Perfect Healthcare

Perfect Healthcare

Share

International Vaccination Service,
Corporate Medical Service

31/03/2025

သဘာ၀ဘေး (ငလျင်) အန္တရာယ် ကြုံတွေ့နေရသောသူများအတွက် လိုအပ်သော အရေးပေါ်အစားအစာများ

1️⃣ မပျက်စီးနိုင်သော တာရှည်ခံအစားအစာများ

● ဆန်၊ ဆီ၊ ဆား၊ ပဲမျိုးစုံ၊ ကြာဆံထုပ်၊ ခေါက်ဆွဲ‌ခြောက်ထုပ်၊ အာလူး၊ ကန်စွန်းဥ၊ ငါးခြောက်

2️⃣ မရှိမဖြစ်လိုအပ်သော ဗီတာမင်၊ သတ္တုဓာတ်၊ အသားဓာတ်၊ ကစီဓာတ်တို့ ပါဝင်သော အစားအစာများ

● ဆန်၊ ကောက်ညှင်းတို့ဖြင့် ပြုလုပ်ထားသော အစားအစာများ၊ မရွေး၊ ဆန်ပြုတ်ထုပ်များ၊ ထမင်းခြောက်ကြော်၊ ကောက်ညှင်းခွက်ကြော်၊ ပဲပုပ်ခြောက်ကြော်၊ ပဲပုပ်ခြောက်ဖုတ်၊ ပဲပုပ်စေ့လှော်၊ ကုလားပဲအလုံးကြီး/အလုံးသေးလှော်၊ ပဲကြီးလှော်၊ ပဲလိပ်ပြာကြော်၊ ပဲနီပြားကြီး/ပဲကတ္တီပါ‌‌ကြော်၊ နတ်တော်ပဲကြော်၊ ဗိုလ်ကိတ်ပဲကြော်၊ မြေပဲလှော်/ကြော်၊ လက်ဖက်ပဲကြော်မျိုးစုံ၊ ငါးခြောက်ဖုတ်/ ကြော်၊ ပုစွန်ခြောက်ငံပြာရည်ကြော်၊ ငါးသေတ္တာဘူး၊ အခြားအသားငါး အသီးအရွက် စည်သွတ်ဘူးများ၊ ကြက်ဥဘဲဥငုံးဥပြုတ်များ၊ ကြက်သွန်နီကြော်၊ ကြက်သွန်ဖြူကြော်၊ ဂျူးမြစ်ကြော်

● ပြောင်း၊ ဂျုံတို့ဖြင့် ပြုလုပ်ထားသော ဘီစကွတ်များ

● မြေပဲ၊ နှမ်း၊ နေကြာစေ့တို့ဖြင့် ပြုလုပ်ထားသော မြေပဲယို/ မြေပဲကပ်/မြေပဲပျစ် ၊ နှမ်းယို/ နှမ်းကပ် / နှမ်းပျစ် စသည်တို့

● နေကြာစေ့လှော်၊ ဖရုံစေ့လှော်၊ မြေပဲလှော်၊ ဗာဒံစေ့၊ သစ်ကြားစေ့၊ သီဟိုဠ်စေ့၊ ဇီးသီးခြောက်၊ ဇီးယို၊ ဇီး‌ဖျော်ရည်ပုလင်းများ၊ အသီးအစစ် စည်သွတ်ဖျော်ရည်များ၊ အသီးခြောက်မျိုးစုံ၊ ငှက်ပျောသီးအခြောက်၊ ငှက်ပျောသီးကြော် (Banana Chips)၊ ပရိုတင်းဘား (Protein Bars) ၊ စွမ်းအားဖြည့်အာဟာရဘား (Energy Bars)

3️⃣ ပေါ့ပါးကျစ်လစ်ပြီး ကိုယ်နှင့်အတူ သယ်သွားနိုင်သော အစားအစာများ

● ပရိုတင်းဘား ၊ စွမ်းအားဖြည့်အာဟာရဘား၊ အသီးခြောက်မျိုးစုံ၊ အစေ့အဆန်မျိုးစုံ၊ ဓာတ်ဆားရည်ထုပ် ( Protein Bars, Energy Bars, Fruit Bars, Multigrain crackers, mixed nuts and seeds, Electrolyte drink mix packs, Liquid IV hydration packs)

4️⃣ ပြင်ဆင်မှုအနည်းဆုံး လိုအပ်သော အစားအစာများ

● အသင့်စား အစားအသောက်များ၊ ချက်ပြုတ်စရာမလို ရေဖျော်စားနိုင်သောအစားအစာများ၊ အသားငါး အသီးအရွက်စည်သွတ်ဘူးများ၊ ငါးခြောက်ဖုတ်/ ကြော်၊ ပဲမျိုးစုံလှော်/ကြော်၊ မြေပဲလှော်/ကြော်၊ ကြက်ဥဘဲဥငုံးဥပြုတ်များ၊ ထမင်းခြောက်လှော် / ကြော်၊ ကောက်ညှင်းခွက်ကြော်၊ အသီးခြောက်မျိုးစုံ

5️⃣ သောက်ရေသန့်

6️⃣ ဓာတ်ဆားထုပ်များ၊ သကြားနှင့်ဆား (ဓာတ်ဆားရည်များ အရေးပေါ်ဖျော်ရန်)

7️⃣ နို့စို့အရွယ် ကလေးငယ်များအတွက် အာဟာရမှုန့် (မိခင်နို့လုံးဝမရနိုင်သည့် အခြေအနေတွင်သာ အသုံးပြုရန်)

________________________________________

Credit: CLL Health

23/04/2023

👨‍⚕️👩‍⚕️ နိုင်ငံတကာမှာ အသစ်ထိုးနှံလာကြတဲ့ Bivalent Covid Vaccine အမျိုးအစားဆိုတာ
🔶 အမေရိကန်နိုင်ငံအခြေစိုက် Moderna နဲ့ Pfizer ကုမ္ပဏီတွေက ၂၀၂၂ စက်တင်ဘာလမှာ Covid-19 ရောဂါအတွက် အဆင့်မြှင့်တင်ပြီး ထုတ်လုပ်ထားတဲ့ ထပ်ဆောင်းထိုးနှံရသော booster vaccine တွေပဲ ဖြစ်ပါတယ်။

🔶 ယခင်ကာကွယ်ဆေးတွေ နဲ့ ယခု Bivalent Vaccine ဘာကွာလဲ❓❓❓
✔ ယခင် ထိုးနှံခဲ့တဲ့ ကိုဗစ်ကာကွယ်ဆေးတွေပာာ ပထမဦးဆုံးတွေ့ရှိခဲ့တဲ့ မူလ Covid-19 Virus တွေကို အဓိကထားကာကွယ်မှုပေးတာပါ။
✔ Bivalent နှစ်မျိုးစပ်ကာကွယ်ဆေးတွေကတော့ မူလ Covid-19 Virus ကို ကာကွယ်မှုပေးတဲ့အပြင် အတွေ့များလာတဲ့ Omicron အမျိုးအစားတွေကိုပါ ကာကွယ်မှုပေးပါတယ်။

🔶သု​တေသနရလဒ်တွေမှ ထုတ်ပြန်ချက်တွေအရ Bivalent vaccine တွေဟာ အရင်အမျိုးအစား ကာကွယ်ဆေးတွေထက် ပြင်းထန်ကိုဗစ်ရောဂါဖြစ်ပွါးနိုင်ချေကို ၃၇ နှစ်ရာခိုင်နှုန်း လျှော့ချပေးနိုင်ပြီး အသက်ဆုံးရှုံးမှုနှုန်းကို ၃ ဆ ပိုမိုကာကွယ်နိုင်တယ်လို့ ဆိုထားပါတယ်။

🔶 ထို့ကြောင့် နိုင်ငံတကာမှာ ထိရောက်မှုပိုများတဲ့ Bivalent Covid Vaccine ကို 2022 September လပိုင်းထဲက စတင် ထိုးနှံနေကြတာဖြစ်ပါတယ်။

🔶 နှစ်မျိုးစပ်ကာကွယ်ဆေးကို ဘယ်အချိန်မှာ ထိုးနှံသင့်သလဲ❓
✔ အရင် ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ် ထိုးနှံထားပြီး အနည်းဆုံး ၂ လ နှင့်အထက်ခြားပြီးရင် ထိုးနှံလို့ရပါပြီ။
✔ Bivalent နှစ်မျိုးစပ်ဆေးတွေဟာ Booster dose အနေနဲ့သာ ထိုးနှံနိုင်ပါတယ်။
✔ ကိုဗစ်ကာကွယ်ဆေး တခါမှ မထိုးနှံဘူးသူတွေကတော့ ထိုးနှံလို့ မရသေးပါ။ တစ်ကြိမ်မှ မထိုးနှံရသေးရင် အရင်လက်ဟောင်း ကာကွယ်ဆေးတွေထဲကပဲ တစ်လခြား နှစ်ကြိမ်အရင် ထိုးနှံပေးရမှာပါ။

🏥 Perfect မှာ ယခု Bivalent_ဆေးများ စတင် ထိုး_နှံ_ နိုင်ပါပြီ။
- Mဝderna Bivalent - 90000
- P_fizer Bivalent - 90000
Booking တင်ရန်
Messenger မှ ဖြစ်စေ၊ ဖုန်း 09 973 063559 မှဖြစ်စေ မနက် ၁၀ နာရီမှ ညနေ ၆ နာရီအတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🔊 အိမ်တိုင်ရာရောက် (Home Service) နှင့် Company Corporate ကာကွယ်ဆေးထိုးနှံခြင်းဝန်ဆောင်မှုများအတွက်လည်း အကောင်းဆုံး၀န်ဆောင်ရွက်ပေးလျက်ရှိပါတယ်။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon