Python Programming Development Tutorial for Myanmar
Created by White Star Myanmar education center
12/11/2025
Odoo version တစ်ခုနဲ့တစ်ခု အသွင်အပြင် (UI) နဲ့ လုပ်ဆောင်နိုင်မှုတွေ အနည်းငယ် မတူကွဲပြားပေမယ့် အခြေခံ Concepts & Features တွေကတော့ အားလုံး တူညီပါတယ်။
ထို့အတွက်ကြောင့်...
Odoo version တစ်ခုကို သေချာစွာ လေ့လာတတ်သိထားမယ်ဆိုရင် အခြားသော Odoo versions တွေကိုလည်း လွယ်ကူအဆင်ပြေစွာ လေ့လာအသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။
ဥပမာ - Microsoft Office versions တွေ ကဲ့သို့ပင် ဖြစ်ပါတယ်။ Office version တစ်ခုနဲ့တစ်ခု အသွင်အပြင်နဲ့ လုပ်ဆောင်နိုင်မှုတွေ မတူကွဲပြားပေမယ့် Office version တစ်ခုကို အသုံးပြုနိုင်သူသည် အခြားသော Office versions တွေကိုလည်း အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။
Odoo system ရဲ့ Functional/Workflow တွေ Technical Development တွေကို စတင်လေ့လာသည့်အခါ အချို့သော အကြောင်းအရာတွေသည် နားလည်တတ်သိရန် ခက်ခဲနေတတ်ပါတယ်။ Official Documentation တွေကလည်း များသောအားဖြင့် အဓိက အကြောင်းအရာတွေကိုသာ လိုတိုရှင်း ရေးသားထားတာဖြစ်လို့ စတင်လေ့လာသူတွေအတွက် အဆင်မပြေ ဖြစ်နိုင်ပါတယ်။
(စာရေးသူကိုယ်တိုင် Odoo system ကို စတင်လေ့လာချိန်ကလည်း အဆင်မပြေမှုတွေ၊ နားမလည်နိုင်တာတွေ များစွာရှိခဲ့ပါတယ်။)
ထို့အတွက်ကြောင့်...
အကြောင်းအရာတစ်ခုခြင်းကို ခွဲခြားပြီး Discussion routes တွေ သတ်မှတ်ကာ လေ့လာရလွယ်ကူ အဆင်ပြေစေမည့် Tutorials တွေကို ဖန်တီးရေးသားဖြစ်ခဲ့ပါတယ်။
Tutorials တွေကို page တွင် တင်ပေးထားသည့်အတွက် ရှာဖွေဖတ်မှတ် လေ့လာနိုင်သလို၊ eBooks တွေ အနေနဲ့လည်း မှာယူလေ့လာနိုင်မှာ ဖြစ်ပါတယ်။ eBooks တွေ အနေနဲ့ မှာယူလေ့လာမယ်ဆိုရင် အစီအစဥ်တကျ လေ့လာနိုင်လို့ ပိုပြီး အဆင်ပြေစေမယ်လို့ ယူဆမိပါတယ်။
(Ebooks တွေကိုလည်း ငွေပမာဏ အနည်းငယ်သာ သတ်မှတ်ထားပါတယ်။)
*** လေ့လာသူတွေအားလုံး
ကျန်းမာ၊ ဘေးကင်း၊ လုံခြုံကြပါစေ။
18/10/2025
Odoo Github မှ Odoo source ကို Download ပြုလုပ် ရယူပါက "requirements.txt" file ပါဝင်ပါတယ်။
Python 3.10.3 version ဖြင့် Odoo system ကို Setup ပြုလုပ်သည့်အခါ "requirements.txt" file ထဲတွင် ပြင်ဆင်သတ်မှတ်ထားသင့်သည့် Module versions တွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။ ဖော်ပြထားသကဲ့သို့ "requirements.txt" file မှာ ပြင်ဆင်သတ်မှတ်ထားပြီး၊ "pip install -r requirements.txt" ပြုလုပ်မည်ဆိုပါက လွယ်ကူအဆင်ပြေစေမှာ ဖြစ်ပါတယ်။
မှတ်ချက် - Python 3.10.3 version အတွက်သာ ဖြစ်ပါတယ်။ အခြားသော Python versions တွေကို အသုံးပြု လုပ်ဆောင်ပါက မတူညီသော Module versions တွေနဲ့ သတ်မှတ်လုပ်ဆောင်ရနိုင်ပါတယ်။
*** လေ့လာသူတွေအားလုံး
ကျန်းမာ၊ ဘေးကင်း၊ လုံခြုံကြပါစေ။
11/06/2025
အရောင်းဆိုင်လေးတွေမှာ...
