Kitchenette
As we all enjoy the moment of having a great taste food, we would like to share that moment with eve
19/01/2021
Welcome to
05/07/2020
သူငယ်ချင်း : သားကြီး မင်းဒီနေ့ interview သွားဖြေတယ် ဆို, အဆင်ပြေလား ?
ကျနော် : အေး ပြေတယ်လေ အေးဆေးပဲ! ရပြီလို့ပဲ တွေးထားတယ်။
04/07/2020
မိုးကလည်းအေးအေး အိပ်ယာထဲကွေးရင်းနဲ့ ဗဟုသုတလေးမျှဝေကြရအောင်!
Session 2
မနေ့ကအကြောင်းအရာလေးကို ပြန်ဆက်မယ်ဗျာ!
မီရှယ်လင်ရဲ့ စတားသတ်မှတ်တဲ့နည်းက အဆန်းဗျ။
မီရှယ်လင်အတွက် ရီဗျူးလုပ်ပေးမဲ့သူတွေကို(အင်စပတ်တာလို့ခေါ်ကြတယ်) မီရှယ်လင်ဘရားသားစ်က ငှားတယ် ပြီးတော့ အကုန်အကျခံပြီး အဲ့ဒီကောင်းလှပါပေ့ဆိုတဲ့ ဖိုင်းဒိုင်းနင်း စားသောက်ဆိုင်တွေမှာ လိုက်စားခိုင်းတယ်။ ဖုဒ်ခရစ်ဒစ် ပေါ့ဗျာ။ ဒါပေမဲ့သူတို့က လူသိခံလို့မရဘူး။ မီဒီယာတွေကိုလည်း မပြောရဘူး။ လျှို့ဝှက်အဖွဲ့အစည်းအထာ ဘာညာပေါ့။ ဘယ်လောက်ထိလျှို့ဝှက်လဲဆိုရင် အဲ့ဒီအင်စပက်တာလုပ်နေတဲ့သူရဲ့ မိသားစုဝင်တွေတောင် သူဘာလုပ်နေလဲဆိုတာ မသိရဘူး။ ကျနော့်အထင်ကတော့ ကြယ်အဆင့်သတ်မှတ်တဲ့နေရာမှာ မျှတမှုရှိအောင်လို့ လူသိမခံစေချင်တာဖြစ်မယ်။ ဒါပေမဲ့ သူတို့လာပြီဆိုရင် သူတို့မှန်းသိအောင် လုပ်နေကြ အကွက်လေးတွေတော့ရှိတယ်(အဲ့ဒါက Bradley Cooper ရဲ့ Burnt ဆိုတဲ့ ရုပ်ရှင်ထဲမှာပါတယ်။ စိတ်ဝင်စားရင်ရှာကြည့်လို့ရအောင် လင့်ခ် တော့မဟုတ်ဘူး။ ပိုစတာလေးထည့်ပေးထားတယ်၊ Super recommended နော်)
အဲ့ဒါကြောင့်ပဲ မီရှယ်လင်စတားရဲ့ သက်ရောက်မှုက တဖြည်းဖြည်း အားကောင်းလာတယ်။ ဘယ်လောက်ထိဖြစ်သွားလဲဆိုရင် မီရှယ်လင်စတားတွေဟာ စားစားသောက်ဆိုင်တစ်ဆိုင်ရဲ့ အောင်မြင်မှု၊ ဂုဏ်သတင်း၊ စီးပွားရေးအတက်အကျတွေကို ဂယက်ရိုက်နိုင်တဲ့အထိ ဖြစ်လာတယ်။ မာကိုပီယာဝိုက်တ် ဆိုတဲ့ စားဖိုမှုးကြီးကတော့ ဒါကို လက်သင့်မခံပါဘူး။ သူ့လောက်မသိ မတတ်ကျွမ်းတဲ့လူတွေက သူ့ကို ဝေဖန်ပြီး အဆင့်တွေသတ်မှတ်တယ်ဆိုတာက အဓိပ္ပါယ် မရှိဘူးလို့ဆိုပြီး