွန်သွားခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းတိုက်ပွဲတွေကြောင့် စက်သုံးဆီ အခက်အခဲဖြစ်နေတဲ့အပေါ် စစ်ကောင်စီက ကားတွေကို စုံ ၊ မခွဲပြီး ရက်အလိုက်ထွက်တာ ၊ ဆီရောင်းချဝာာတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေက စက်သုံးဆီတွေဆီတန်းဝယ်ယူနေကြရတာပါ။
ဒီလိုသေဆုံးမှုတွေ မီးလောင်မှုတွေဖြစ်တာက စစ်ကောင်စီရဲ့ စီမံမှုအလွဲအမှားတွေကြောင့် ဖြစ်တယ်လို့ ပြည်သူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ပြည်သူတွေက စက်သုံးဆီရဖို့ နာရီနဲ့ချီ တန်းစီနေရသလို အချို့ဆိုရင် ညအိပ်တန်းစီနေကြရတာတွေလည်းရှိပါတယ်။
ပြီးခဲ့တဲ့ရက်ကလည်း ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်က စက်သုံးဆီဆိုင်မှာ ညဘက်ဆီတန်းစီတဲ့ ကားမီးလောင်မှုကြောင့် ဆီဆိုင်တစ်ခုလုံး မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။
စစ်ကောင်စီကတော့ သူတို့ရဲ့ စီမံမှုအလွဲအမှားတွေကို ပြင်ဆင်ဖို့ မရှိပဲ အရန်ဆီ ရက် ၅၀စာ အလုံအလောက်ရှိတယ်လို့ ပြောဆိုထားပါတယ်။
ဒါပေမယ့်လည်း ဒီရက်ပိုင်းမှာ ဆီဆိုင်အချို့ ဆီရောင်းစရာမရှိတာကြောင့် အရောင်းပိတ်တဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။
(တာမွေမြို့နယ် သံသုမာလမ်းမမှာ စက်သုံးဆီတန်းစီနေတဲ့ ကားတစ်စီး မီးလောင်နေစဉ်။ ဓာတ်ပုံ - CJ)
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon