Hnin Su
Mindfulness And Business
29/06/2023
တကယ်လိုချင်တဲ့ အောင်မြင်ခြင်းကို စိတ်ထဲနှလုံးသားထဲကနေ အရင်ဆုံးခံစားကြည့်လိုက်တယ်။
အရင်က ကိုယ်ဘာလိုချင်မှန်းမသိတဲ့စိတ် အခြေအနေကနေ လိုချင်တာကိုသိတဲ့စိတ်အခြေအနေနဲ့ အတော်လေးကွာခြားတယ်။
ငါကတော့မရနိုင်ပါဘူးဆိုတဲ့စိတ်ကို ငါကသေချာပေါက်အောင်မြင်မယ့်သူဖြစ်တယ်လို့ အတွေးရဲရဲတွေးဖြစ်ခဲ့ပြီ။
အရာရာက စိတ်မှာဖြစ်နေတာပါပဲ။
စိတ်ဟာ တလောကလုံးပဲဆိုတာ လက်ခံလိုက်ပါပြီ။
ချစ်တဲ့
29.6.2023
📸by my father
29/06/2023
သဘာဝ
သိတယ် ကြားဖူးနေကြစကားလုံးပဲ
နားလည်ဖို့တော့
ကြိုးစားရတယ်။
သူ့အကြောင်းသ်ိပြီဆိုရင်တော့
သူက နုသည်ဖြစ်စေ ကြမ်းသည်ဖြစ်စေ
သူ့အလှအပမှာ မျောပါလို့ ခံစားသက်ဝင်လို့ရပြီ။
သဘာဝအတိုင်းလေးလက်ခံလို့ရပြီ။
ချစ်တဲ့
📸by my father
22/06/2023
မင်္ဂလာနေ့ရက်လေးဖြစ်ပါစေရှင်🙏
အခုလက်ရှိ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်
ကိုယ့်အတွက် အလိုအပ်ဆုံးက ဘာဖြစ်မလဲလို့ သေချာလေးတွေးကြည့်ရအောင်။
ကျမတို့ လူ့ဘဝကြီးကို ကုသိုလ်အဟုန်ကြီးလို့ ဖြစ်လာကြပြီ။
ကံအကောင်းဆုံးလူ့ဘဝမှာ အရေးအကြီးဆုံးနဲ့ အမြန်ဆုံးရဖို့ လိုအပ်တာက သံသရာမှလွတ်မြောက်ဖို့ တကယ်ကို အရေးကြီးပါတယ်။
ဦးခေါင်းမီးလောင်၊ ရင်ဝလှံစူးတာထက် ဒိဌိပြုတ်ဖို့ အရင်ဆုံးလုပ်ပါတဲ့။
ကြားဖူးတာကြာပါပြီ။
ဒီဌိပြုတ်တရားတွေ နာကြားကျင့်ကြံခဲ့ပြီးပြီ။
ဒါပေမယ့် ဒီဘဝမှာတော့ သံသရာလွတ်ဖို့ မဖြစ်နိုင်ပါဘူး။ အပယ်လွတ်ရင်တော်ပါပြီပေါ့။
ဆရာကောင်းနဲ့တွေ့ရတဲ့အခါ သံသရာလွတ်ကြောင်းကို တိုတိုနဲ့လွယ်လွယ်ရှင်းရှင်းဟောကြားပေးလို့ နိဗ္ဗာန်ရောက်ကြောင်းလမ်းကြောင်းပေါ်သွားဖို့ ကိုယ်ပိုင်ဥာဏ်တွေနာကြားခဲ့ရပြီ။
ကိုယ်တိုင်ကျင့်ကြံဖို့ကျတော့ တဖြည်းဖြည်းကျင့်ကြံကြတယ်။
တကယ်တော့ ကျမတို့ရဲ့ နေရဖို့အချိန်ဘယ်လောက်ကျန်လဲဆိုတာ ဘယ်သူမှ မသိနိုင်ကြပါဘူး။
ငယ်ငယ်နဲ့ သေဆုံးသွားတဲ့သူတွေဆို သူတို့ကိုယ်သူတို့ ဘယ်ထင်ကြမှာလဲ။
ဘယ်အချိန်သေမှာကို မသိကြပေမယ့် တရားအသိရှိဖို့ အရေးအကြီးဆုံးနေရာ မထားမိပါဘူး။