ဒဲ့ကြီး တိုက်ခိုက်လိုက်ပါသေးတယ်။ သူကိုယ်တိုင်ကလည်း မီရှယ်လင်စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်ပြီးတော့ အဲ့ဒီလို အဆင့်သတ်မှတ်တာတွေဟာ သူ့ရဲ့ ဖန်တီးမှုစွမ်းရည်ကို ဘောင်ခတ်တယ်ဆိုပြီး မလိုချင်လို့ တရားဝင်ပြန်အပ်နှံထားတဲ့ ပုဂ္ဂိုလ်ကြီးပါ။ (ကြွေတယ်🥺ကျနော်ကတော့, အဲ့ဘဲက အချဉ်တော့မဟုတ်ဘူးနော်!ကြမ်းပါပေ့ဆိုတဲ့ ဂေါ်ဒွန်ကြီးရဲ့ စီနီယာ ဆရာကြီး) သူ့ရဲ့အဆိုအရ 'အရင်ကမီရှယ်လင်ဟာ သိက္ခာပိုင်းအရ ဂုဏ်ယူစရာဖြစ်ခဲ့ပေမဲ့ အခုတော့ အဲ့ဒါဟာ စီးပွားရေးလှည့်ကွက်တစ်ခုပဲ' လို့ဝေဖန်ထားပါတယ်။
အဆုံးသတ်အနေနဲ့ ကျနော့်တစ်ယောက်တည်း အမြင်အရဆိုလည်း မီရှယ်လင်ဟာ တိုင်ယာရောင်းကောင်းအောင် အတွက် တီထွင်ခဲ့တဲ့ ဗျူဟာမြောက်စီးပွားရေးပလန်ကြီး တစ်ခုလို့ထင်ပါတယ်။ ဘာပြောပြော မီရှယ်လင်စတားစားသောက်ဆိုင် ၊ မီရှယ်လင်စတားဟင်းပွဲဆို ဘူမသိကိုးမသိသူတွေကလည်း သွားချင်စားချင်ကြမှာပဲလေ။ကျနော်လည်းထိုနည်း၎င်းပေါ့။ ဒါပေမဲ့ သူက ဖိုင်းဒိုင်းနင်းစားသောက်ဆိုင်တွေချည်းပဲပေးတာမဟုတ်ဘူးဗျ။ လမ်းဘေးအစားအစာတွေကိုလည်း ပေးတယ်။ ဒါတော့ မိုက်တယ်။ မီရှယ်လင်စတား ဘဲကင်၊ မီရှယ်လင်စတား ဝက်စတူး ၊ မီရှယ်လင်စတား ချဉ်ရည်ဟင်း😆ပြောလို့မရဘူးနော် ကိုယ့်လက်ရာက ကိုယ်မသိလိုက်တဲ့အချိန်မှာ နာမည်ကျော်သွားနိုင်တယ်😁ရင်ဘတ်ကြီးနဲ့ ချက်ကြပါဗျာ။အခုချိန်မှာ လူတွေကလည်း အစားအသောက်နဲ့ ပတ်သက်လာရင် စိတ်ဝင်စားမှုမြင့်တက်လာပြီဆိုတော့ ဒီမှာလည်း မီရှယ်လင်စတားသတ်မှတ်ချက်က ရောက်မလာနိုင်ဘူးလို့ပြောလို့မရဘူး။( အကယ်လို့ရှိမယ်ဆိုရင်လည်း ပြောပြပေးပါဗျ၊ကျနော်လေ့လာမှု အားနည်းနေသေးလို့ ကျန်ခဲ့နိုင်ပါတယ်)
ကဲ...အဲဒီတော့ ဒီနေ့အတွက်တော့ ဒီလောက်နဲ့ပဲရပ်ပါရစေ။ စာဖတ်ပျင်းမဲ့သူတွေအတွက်လည်း ဗီဒီယိုလေးတွေ တင်ဖို့ရှိပါတယ်ဗျ။(စာတန်းထိုးရမှာ ပျင်းလို့😒)
ဒီအထိစိတ်ဝင်တစား ဖတ်ပေးတယ်ဆိုရင်ပဲ ကျေးဇူးတင်ပါတယ်ဗျ။
အကယ်လို့သဘောကျနှစ်သက်တယ်ဆိုရင်လည်းမျှဝေပေးကြပါဦး!