ကုန်ပစ္စည်းစာရင်း၊ အရောင်း/အဝယ်စာရင်း၊ ငွေစာရင်း စသည်တို့ကို စာရင်းစာအုပ်တွေနဲ့ မှတ်သားလုပ်ဆောင်ကြလေ့ရှိပါတယ်။
Computer system နဲ့ မှတ်သားလုပ်ဆောင်မယ်ဆိုရင် ပိုပြီး အဆင်ပြေ၊ အကျိုးရှိစေမယ်လို့ ယူဆမိပါတယ်။
Odoo ERP System သည် အရောင်းဆိုင်လေးတွေရဲ့ လုပ်ငန်းဆောင်တာတွေကို များစွာအထောက်အကူဖြစ်စေနိုင်မည့် Computerized System ဖြစ်ပါတယ်။
အသုံးပြုသူတွေအနေနဲ့လည်း Computer ကို အခြေခံလောက် အသုံးပြုတတ်ရင် Odoo system ကို အသုံးပြုနိုင်ပြီလို့ ယူဆမိပါတယ်။ (အသုံးပြုလုပ်ဆောင်ပုံ Functional/Workflow တွေကို သေချာစွာ လေ့လာတတ်သိထားရင်တော့ အသုံးပြုရတာ ပိုပြီး အဆင်ပြေစေမှာပါ။)
Odoo system ကို စတင်အသုံးပြုဖို့ Setup ပြုလုပ်ခြင်းကတော့ Software Development ကို လေ့လာတတ်သိထားသူတွေရဲ့ အကူအညီဖြင့် ပြုလုပ်မှ အဆင်ပြေနိုင်မယ်လို့ ယူဆမိပါတယ်။
(မဟုတ်ရင်တော့ အခက်အခဲတွေ အဆင်မပြေမှုတွေ ကြုံရတတ်ပါတယ်။)
Technical Devices အနေနဲ့ကလည်း အခြေခံအားဖြင့် သင့်တင့်သော Hardware Performance ရှိသည့် Computer/Laptop တစ်လုံးသာ လိုအပ်ပါတယ်။
(Printers၊ Scanner၊ Customer Display စသည်တို့ အသုံးပြုနိုင်ရင်တော့ ပိုပြီးအဆင်ပြေစေမှာပါ။)
Software ဆိုင်ရာ ကုန်ကျမှုမှာလည်း Odoo Community Edition သည် Free & Opensource ဖြစ်သည့်အတွက် အခမဲ့ အသုံးပြုနိုင်မှာပါ။
(အရောင်းဆိုင်လေးတွေအတွက်ဆိုရင် Community Edition က လုံလောက်အဆင်ပြေပြီလို့ ယူဆပါတယ်။)
☆ Odoo ERP System ကို အသုံးပြုခြင်းအားဖြင့် အရောင်းဆိုင်လေးတွေရဲ့ အရောင်း/အဝယ်စာရင်းတွေကို Daily Report, Monthly Report တွေနဲ့ ကြည့်နိုင်ခြင်း၊ ကုန်ပစ္စည်းလက်ကျန်စာရင်း၊ ငွေစာရင်း စသည်တို့ကို သိရှိနိုင်စေခြင်းတို့ကြောင့် များစွာအကျိုးရှိစေမှာ သေချာပါတယ်။
☆ တစ်နေ့ကျရင် မြန်မာနိုင်ငံက အရောင်းဆိုင်လေးတွေ အားလုံးမှာ Computer system ကို အသုံးပြုပြီး ခေတ်မှီစွာ ရောင်းဝယ်ခြင်းဖြင့် အဆင်ပြေနေကြတာကို မြင်တွေ့နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
*** လေ့လာသူတွေအားလုံး
ကျန်းမာ၊ ဘေးကင်း၊ လုံခြုံကြပါစေ။
22/05/2025
Odoo ERP System အတွက် ရေးသားထားသော Myanmar Ebooks တွေကို မှာယူလေ့လာသူတွေအနေနဲ့...
☆ လေ့လာရင်း သိလိုတာတွေ၊ အဆင်မပြေတာတွေကို Page Message Box သို့ စာပေးပို့ မေးမြန်းနိုင်ပါတယ်။ အချိန်ရရင်ရသလို လေ့လာတတ်သိထားသမျှ ပြန်လည်ဖြေကြားပေးပါတယ်။
☆ Odoo system ကို Computer (Windows OS) တွင် Setup ပြုလုပ်ရန် အခက်အခဲရှိသော စတင်လေ့လာသူတွေကိုလည်း TeamViewer ဖြင့် ချိတ်ဆက်ကူညီပေးပါတယ်။
☆☆☆ ထိုကဲ့သို့ ပြုလုပ်ခြင်းတွေအတွက် ငွေကြေးတစ်စုံတစ်ရာ မပေးရပါ။ လေ့လာသူတွေ အဆင်ပြေစေလိုသော စိတ်၊ စေတနာ ဖြင့်သာ ကူညီလုပ်ဆောင်ပေးခြင်း ဖြစ်ပါတယ်။
*** လေ့လာသူတွေအားလုံး
ကျန်းမာ၊ ဘေးကင်း၊ လုံခြုံကြပါစေ။
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Address
Yangon