တဖြည်းဖြည်းပေါ့။ အချိန်တွေအများကြီးရှိသေးတယ်လို့ ထင်နေကြတယ်။
ကျမ အရင်နေ့က ပြောင်းဖူးစားမိလို့ လေထိုးတယ်။ ဗိုက်တပြင်လုံးတင်းကျပ်ပြီး နာနေလိုက်တာ။
ဒါက သေခါနီးဝေဒနါလောက်မပြင်းဘူးဆိုတာသိပေမယ့် ခံရခက်တယ်။
သက်သာအောင် ဆေးသောက်ပြုပြင်ပေးပေမယ့် တစ်ညလုံးနီးပါးခံစားခဲ့ရတယ်။
ဒီအချိန်မှာ တရားလက်ကိုင်ထားရှူ ငါမဟုတ်ဘူး။ ရုပ်ကြီးက ဖောက်ပြန်နေတာပါလား သညာသိနဲ့ သိပေမယ့် ပျောက်ချင်ဇောကြီးလေ ပိုနာလေပဲ။
ကျေးဇူးရှင်ဆရာတော်ဦးကုသလ ပေးထားတဲ့ ရုပ်ဇာတိတရားကို လက်တွေ့ကျင့်ကြံရသလိုပါပဲ။
ဗိုက်တပြင်လုံးဟာ ပူနေတယ်။စိတ်ဇောကြီးရှိနေတော့ ခန္ဓာကိုယ်က တောင့်ထားပြီးတင်းနေတယ်။
စိတ်ကလေးလျှော့ပြီး ဓာတ်ကြီးလေးပါးတုံးကြီးကို ခြောက်ပေခေါင်းထဲထည့်ပစ်လိုက်တယ်။
ငါမဟုတ်ဘူးလေ။ သတိနဲ့ နာတယ်ဆိုတဲ့အတွေးတွေကိုပဲ စောင့်ကြည့်ပြီး မတွေးနဲ့ကမ္မဌာန်းနဲ့ ရှူနေတော့မှ ရုပ်နဲ့စိတ်ကွာပြီး နာနေတာသက်သက် သိနေတာသက်သက်ခွဲထားနိုင်မှ သက်သာလာတယ်။
တရားဆိုတာ လက်တွေ့သိရတဲ့အရာပါလား။
သေခါနီး လေက နံရိုးတွေပြတ်ထွက်မတတ်ထိုးနေမယ်။ တစ်ကိုယ်လုံးက လေထိမခံနိုင်အောင်နာနေမယ်။ဒီလိုအချိန် သားတွေမြေးတွေစွဲနေရင်တော့ အပယ်လေးပါးမလွတ်နိုင်ပါဘူး။
စိတ်တွေက အတိတ်အနာဂတ်ပစ္စုပ္ပန်တည့်တည့်ဘာမှမရှိတာကိုသိနေမှသာ ကာလသုံးပါးလွတ်တဲ့နေရာမှာနေနိုင်မှသာ သံသရာမှလွတ်နိုင်မယ်ဆိုတာကို တခဏသိလိုက်ရတယ်။
အစဥ်သိဖို့ အမြဲသတိရှိရတော့မယ်။
အဲဒီတော့ လက်ရှိအချိန်ပဲ ကျန်ပါတော့တယ်လို့။
အခုနေကောင်းနေပေမယ့် ခဏနေဘာဖြစ်လာမယ်ဆိုတာ မပြောနိုင်ပါဘူး။
ဒါကြောင့်ဥာဏ်လေးပိုရင့်ချင်လို့ ဒီနေ့ ဆရာတော်ဦးကုသလ ယောဂီဟောင်း၃ရက်တရားစခန်းလေးဝင်လိုက်ပါဦးမယ်ရှင့်။အသေမဦးခင် ဥာဏ်ဦးအောင် ကြိုးစားအားထုတ်ကြပါဆိုတဲ့ မိုးကုတ်ဆရာတော်ဘုရားကြီးမှာကြားခဲ့တာကို ကိုယ်တိုင်ဝေဒနါခံစားရတဲ့အခါ ပိုသိသွားပါတယ်။အားလုံးအတွက် နောက်ဆုံးအချိန်ဟာ အခုလက်ရှိအချိန်ပါ။
ချစ်တဲ့
22.6.2023
📸 by my father
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Hlaing Thar Yar
Yangon