အမှားပါမယ်ဆိုရင်လည်း ခွင့်လွှတ်နားလည်ပေးကြဖို့ မေတ္တာရပ်ခံလျက်!
Kitchenette ကို like , share နဲ့ interest တွေ
ပေးကြတဲ့ သူငယ်ချင်း မိတ်ဆွေ ညီအကိုတွေအားလုံးကို ကျေးဇူးအထူးတင်ပါကြောင်း စကားချီရင်းနဲ့
ကျနော်တို့ Page အကြောင်းကို အကျဉ်း မိတ်ဆက်ချင်ပါတယ်!
Page ထောင်ရခြင်းရဲ့ ပင်မ ရည်ရွယ်ချက်ကတော့
Admin team ရဲ့ တတ်ကျွမ်းသလောက် ပညာကလေးနဲ့ အရသာရှိတဲ့ အစားအသောက်တွေထုတ်လုပ်ပြီး မျှဝေဖို့ပါ။ အခုချိန်က Lockdown
ကာလကနေ နလန်ထူခါစလည်းဖြစ် စီးပွားရေးကလည်း ပြန်လည် လည်ပတ်ကာစ ဒီလို ကာလမှာ အလုပ်ဖြစ်နေတဲ့ စီးပွားရေးတွေလည်း ရှိသေးသလို
ပိတ်လိုက်ရတဲ့ အထိ ဖြစ်သွားတဲ့ လုပ်ငန်းတွေ လည်း ဒုနဲ့ဒေးပါ။ ဒီလိုကာလမှာ online market တွေ ပေါ်လာတာလည်း မနည်းပါဘူး။ အရင်းအနှီးလည်း မများတာတစ်ကြောင်း အခွန်အခ မဆောင်ရတာ တစ်ကြောင်း social media တွေပေါ်မှာ ရောင်းဝယ်ဖောက်ကားလာခဲ့တာဟာ ရိုးရာလိုဖြစ်နေပါပြီ။ စကားရှည်တာများသွားပြီ 😜
ဒီ page ကိုတော့ နဲနဲလေး ကွဲပြားချင်တာရယ် ကျနော်ကိုယ်တိုင်လည်း ဗဟုသုတ တိုးအောင်ရယ် သိတာလေးတွေလည်း မျှဝေချင်တာရယ် အစားအသောက်နဲ့ ဆိုင်တဲ့ နေရာဖြစ်တာလည်းတစ်ကြောင်း ကျနော်တို့အနေနဲ့ စားစရာတွေချည်းပဲ ရောင်းဖို့မဟုတ်ဘဲ အစားအသောက်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ နာမည်ကျော် chef တွေရဲ့ အကြောင်းတွေ၊ restaurant တွေ၊ နာမည်ကြီး ဟင်းပွဲတွေ၊ စသဖြင့် အလျဉ်းသင့်ရင်သင့်သလို တင်ပေးသွားမှာဖြစ်လို့ အပျင်းလည်းပြေ၊ ဗဟုသုတ လည်းမျှဝေကြရင်း
အပြုသဘောဆောင်တဲ့ အပျော်လေးတွေ ဖန်တီးကြဖို့
သတင်းလက်ဆောင်ပါးချင်ပါတယ်ဗျာ😄
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon