Develop companie Ltd.
အားလုံးတိုးတက်ကြီးပွားဖို့ အမြန်ဆက်သွယ်ကြပါစို့
22/07/2022
27/06/2022
ပြည်သူအများလေ့လာနိုင်ရန် ပါ၀င်နိုင်ရန် ကြိုဆိုပါသည်။
join*phone - 09781002526
==========
U Win Kyaw Myint Develop Companie Limited
ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်(ခံ၀န်ချက်အားဖြင့်တာ၀န်ကန့်သတ်သော)၏ဖွဲ့စည်းပုံအခြေခံစည်းများ ၁။ ဖွံ့ဖြိုးရေးစီးပွားရေးလုပ်ငန်းဆိုသည့်အတိုင်း တည်ထောင်သူများကတိုင်းပြည်တိုးတက်ရန် လူသားအရင်းအမြစ်တိုး တက်ရန် အစွမ်းကုန်ကြိုးစားမည်ဖြစ်ပြီး ပါ၀င်ပါတ်သတ်သူများကလည်း လိုက်ပါဆောင်ရွက်ရမည်။ ၂။ ကုမ္ပဏီတွင်ဒါရိုက်တာများနှင့် ၀န်ထမ်းများကကုမ္ပဏီနှင့် ရှယ်ယာရှင်များအကျိုးစီးပွားကို အစွမ်းကုန် တာ၀န်ယူဦး ဆောင်သွားပါမည်။ ၃။ စာရင်းကိုင်များ ၊ ဆရာ၀န်များ ၊ ရှေ့နေများ ၊ အင်္ဂလိပ်ဆရာများ ၊အင်ဂျင်နီယာများ အများအပြားပါ၀င်မည်ဖြစ်ပြီးထို၀န် ထမ်းများ၏လုပ်အားခကို ရှယ်ယာရှင်များကကျခံခြင်းမရှိစေရ။ ၄။ ကုမ္ပဏီသည် ဆယ်သိန်းကျပ်တန်ရှယ်ယာများအား ၀န်ထမ်းမဟုတ်သူ ၅၀ ဦးကိုထုတ်ရောင်းသွားမည်ဖြစ်ပြီး ရှယ်ယာ၀ယ်ယူနှုန်း အလိုက် လက်ခံသွားမည်။ ရှယ်ယာမှာ RED အမျိုးအစားဖြစ်ပါသည်။ ၅။ ရှယ်ယာရှင်များသည် တစ်လအတွင်း ၂ ကြိမ်အထိအကျိုးအမြတ်များကို ရှယ်ယာအားလုံးတွင်ပါ၀င်သောဝေစုအလိုက် ရာခိုင်နှုန်းအလိုက် ခံစားခွင့်ရှိသော်လည်း ကုမ္ပဏီကပေးရမည့် ကြွေးမြီးများအားပါ၀င်ပေးသွင်းစရာမလိုပါ။ ၆။ ရှယ်ယာရှင်များသည် ရှယ်ယာလက်မှတ်အား ငွေပြန်ထုတ်ယူလိုပါက အနည်းဆုံးအကျိုးအမြတ် တစ်ကြိမ်ထုတ်ယူပြီးမှ သာပေးသွင်းထားသောငွေကြေးအတိုင်း ရယူခွင့်ရှိသည် ။ ရှယ်ယာရှင်များအားလုံးတပြိုင်တည်း ပြန်လည်ထုတ်ပေးချင်မှ ထုတ်ပေးမည်ဖြစ်သော်လည်း နောက်အကြိမ်များတွင်ပြန်ထုတ်လိုသူအားလုံးကိုထုတ်ပေးပါမည်။ ၇။ ကုမ္ပဏီကလည်းလိုအပ်ပါက ရှယ်ယာရှင်များပိုင်ဆိုင်ထားသောရှယ်ယာများကို နဂိုတန်ဖိုး၏ ၂ ဆဖြင့်ပြန်လည်ရယူနိုင် ခွင့်ရှိသည်ကို ရှယ်ယာရှင်များကသဘောတူပြီးသားဖြစ်ရပါမည်။ ၈။ ရှယ်ယာရှင်များသည် စီးပွားတိုးတက်အောင်လုပ်ငန်းများပိုမိုကောင်းမွန်အောင်အကြံအဥာဏ်များကိုစာဖြင့်ရေးသားပေး ပို့ပါ၀င်ခွင့်ရှိပြီး အဆိုပါအကြံအဥာဏ်အားလုံးကိုဖြစ်စေ တစိတ်တစ်ပိုင်းကိုဖြစ်စေကုမ္ပဏီကသုံးစွဲပါက ထိုက်တန်သောငွေ ကြေးတစ်ခုဖြင့်အသုံးပြု့မည်ဖြစ်သော်လည်း ကုမ္ပဏီ၏အုပ်ချုပ်ရေးနှင့် ဆုံးဖြတ်ချက်များတွင်ပါ၀င်ပါတ်သတ်ခြင်းမပြု့ရ။ ၉။ ကုမ္ပဏီတည်နေရာရုံးခန်းမှာ အမှတ်(၁၆၀) ဘုန်းကြီးလမ်း၊ ၂၄ ရပ်ကွက်(တောင်ပိုင်း)၊ ရွှေပြည်သာ၊ ရန်ကုန်ဖြစ်သည်။ ၁၀၊ ကုမ္ပဏီသည်ကုသိုလ်လည်းရ ၀မ်းလည်း၀ ၊ အများအကျိုးဆောင် ကိုယ်ကျိုးအောင် ဆိုသကဲ့သို့သော စီးပွားရေးများ ကိုလုပ်ကိုင်ပြီး Consumer (ခံစားသူများ) နှင့် အစုရှယ်ယာပါ၀င်သူများ(ငွေရင်းစိုက်သူများ)အားလုံးကိုအကျိုးရှိအောင်စီမံ ခန့်ခွဲမှု့နည်းပညာဖြင့် စီးပွားလုပ်နေသည်ကို အကောင်းမြင်ကာ ပါ၀င်ဆောင်ရွက်ကြရန်တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ ၁၁။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အခန်း(၅)ပါ ပုဒ်မ ၁၁ ၊ ၁၂ ၊ ၁၃ များလည်း ဤဖွဲ့စည်းပုံစည်းမျည်းတွင်အကြုံး ၀င်ကြောင်းကုမ္ပဏီဖြင့်ပါတ်သတ်သူတိုင်းနားလည်သိရှိရမည်။
၁၂။ ဖွံ့ဖြိုးရေးစီးပွားရေးလုပ်ငန်းကုမ္ပဏီလီမိတက်၏ ခံစားခွင့်ရသူများနှင့်သာသတ်ဆိုင်သော တန်ဖိုးနည်းတိုက်ခန်းနှင့် လူမှု့ဘဝြမှင့် တင်ခြင်းဆိုင်ရာ လိုက်နာရမည့်နောက်ဆက်တွဲအခြေခံစည်းများမှာ-
က။ လူတိုင်းလူမှု့ဘဝြမှင့်တင်မည့်အစီအစဉ်တွင်ပါ၀င်နိုင်သည်။ သို့သော်ခံစားခွင့်ကတ်နှင့်ကံစမ်းမဲနံပါတ်များရရှိပြီး ခံစား
ခွင့်ကြေး ပုံမှန်ပေးသွင်းသူများသာလျှင် တိုက်ခန်းများမဲဖောက်ခြင်းနှင့် လူမှု့ဘဝြမှင့်တင်ခြင်းအစီအစဉ်တွင်ပုံမှန်ပါ၀င်နိုင်
မည်ဖြစ်သည်ကို ခံစားခွင့်ရရှိသူများ သိရှိနားလည်ရပါမည်။
ခ။ တိုက်ခန်းများမဲဖောက်ပေးမည့်အစီအစဉ်တွင် မိသားစု၀င်ရှိသလောက်ပါ၀င်ခွင့်ရှိပါသည်။ သို့သော် ၂ ပတ်ကို ၅၀၀ ကျပ်
ပေးသွင်းရုံဖြင့် တိုက်ခန်းမဲဖောက်ပေးသည်ဆိုပါကရလိုဇောဖြင့် မရှိသောနာမည်များထည့်၍ မဲပေါက်ခဲ့သည်ကိုစစ်ဆေး တွေ့ရှိပါကတိုက်ခန်းကိုပြန်သိမ်းမည့်အပြင် အဆိုပါမရိုးဖြောင့်သူကိုလည်း ခံစားခွင့်များရုတ်သိမ်း၍ အဆိုပါတိုက်ခန်းကို လည်း နောက်မဲဖောက်မည့်အခါတွင် အပိုထည့်သွင်းမဲဖောက်ပေးပါမည်။
ဂ။ ပထမဦးဆုံးယုံယုံကြည်ကြည်ပါ၀င်သူများကို ကျေးဇူးဆပ်မည့်အစီအစဉ်ရှိပါသည်။ နောက်ပိုင်းတွင် ၂ ပတ်ကို ၅၀၀ ကျပ်
ပေးသွင်းရုံဖြင့် တန်ဖိုးနည်းတိုက်ခန်းများရလိုကာ တလဟောပါ၀င်လာမည့်လူများထက်မူ တိုက်ခန်းပေးဝေရာတွင် အခွင့်ပို
သာသောအခွင့်အရေးများရရန် စီမံသွားပါမည်။
ဃ။ တိုက်ခန်းကိုမိသားစု ၅ ယောက် ချောင်ချောင်ချိချိနေနိုင်မည့်အနေအထားဆောက်ပေးမှာဖြစ်သဖြင့် မိသားစု၀င်အကုန်
လုံးမဲပေါက်နေသော်လည်း ၅ ယောက်ဆိုပါက တစ်ခန်းရပါမည်။ ၅ ယောက်ထက်ပိုပါက ၂ ခန်းရပါမည်။ ၁၀ ယောက်ထက်
ပိုပါက ၃ ခန်းရပါမည်။ တိုက်ခန်းတွင်နေထိုင်သူတိုင်း ဖွံ့ဖြိုးရေး
ရေးကုမ္ပဏီခံစားခွင့်ကြေး(၅၀၀ ကျပ်)ပုံမှန် ပေးသွင်းနေသူ ဖြစ်ရပါမည်။ လူမှု့ဘဝြမှင့်တင်ခြင်းအစီအစဉ်ကို တစ်သက်လုံးခံစားခွင့်ရှိပါသည်။ မဲပေါက်တိုက်ခန်းတွင်နေထိုင်သူဖြစ်ပါက
တိုက်ခန်းများမဲဖောက်မည့်အစီအစဉ်တွင် ပါ၀င်ထည့်သွင်းတော့မည်မဟုတ်ပါ။ တိုက်ခန်းသီးသန့်လိုချင်ပါက မဲပေါက်ထား
သောတိုက်ခန်းတွင်မနေဘဲ သီးသန့်နေရပါမည်။
င။ မဲပေါက်ထားသောတိုက်ခန်းကိုဆက်ခံမည့် မိသားစု၀င်ဖြစ်ပါက ထိုတိုက်ခန်းကိုဆက်ခံမည့်ရက်မှရေတွက်ပါက ၃ နှစ်လုံး
ကို ရက် ၆၀ သာပျက်ကွက်၍နေထိုင်ထားသူဖြစ်ရပါမည်။ သန်းခေါင်စာရင်း၀င်မဟုတ်သူကို လက်ဆင့်ကမ်းနေထိုင်ခွင့်မပြု့
ပါ။ အခကြေးငွေဖြင့်သော်လည်းကောင်း တစ်စုံတစ်ရာသောအကျိုးရလိုမှု့ဖြင့်သော်၎င်း ဆက်ခံခွင့်မရှိသူကို လက်ဆင့်ကမ်း
သည်ကိုစစ်ဆေးတွေ့ရှိပါက ကုမ္ပဏီ၏ကန့်သတ်တားမြစ်ချက်ကိုချိုးဖောက်သဖြင့် ခံစားခွင့်ရှိသူမှထုတ်ပယ်မည့်အပြင် တရားစွဲဆိုခြင်းပါခံရပါမည်။ အဘယ့်ကြောင့်ဆိုသော်ကုမ္ပဏီသည် မဲပေါက်ပြီးတိုက်ခန်းနေထိုင်ခွင့်ရသူများကို ၉ နှစ်တစ် ကြိမ်အငှားစာချုပ်ဖြင့် တိုက်ပျက်စီးသည်ထိနေထိုင်ခွင့်ပြု့ထားခြင်းဖြစ်သည်။ ရေမီတာ၊ မီးမီတာနှင့် နိုင်ငံတော်ကကောက် သောအခွန်အခများကို နေထိုင်သူများကသာပေးဆောင်ရပါမည်။ တိုက်ခန်းတွင်နေထိုင်ခွင့်ရသူများကို ကုမ္ပဏီကငွေကြေး များထပ်မံတောင်းခံထားခြင်းမရှိဘဲ တိုက်ခန်းတွင်နေထိုင်သူများကိုသာ ပုံမှန်ခံစားခွင့်ကြေးသာတောင်းခံထားပြီး တိုက်ခန်း
မဲဖောက်သည့်အစီအစဉ်မှလွဲ၍ လူမှု့ဘဝြမှင့်တင်ခြင်းအစီအစဉ်အကုန်လုံးကိုခံစားခွင့်ပြု့ထားပါသည်။(တချို့တိုက်ခန်းမ လိုအပ်သော ပါ၀င်သူများအနေဖြင့် မဲပေါက်လာပါက ထိုသူ၏အခွင့်အရေးမယူပါ၀င်ခြင်းကိုလည်း ထိုတိုက်ခန်းတွင်ကမ္ပည်း
တင်ပြီး နောက်တစ်ကြိမ်မဲဖောက်ရာတွင် အပိုတိုက်ခန်းအနေဖြင့်မဲဖောက်ပေးပါမည်။)
စ။ ကုမ္ပဏီ၏အခြေခံစည်းမျည်းများကိုမလိုက်နာသူများအနေဖြင့် ခံစားခွင့်များရုတ်သိမ်းပြီး ထုတ်ပယ်ခံရပါမည်။ ခံစားခွင့်ရ
သူအချင်းချင်းပြဿနာဖြစ်ပွားပါက ပြဿနာစသူကိုအရေးယူပါမည်။ တုံ့ပြန်ချက်ကြီးသူကိုအရေးယူပါမည်။ ခံစားခွင့်မ ဟုတ်သူကို ပြဿနာရှာပါကလည်း အရေးယူပါမည်။ ကုမ္ပဏီရှေ့နေများ၏ တရားစွဲဆိုခြင်းကိုလည်းခံရနိုင်ပါသည်။
ဆ။ ပါ၀င်သူများအနေဖြင့် အပတ်စဉ်ခံစားခွင့်ကြေးများပေးသွင်းကြရာတွင် တစ်ကြိမ်ပျက်ကွက်သူများကို ထို ၁ လအတွင်း
လူမှု့ဘဝြမှင့်တင်ခြင်းအစီအစဉ်များခံစားခွင့်ရုတ်သိမ်းထားပြီး တိုက်ခန်းမဲဖောက်ရာတွင် ပေါက်မဲတစ်ကြိမ်ကိုခံစားခွင့်မ ပြု့ပါ။ ၂ ကြိမ်ပျက်ကွက်သူများကို ထိုအနီးဆုံး ၂ လအတွင်းခံစားခွင့်များမပေးတော့မည့်အပြင် တိုက်ခန်းမဲဖောက်ရာတွင် ပေါက်မဲ ၂ ကြိမ်ကိုခံစားခွင့်မပြု့ပါ။ ၃ ကြိမ်ပျက်ကွက်သူများကို ခံစားခွင့်ရှိသူအဖြစ်မှ ရာသက်ပန်ထုတ်ပယ်သွားပါမည်။ ထို
