Corchet with Me
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Corchet with Me, Shopping Service, Yangon.
27/09/2021
မင်မင်ရဲ့တူမလေးအတွက်ထိုးဖြစ်တဲ့ one set လေး
အိမ်မှာရှိတဲ့မီးမီးလေးတွေအတွက်လည်းမှာလို့ရတယ်နော်
ကောင်မလေးတွေအတွက်ကတော့ customized designs
လေးတွေပြပြီးလည်းလာမှာလို့ရနေပါပြီး
Can Order Now!
waiting time~ 2 or 3 week
cb for details:
07/09/2021
𝙀𝙈𝙀𝙍𝙂𝙀𝙉𝘾𝙔 𝘽𝘼𝙂 အရေးပေါ်အိတ်ဆိုတာ
၁ -
အရေးအကြီးဆုံးက ဓါးပါပဲ။
မယုံမရှိနဲ့ တောထဲရောက်ရင် ဓါးတစ်ချောင်းမှမရှိရင် အသက်ရှင်ဖို့ သိပ်ခက်ပါတယ်။
ရမ်ဘိုဓါးလိုမျိုး ၆ လက်မလောက်ရှိတဲ့ ဓါးကောင်းကောင်းတစ်လက်မှမရှိရင် အသက်ရှင်ဖို့ အတော်ခက်ပါတယ်။
စားစရာမရှိလို့ အုန်းသီး ခွါမယ်ဆိုရင်တောင် တရုတ်ခြင်္သေ့ခေါင်းကရင် ခွါသလို လက်သီးနဲ့ ထိုးခွါနေရပါလိမ့်မယ်။
၂ -
ဒုတိယအရေးအကြီးဆုံးက မီးခြစ်ပါ။
ဇစ်ပိုလိုမျိုး တော်ရုံ ရာသီဥတုကြမ်းရင်တောင် ခြစ်လို့ရတဲ့ မီးခြစ် ဖြစ်ရပါမယ်။
မီးက တွေ့ကရာနဲ့ လုပ်ရသိပ်ခက်ပါတယ်။
မယုံရင် ကောက်ရိုးခြောက်ပုံပြီး သစ်ကိုင်းကိုအပေါက်ထဲထည့်ပြီး လှည့်ကြည့်ပါ။ ကျောက်ခဲကို ခတ်မယ်ဆိုလဲ ခတ်ကြည့်ပါ။ ကိုယ်တိုင်လုပ်ဖူးတာတော့ မီးတောက်ဖို့အသေခက်ပါတယ်။
၃ -
ရေဗူး
မရှိမဖြစ်လိုတဲ့အရာပါ။ သံဗူးဖြစ်ရပါမယ်။ ကော်ဗူး ဖန်ဗူး လုံးဝအလုပ်မဖြစ်ပါ။
အရမ်းကြီးလို့မရ၊ လောဘကြီးပြီး ဘူးအကြီးကြီးထည့်ရင် လူအများစုအတွက် သယ်ရတာ အတော်တိုင်ပတ်ပါတယ်။
မယုံရင် ရေသန့် ၁ လီတာဗူး ၃ ဗူးလောက်ပဲ ကျောပိုးအိတ်ထဲထည့်ပြီး အထပ်မြင့်တက်ကြည့်ပါ။ ကျနော်ကိုယ်တိုင် ကျိုက်ထီးရိုးတောင်တက်ရာမှာ သူငယ်ချင်းတွေအတွက် ၅ ဗူး ၆ ဗူး ထည့်သယ်ဖူးတော့ ကောင်းကောင်းသိပါတယ်။
တကယ်တန်း ဝေးဝေးသယ်ပြီဆို ဝိတ်နည်းနည်းလေးကအစ ပြဿနာတက်ပါတယ်။
ရေဗူးအပြင် Lifestraw ရှိရင် ပိုကောင်းပါတယ်။ ဘာလဲဆို ဘယ်လောက်ညစ်ပတ်တဲ့ ရေအိုင်ကဖြစ်ဖြစ် စုတ်သောက်လို့ရတဲ့ ရေသန့်ပေးတဲ့ ပိုက်ကလေးပါ။ ကမ္ဘာမှာနာမည်အလွန်ကြီးပါတယ်။
၎ -
စားစရာ အခြောက်အခြမ်း။
ဗိုက်ဝဖို့ထက် အာဟာရဖြစ်စေဖို့ကို ဦးစားပေးထည့်ရပါမယ်။ တကယ်ပြဿနာတက်ပြီဆို ငတ်တာက ငတ်ဖို့များပါတယ်၊ ဒါပေမယ့် အားမပြတ်ဖို့လိုတာပါ။ အရေးပေါ်အစားအစာရွေးမယ်ဆို ဒီသဘောကို ခွဲခြားသိရပါမယ်။
တကယ်ငတ်ပြီဆို ဘယ်လိုဟာတွေ အကျိုးရှိလဲဆို ကျနော့်အတွက် ဦးစားပေးက ချော့ကလက်ပါပဲ။ ချော့ကလက် တစ်တောင့်ဟာ တစ်နေကုန် သွားဖို့ အင်အားရပါတယ်။ ဗိုက်က ဂွီတာကို မပြောပါဘူး၊ အာဟာရပြတ်ပြီး မူးလဲမသွားဖို့ကိုပြောတာပါ။
ခေါက်ဆွဲခြောက်ဘာညာက ဝန်ပွပြီး အလုပ်မဖြစ်ပါ။ မီးဖိုနေရပါမယ်၊ ပြီးတော့ အာဟာရသိပ်မပါပါဘူး။
ဝန်သေးသေးနဲ့ ခန္ဓာကိုယ်အတွက်လိုတဲ့ အာဟာရပေးနိုက်တာတွေကို ရွေးပါ။ ချော့ကလက်ထက်ကောင်းတာကတော့ UN က ဝေတဲ့ Emergency food ဘီစကစ်ကဲ့သို့ အထုတ်တွေပါပဲ (နာဂစ်တုန်းက ခေတ်စားလိုက်သေးတယ်)
အစားအစာမှာ နောက်ထပ်အရေးကြီးတာ ဆားပါ။
တွေ့ရာ အရွက်နဲ့ ဟင်းချက်မယ်ဆို ကျန်တာမပါလို့ရတယ် ဆားမပါရင် ပြဿနာတက်ပါတယ်။ ဟင်းချက်ရာမှာ မရှိမဖြစ်လိုတာ ဆားတစ်ခုပဲရှိပါတယ်။
သိပ်သယ်ချင်ရင် ငါးခြောက်၊ ဆိတ်သားခြောက်တွေ သယ်လို့ရပါတယ်။ အကြာကြီးအထားခံပါတယ်။
အပျော်ခရီးထွက်ဖို့မဟုတ်လို့ အရေးမပါတဲ့ အစားအစာတွေမေ့လိုက်ပါ။
၅ -
ကိရိယာတန်ဆာပလာများ
Swiss Knife ရှိရင် ယူဖြစ်အောင်ယူပါ။ အရေးနဲ့ အကြောင်းနဲ့ဆို တကယ်အသုံးဝင်ပါတယ်။
နောက်တစ်ခုက မြေပုံ နဲ့ သံလိုက်အိမ်မြှောင်။
မီးမရချိန်မှာ GPS အလုပ်မလုပ်နိုင်ချိန်မှာ အားကိုးရမှာပါ။ ကြည့်တတ်ဖို့တော့လိုပါတယ်။
တစ်ဆင့် သံချိုင့် စတီးချိုင့် လက်ဆွဲပါတစ်ခု၊ ဟင်းချက် ရေသန့်ကြို စတာတွေလုပ်ဖို့ပါ။
ကျန်တာကတော့ မရှိမဖြစ်မဟုတ်ပေမယ့် ယူနိုင်ရင် အရမ်းအသုံးဝင်မှာပါ။
ဝီစီ၊ ကြိုးခိုင်ခိုင်တစ်ခွေ၊ ပလတ်စတစ်အချပ်ကြီးတစ်ချပ် (လေဒဏ်ခံ တာလပတ်စဆို ပိုကောင်း)၊ ဂေါ်ပြား၊ ပလာယာ၊ ပလတ်စတစ်ကြိုး၊ ကြိုးတိပ်အထူတစ်ခွေ (တာလပတ်စပြဲရင်ကပ်ဖို့)
၆ -
ရေဒီယို
တကယ်တန်း အရေးနဲ့အကြောင်းနဲ့ဆို အသုံးအဝင်ဆုံးထဲမှာ ရေဒီယိုပါပါတယ်။
အကြမ်းခံတဲ့ ရေဒီယို ဓါတ်ခဲသိပ်မစားတဲ့ ရေဒီယိုဆို ပိုကောင်းပါတယ်။
မီးတွေပျက် လူနဲ့ဝေးတဲ့နေရာရောက် အရေးနဲ့အကြောင်းဆို သတင်းရဖို့က ရေဒီယိုသာ အားကိုးရမှာပါ။
၇ -
ဓါတ်မီးနှင့် လျှပ်စစ်ပစ္စည်းများ
ဒါကိုတမင်အောက်ကိုပို့ထားတာပါ။ သုံးလိုက်ရင် ကုန်မြန်တဲ့ဟာတွေသည် ရေရှည်အတွက် အရမ်းအသုံးမဝင်လို့ပါ။
ဓါတ်မီးဟာ လင်းအားကောင်းဖို့ထက် ကြာကြာခံဖို့ ပိုအရေးကြီးပါတယ်။
အပိုဓါတ်ခဲတွေကိုလဲ အပေါစားမသုံးဘဲ အကောင်းစားသာ သုံးပါ။ သယ်ရတာ အလေးချိန်တူတူဆို ပိုခံပါတယ်။
