SHWE

SHWE

Share

Mental Health service for all. Dr Aung Win (Consultant Psychiatrist)
SHWE Clinic Psychiatric consultation and treatment.

11/06/2025

WebMD - Better information. Better health. 14/03/2022

Psychopath နဲ့ Sociopath ဘာကွာလဲ...

ဒီစကားလုံး ၂လုံးကို ကြားဖူးတဲ့သူတွေ ရှိကြမှာပါ။
ရုပ်ရှင်တွေထဲမှာလည်း ပါတတ်ပါတယ်။ ဒီစကား၂လုံးက
တူသယောင်ယောင်ဖြစ်ပြီး တစ်ခါတစ်လေ ရောထွေး
တတ်ပါတယ်။ ဒီလို လူမျိုးတွေဟာ ပြင်ပလောကမှာလည်း
တကယ်ရှိပြီး တစ်နေ့သင်ကြုံတွေ့နိုင်ရတာမို့ ကျွန်တော်
ဖတ်ဖူးသမျှ ဝေမျှလိုက်ရပါတယ်။

သူတို့နှစ်မျိုးလုံးကို ခြုံငုံပြီးပြောရရင် လူ့ခွစာတွေ..
အတ္တကြီးသူတွေ..Psycho ဆန်ဆန်တွေ...သူတစ်ပါးကို
လှည့်ဖျားအသုံးချတတ်သူတွေလို့ ပြောလို့ရပါတယ်။
ဒါပေမယ့် သူတို့ရဲ့ စိတ်နေစိတ်ထားဟာ ဒီထက်အများ
ကြီးပိုကျယ်ပြန့်ပါတယ်။Sociopath တစ်ယောက်
ဘယ်လိုလဲဆိုတာ ကြည့်ချင်ရင် ရှားလော့ဟုမ်းကို
ကြည့်ပါ။ သူ့ကိုယ်သူလည်း High-funtioning
sociopath လို့တင်စားလေ့ရှိပါတယ်။ Psychopath
တစ်ယောက်ဘယ်လိုလဲဆိုတာ သိချင်ရင်...
Patrick Bateman ("American Psycho"),
Norman Bates ("Psycho"),
Hannibal Lecter ("Silence of the Lambs")
တို့ကို ကြည့်ပါ။ သူတို့က အနီးစပ်ဆုံးသာဖြစ်ပါတယ်။
အတိအကျကြီးတော့ မဟုတ်ပါဘူး။ အရမ်း Violent
မဖြစ်တဲ့ Psychopath တွေလည်း ရှိပါတယ်။ Violent
တော့ မဖြစ်ပဲ သူတစ်ပါးကို ချနင်းပြီး ဘဝတက်လမ်း
ရှာတတ်တဲ့ Psychopath တွေလည်း ရှိပါတယ်။

သင့်ပတ်ဝန်းကျင်မှာ အောက်ပါအချက်မျိုးရှိတဲ့
သူတွေရှိလား...

👉စကားပြောအရမ်းကောင်းတယ်...သူများကို အသုံးချ
တတ်တယ်။
👉သူတို့ဘဝတက်လမ်းအတွက်ဆို သူတစ်ပါးကို ချနင်းရ
မှာ မကြောက်ဘူး။
👉ကိုယ်ချင်းစာစိတ်ကင်းမဲ့တယ်...စိတ်ခံစားမှု မရှိသလိုပဲ။
👉အပြစ်ပေးခံရမှာတွေ...ပြစ်ဒဏ်ကျမှာတွေ မကြောက်ဘူး။
👉အကြောက်အရွံ့ မရှိသလိုပဲ။
👉ခန့်မှန်းရခက်တယ်...လူတွေကို အရုပ်လေးတွေလိုပဲ
ကစားတတ်တယ်။
👉တစ်ကိုယ်ကောင်းဆန်လွန်းတယ်။

အဲ့ဒါဆိုရင်တော့ သင် Psychopath တစ်ယောက်သို့မဟုတ်
Sociopath တစ်ယောက်နဲ့ ကြုံတွေ့နေတာ ဖြစ်နိုင်ချေများ
ပါတယ်။ Psychopath နဲ့ Sociopath ဘာကွာလဲကြည့်ရ
အောင်....

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

✏Psychopath Vs Sociopath✏

Psychopath တွေက Cold-hearted တွေ များပါတယ်။
သူတို့ကိုPsychopath တစ်ယောက်မှန်း သင်သတိထားမိဖို့
မလွယ်ပါဘူး။သူတို့ဟာ ဥာဏ်လည်းကောင်းတတ်ကြပါတယ်။
ဟန်ဆောင်တာလည်း အရမ်းတော်ပါတယ်။ သင့်အကြောင်း
စိတ်ဝင်စားချင်ယောင်ဆောင်ပေမယ့် ရင်ထဲမှာ အဖက်တောင်
မလုပ်ပါဘူး။ သူတို့ရဲ့လိုအပ်ချက်တစ်ခုကို ရဖို့ သင့်ကို
လိမ်ညာလှည့်ဖျားပေါင်းသင်းမှာ ဖြစ်ပါတယ်။ သူတို့က
ကြောက်ဖို့ကောင်းတယ်။ အကွက်ချပြီးမှ စနစ်တကျ
လှုပ်ရှားတတ်ကြတယ်။ သူတို့ရဲ့ ဦးနှောက်ဖွဲ့စည်းပုံမှာ
သာမန်လူတွေနဲ့ မတူတာတွေရှိနေတယ်။ သာမန်လူဟာ
သွေးမြင်ရင်..သို့မဟုတ် အကြမ်းဖက်မှု တစ်ခုခုမြင်ရင်
ကြောက်မယ်...နှလုံးခုန်မြန်မယ်...အသက်ရှုမြန်မယ်..
လက်မှာချွေးတွေစို့လာမယ်…ဒါပေမယ့် Psychopath
တွေက အဲ့ဒီလိုမြင်ကွင်မျိုးမြင်လေ..ပိုပြီးတည်ငြိမ်လာလေ
ပဲ။ အဲ့ဒီအချက်ကြောင့်ပဲ အန္တရာယ်ရှိတဲ့အလုပ်တွေ
လုပ်တဲ့နေရာမှာ သူတို့ဟာ လက်ရဲဇက်ရဲရှိတတ်
ကြတာဖြစ်ပါတယ်။ သူတို့လုပ်လိုက်တဲ့အရာရဲ့ ဆိုးကျိုး
ကိုလည်းကြောက်လေ့မရှိကြပါဘူး။

Sociopath တွေကျတော့ အဲ့လို မဟုတ်ဘူး။ သူတို့က
တစ်ယောက်တည်းနေတာ များတယ်။ သူတို့အကြောင်း
ကလွဲပြီး သူများအကြောင်းသိပ်စိတ်မဝင်စားဘူး။ သူတို့
က အပြစ်လည်း ဝန်ခံလေ့မရှိဘူး။ အမြဲတမ်း ဆင်ခြေ
ဆင်တက် ရှိတတ်တယ်။ သူတို့ကို အချို့ပညာရှင်တွေ
က “Hot-headed” လို့ခေါ်လေ့ရှိတယ်။ သူတို့က
တစ်ခါတစ်လေသေချာ မစဉ်းစားပဲ လုပ်ချင်တာ
လုပ်လိုက်လေ့ရှိတယ်။ သူတို့ပြောလိုက်တဲ့စကား
တစ်ခွန်း သူများကိုထိခိုက်သွားလား သိပ်ပြီး မစဉ်းစား
တတ်ကြဘူး။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

Psychopath တွေကတော့ သန္ဓေတည်စဉ်ထဲက..ဗီဇဓာတ်
အချို့ရယ်..ငယ်စဉ်ဘဝမှာ အနိုင်ကျင့်ခံရခြင်း...အစွန့်ပစ်ခံရခြင်း..ပစ်ပယ်ခံရခြင်း..စတာတွေ ပေါင်းစပ်ပြီးဖြစ်လာတာများပါတယ်။

Sociopath တွေဟာ မွေးရာပါ ဖြစ်လာတာမဟုတ်ပဲ
ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုကြောင့် Sociopath
ပုံစံဖြစ်လာကြတာများပါတယ်။ ငယ်စဉ်က အနိုင်ကျင့်
ခံရတာမျိုး...မိသားစုထဲမှာ အနိုင်ကျင့်တဲ့ မိခင်..ဖခင်
ပါတာမျိုး...အနိုင်ကျင့်ခြင်း..ရိုက်နှက်ခြင်း...စတာတွေ
ရှိနေတဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းက မွေးဖွားလာသူ
တွေများပါတယ်။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

Psychopath တွေဟာ သူတို့ဘဝတစ်လျှောက်
တစ်ဖြည်းဖြည်းနဲ့ပိုပိုပြီး အန္တရာယ်ရှိတဲ့ သူတစ်ယောက်
ဖြစ်လာတတ်ပါတယ်။ သူများကို အန္တရာယ်ပေးနိုင်ခြေဟာ
သက်လတ်ပိုင်းအရွယ်မှာ အနည်းငယ်လျော့သွားလေ့ရှိပါ
တယ်။ ဒါပေမယ့် ဒီလိုလူမျိုးတွေကို လျော့တွက်လို့
မရပါဘူး။ သူတို့ဟာ အပြစ်ပေးခံရမှာလည်း သိပ်ကြောက်
လေ့မရှိပါဘူး။ ခံစားတတ်တဲ့အပိုင်းတွေ သိပ်အလုပ်
မလုပ်ကြပါဘူး။ အကြောက်အလန့်လည်း နည်းတတ်ကြ
ပါတယ်။ ဖိအားဝင်တာလည်း နည်းတတ်ကြပါတယ်။ ဒါ့ကြောင့်
သွေးအေးအေးနဲ့ ရက်ရက်စက်စက်လည်း လုပ်တတ်ကြပါ
တယ်။

Sociopath တွေကတော့ အချိန်ကြာလာလေလေ
အန္တရာယ်ပြုတာနည်းသွားလေလေ ဖြစ်တတ်ပါတယ်။
သူတို့ဟာ သာမန်လူတွေလို စိတ်ဖိစီးမှု..စိုးရိမ်မှု..ကြောင့်ကြမှု..
ရှက်ရွံ့မှု..စတာတွေ ရှိတတ်ပါတယ်။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

Psychopath တွေက အရမ်းသွေးအေးကြတယ်...ဘာမှ
မဖြစ်သလိုဟန်ဆောင်တတ်ကြတယ်။ သူတို့က လူတွေနဲ့
ဆက်ဆံရတာ သိပ်ပြီးမကြိုက်ပေမယ့် သူတို့အတွက်လိုအပ်ရင်
ဟန်ဆောင်ပြီး ပေါင်းတတ်ကြတယ်။

Sociopath တွေကတော့ Angry Loser တွေ ဖြစ်လေ့ရှိတယ်။
ရှုံးပြီဆို ဒေါသအကြီးအကျယ်ထွက်လေ့ရှိတယ်။ ရှားလော့ဟုမ်း
လည်း ဒီလိုပဲ အမှုတွေ မပေါ်ပဲ သူ့ဘက်က အရေးနိမ့်နေရင်
နေလို့ ထိုင်လို့ အဆင်မပြေဖြစ်လာရော..

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

Psychopath တွေမှာ သူတစ်ပါးကို စာနာတတ်ခြင်း
လုံးဝမရှိပါဘူး။ကိုယ်ချင်းစာစိတ်ဆိုတာဘာမှန်းတောင်
သူတို့ မသိပါဘူး။ ဟန်ဆောင်ပြီး စိတ်မကောင်းချင်ယောင်
ဆောင်တတ်ပေမယ့် ရင်ထဲမှာဘယ်တော့မှ သူများအတွက်
ခံစားပေးလေ့မရှိပါဘူး။

Sociopath တွေကတော့ ခံစားမှုရှိပါတယ်။ ကိုယ်ချင်းစာ
တရားလည်း ရှိပါတယ်။ လူအများစုမှာရှိတာထက်တော့
နည်းပါတယ်။ နောက်ပြီးအချိန်တိုင်း ခံစားမှုတွေကို
ရိုက်ချိုးထားလေ့ရှိပါတယ်။ ရှားလော့ဟုမ်းနဲ့ ဥပမာပေးရရင်
ရှားလော့ဟုမ်းဟာ သံယောဇဉ်ဆိုတာကို အားနည်းချက်လို့
ခံယူထားပြီး သူငယ်ချင်း ထားလေ့မရှိပါဘူး။ ဒါပေမယ့်
စိတ်ရဲ့အတွင်းတစ်နေရာမှာ လူသားဆန်တဲ့..ကြင်နာတဲ့
စိတ်ရှိနေပါတယ်။ ဒါပေမယ့် အဲ့ဒီစိတ်အပြင်မထွက်အောင်
ချိုးနှိမ်ထားတတ်ကြပါတယ်။ သူတို့ ထိခိုက်လွယ်တဲ့
သူဖြစ်သွားမှာ စိုးလို့ဖြစ်ပါတယ်။

မိုးရှင်း (I.M.T) ရေးသားသည်။ Ref: webmd.com

ဖတ်မိသမျှများကို ပြန်လည်ဝေမျှသည်။

WebMD - Better information. Better health. The leading source for trustworthy and timely health and medical news and information. Providing credible health information, supportive community, and educational services by blending award-winning expertise in content, community services, expert commentary, and medical review.

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


3/306, Gandamar Road, Waibargi, N Okkalapa
Yangon
11031