သူနှင့်ကုမ္ပဏီဘာတစ်ခုမှပါတ်သတ်ခြင်းမရှိတော့ပါ။ ထိုသူကမလိုက်နာဘဲနှောက်ယှက်ပါက တည်ဆဲဥပဒေများနှင့်အညီ တရားဥပဒေအတိုင်း ပြတ်ပြတ်သားသားရင်ဆိုင်သွားပါမည်။ သက်ဆိုင်ရာကာလအတွင်း ခံစားခွင့်ကြေး ၅၀၀ ကျပ်မပေး သွင်းပါကတစ်ကြိမ်ပျက်ကွက်သူအဖြစ်သတ်မှတ်ပါမည်။ ပျက်ကွက်သူများအနေဖြင့်ပျက်ကွက်သူမဖြစ်လိုကြောင်း လျှောက်
ထားပါက ခံစားခွင့်ကြေး၏ ၁၀ ဆဖြင့်လျှောက်ထားရာတွင် သက်ဆိုင်ရာကုမ္ပဏီအရာရှိများ၏ဆုံဖြတ်ပေးမှု့အရ ပျက်ကွက်
ခြင်းကိုပယ်ဖျက်နိုင်ပါသည်။ ၂ ကြိမ်ပျက်ကွက်သူမဖြစ်လိုပါက ခံစားခွင့်ကြေး၏ ၁၀၀ ဆဖြင့်လျှောက်ထားနိုင်သည်။ သို့သော် အရာရှိများ၏ဆုံးဖြတ်မှု့ကသာအတည်ဖြစ်ပါသည်။ ၃ ကြိမ်ပျက်ကွက်သူကိုမူ ဘာအကြောင်းပြချက်မှမရှိ ရာ သက်ပန် ခံစားခွင့်ရှိသူအဖြစ်မှ ထုတ်ပယ်ပြီးသားဖြစ်စေရပါမည်။(ဖွံံ့ဖြိုးရေးကုမ္ပဏီသည် လူတိုင်း၀န်မလေးစေသော ၂
ပတ်ကို ၅၀၀ ကျပ်သာသတ်မှတ်ထားပြီး အနည်းဆုံးကိုတောင်း၍ အများဆုံးကိုပေးထားခြင်းဖြစ်သဖြင့် မလိုက်နာသူများကို
လည်း ပြတ်ပြတ်သားသားတုံ့ပြန်ထားခြင်းဖြစ်ပါသည်။ စည်းကမ်းရှိမှတိုင်းပြည်တိုးတက်ပါမည်။)
ဇ။ တိုက်ခန်းတွင်နေထိုင်ခွင့်ရသူတိုင်း ခံစားခွင့်ကြေးပေးရမည့်အချိန်နောက်ကျခဲ့ပါက အပါတ်စဉ်ကြေး၏ အဆ ၁၀၀ ဖြင့် လျှောက်ထားနိုင်ပါသည်။ တစ်ပတ်အတွင်းလျှောက်ထားခြင်းမရှိပါက မဲပေါက်ထားသောတိုက်ခန်းကို တစ်ပတ်အတွင်း သိမ်းယူသွားပြီး မရသေးသောခံစားခွင့်ရှိသူများကိုအပိုမဲဖောက်ပေးပါမည်။ ထိုသို့ပျက်ကွက်ဒဏ်ကြေးဆောင်ခြင်းကိုလည်း
၃ ကြိမ်သာလက်ခံ ပယ်ဖျက်ပေးမည်ဖြစ်ပြီး ၄ ကြိမ်မြောက်တွင် အကြောင်းပြချက်မရှိ မဲပေါက်တိုက်ခန်းကိုပြန်လည်သိမ်းယူ
ခံရပါမည်။ ခံစားခွင့်ရှိသူများအနေဖြင့် ပျက်ကွက်သူများမဖြစ်လိုပါက အပတ်စဉ်ကြေးကိုကြိုတင်ပေးသွင်းနိုင်မည့်အစီအစဉ်
များ ပြု့လုပ်ပေးထားပါသည်။
စျ။ ဖွံ့ဖြိုးရေးစီးပွားရေးကုမ္ပဏီသည်တိုင်းပြည်၏လိုအပ်ချက်များကိုတစ်ထောင့်တစ်နေရာက ပါ၀င်သယ်ပိုးနေသည်ကိုသင်
စာတတ်ပါကသိမြင်နိုင်ပါသည်။ထေိုကြာင့်ကုမ္ပဏီ၏လူမှုဘဝြမှင့်တင်ခြင်းလုပ်ငန်းစဉ်များကိုနှောက်ယှက်ဖူးခြင်း၊မမှန်မကန်