Battery free ဓါတ်မီးရရင် အကောင်းဆုံးပါ။ လက်နဲ့လှည့်ပြီး လင်းနိုင်တာမျိုးပါ။
နောက်တစ်ခုက power bank၊
နေရောင်ခြည်နဲ့သွင်းနိုင်တဲ့ဟာဆို ပိုကောင်းပါတယ်။ solar နဲ့က ပြည့်ဖို့ ၄-၅ ရက်သွင်းရပေမယ့် တကယ့်တကယ် ပြတ်ပြီဆို အသုံးပိုဝင်ပါတယ်။ power bank ထည့်မယ်ဆို အလေးချိန်ကို သတိထားပါ။ အတော်လေးပါတယ်။
ဖုန်းကိစ္စတော့ပြောစရာမလိုပါ။
လက်ပတ်နာရီလဲ အများစုမှာ ပါမှာပါ။
GPS စက်ရှိရင် ထည့်ယူဖို့လိုပါတယ်။
၈ -
အရေးပေါ်ဆေးထုတ်
ပတ်တီး၊ ဂွမ်း၊ အရက်ပျံ၊ ပလာစတာ၊ Amoxil, Metro, Paracetamol burmeton နဲ့ အထူးသဖြင့် Bioflor များများ လိုပါမယ်။ မြို့ပေါ်ကလူတွေဆို အလေ့အကျင့်မရှိလို့ ဝမ်းလျှောတာ အတွေ့များမှာမို့ပါ။
(မေ့နေတာထပ်ဖြည့် - တောထဲတောင်ထဲ အတွက်ဆို ကွီနိုင်လို့ခေါ်တဲ့ ကလိုရိုကွင်းငှက်ဖျားဆေးလိုပါမယ်)
၉ -
အဝတ်အစား
ဂျင်းကဲ့သို့ အကြမ်းခံတာ ၂ စုံလောက်ဆိုရပါပြီ။ တကယ်တန်းအကြပ်အတည်းမှာ သန့်ရှင်းဖို့က အရေးမကြီးပါ။ ရာသီဥတုဒါဏ်ကာဖို့က ပိုအရေးကြီးတာပါ။
ရေသုတ်ဖို့အတွက်က တဘက်တစ်ထည် သယ်တာထက် ပုဆိုးတစ်ထည် ထဘီတစ်ထည်က ပိုအသုံးဝင်ပါတယ်။
၁၀ -
ဆပ်ပြာနှင့် တကိုယ်ရည်သုံးပစ္စည်းများ
မရှိမဖြစ်မဟုတ်ပါ။
ဆပ်ပြာ၊ သွားပွတ်တံ၊ သွားတိုက်ဆေး၊ မုတ်ဆိတ်ရိတ်ဂျုတ် စတာတွေဟာ သေရေးရှင်ရေးအတွက် မရှိမဖြစ်မဟုတ်ပါ။ တကယ်ပြောတာပါ။
သိပ်သယ်ချင်ရင် ဆပ်ပြာအရည်တစ်ဘူးလောက်ပဲသယ်ပါ။ အသုံးခံတဲ့အရည်နဲ့ အသုံးမခံတာနဲ့တော့ကွာသေးတယ်။
သွားတိုက်တာ ဆားနဲ့တိုက်လို့ရပါတယ်။
+++++++
အဲ့လောက်ဆို ဘယ်လိုနေရာမှာဖြစ်စေ ၂ ပတ် ၁ လလောက်တော့ အသာလေးရှင်သန်လို့ရမှာပါ။
Smart ဖုန်းကဲ့သို့ ကွဲလွယ်တဲ့ ရေစိုရင် ပျက်တဲ့အရာတွေက အရေးပေါ်ဆို အသုံးမဝင်တာများပါတယ်။
နောက်ပြီး လျှပ်စစ်ပစ္စည်းတွေက မီးမရတဲ့နေရာရောက်ရင် အားကုန်သွားရင် ဘာမှ အသုံးမဝင်တော့ပါ။
သယ်မယ်ဆို လေးတာပဲအဖတ်တင်မှာမို့ သတိထားဖို့ပါ။
မေ့နေတာထပ်ဖြည့်- မှတ်ပုံတင်တော့ မမေ့နဲ့ 😅
▪ ချစ်ခြင်းများစွာဖြင့် ▪
#အရေးပေါ်အိတ်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
Opening Hours
| Monday | 08:00 - 17:00 |
| Tuesday | 08:00 - 17:00 |
| Wednesday | 08:00 - 17:00 |
| Thursday | 08:00 - 17:00 |
| Friday | 08:00 - 17:00 |
| Saturday | 08:00 - 17:00 |
| Sunday | 08:00 - 17:00 |