သတင်းများဖြန့်ဝေနေခြင်းကို စစ်ဆေးတွေ့ရှိပါက ခိုင်မာသောအထောက်အထားများဖြင့် ကုမ္ပဏီရှေ့နေများ၏ထိုက်သင့် သည့်တရားစွဲဆိုခြင်းများရင်ဆိုင်ရပါမည် ။ ထို့ကြောင်ဖွံ့ဖြိုးရေးကုမ္ပဏီ၏ လုပ်ရပ်နှင့်ပါတ်သက်ပြီး မျက်တောင်တဆုံးမ
ကြည့်ဘဲ မျက်စိတစ်ဆုံးကြည့်ပေးစေလိုပါသည်။
ည။ ခံစားခွင့်ရ တိုက်ခန်းနေခွင့်ရသူများအနေဖြင့် အချင်းချင်းထိန်းထိန်းသိမ်းသိမ်း နေထိုင်သွားပြီး ဖောက်ဖျက်သတင်းများ
ကိုလည်း အလျင်အမြန်အကြောင်းကြားခြင်းဖြင့် ခံစားခွင့်ရသူများအပြစ်ဒဏ်လှိုင်းဂရက်မှလွတ်မြောက်နိုင်ရန်စီစဉ်ထားပါ သည်။ ထိုသို့မဟုတ်ဘဲ ခံစားခွင့်ရသူတစ်ဦးက ကုမ္ပဏီကပြဌာန်းထားသော အခြေခံဖွဲ့စည်းပုံစည်းမျဉ်း ပုဒ်မ ၁၂ ရှိပုဒ်မခွဲ များတစ်ခုခုဖောက်ဖျက်ခြင်းကို အကြောင်းမကြားဘဲဖာသိဖာသာနေထိုင်ပါက ကြံရာပါမှု့ဖြင့်သတ်မှတ်ခံရပါမည်။
ဋ။ ကုမ္ပဏီ၏မဲဖောက်ပေးထားသောတိုက်ခန်းများတွင် နေထိုင်ခွင့်ရသူများအနေဖြင့် တိုက်ခန်းကိုပြု့ပြင်ခြင်း၊ ပြင်ဆင်ခြင်း များပြု့လုပ်လိုပါက ကုမ္ပဏီသို့အကြောင်းကြားရမည်ဖြစ်ပြီး ကုမ္ပဏီကခွင့်ပြု့သည့်ပုံစံမျိုးကိုသာ ပြင်ဆင်ခွင့်ရပါမည်။
ဌ။ မည်သို့ဆိုစေဖွံ့ဖြိုးရေးကုမ္ပဏီသည် ခံစားခွင့်ရသူများ၏နှမ်းတစ်စေ့စီလိုက်လံတောင်းယူစုဆောင်းကာ လူမှု့ဘဝြမှင့်
တင်ခြင်းများကိုဆောင်ရွက်နေခြင်းဖြစ်ကြောင်းကိုသိမြင်နိုင်လောက်ပါပြီ ။ တစ်ကယ့်ဆိုရှယ်ကျသောအစုကြီးဖြစ်သည့်အ ပြင် ဝိုင်းကြီးချုပ်စနစ်ဖြင့်လည်ပတ်နေပြီး ပေးဆပ်မှု့များဖြင့်အပြန်အလှန်နားလည်မှု့များရယူကာ တရားမျှတသောလွန်စွာ ကောင်းမွန်သော လူ့အသိုက်အ၀န်းကြီးဖော်ဆောင်နေသည်ကို သိမြင်နိုင်ပြီဖြစ်သော လူကြီးမင်းများနှင့် မြန်မာပြည်သူတစ်
ရပ်လုံးအား ခံစားခွင့်များရယူကြရန် လေးလေးမြတ်မြတ်ဖိတ်မန္တကပြု့လိုက်ပါသည်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
အမှတ် ၁၆၀ ၊ ဘုန်းကြီးလမ်း ၊ ၂၄ ရပ်ကွက် ၊ ရွှေပြည်သာ ၊ ရန်ကုန်တိုင်းဒေသကြီး။
Yangon