Shwe Aung Lan

Shwe Aung Lan

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Aung Lan, Design & Fashion, Yangon.

Photos from Love You's post 02/11/2024
07/03/2024
06/10/2023

သူ့ကို သတိမရဖို့ ဆိုတာမျိုးက
ခံဝန်ထိုးလို့ ''
လွတ်နိူင်တာမျိုးမှ မဟုတ်တာ ။

သူ့ကို မချစ်မိဖို့ ဆိုတာမျိုးက
သန္ဓေတားဆေးလို့ တားထားလို့ရတဲ့
အရာမျိုးမှ မဟုတ်တာ ၊

သူ့အကြောင်း မတွေးဖို့ ဆိုတာမျိုးက
စီးဆင်နေတဲ့ ရေကို
ဘောင်ခတ်ပြီး ပိတ်သလို တားလို့ရတဲ့ အရာမျိူးမှ မဟုတ်တာ ။

သူ့ကို မေ့လိုက်ဖို့ ဆိုတာမျိုးက
လျော်ကြေးပေးပြီး အလုပ်ထုတ်ပြစ်သလို
ရနိူင်တဲ့ အရာမျိုးမှ မဟုတ်တာ ။

ထိုနည်းတူစွာ
သူ့မေတ္တာကို ရဖို့ ဆိုတာမျိုးက
ဓားမြတိုက် ခြိမ်းခြောက်ပြီး
ရယူလို့ ရတာမျိုးမှ မဟုတ်တာ ။

🌻🌻🌻
#မောင်နေသစ်

06/10/2023

" အထီးကျန်ဖို့ သတ္တိရှိပါ
================
အထီးကျန်တယ်ဆိုတာ...

အိပ်ရာပေါ်မှာ
တစ်ယောက်ထဲရှိမှမဟုတ်ဘူး ။
နှစ်ယောက်ရှိနေလည်း
တစ်ယောက်ချင်းစီရဲ့ စိတ်တွေကွဲပြားနေလည်း
အထီးကျန်တာပါပဲ ။

မိသားစု မရှိလို့
အထီးကျန်တာမဟုတ်ဘူး။
မိသားစုရှိလည်း
အတ္တကိုယ်စီကိုင်ထားကြရင်း
မာနတွေဖုံအုပ်ထားကြရင်း
တွေးခေါ်ပုံတွေမတူညီကြရင်း နေနေရရင်
အထီးကျန်တာပါပဲ ။

မိတ်ဆွေအပေါင်းအသင်းနည်းလို့
အထီးကျန်တယ်မခေါ်ဘူး။
သူငယ်ချင်းတွေဘယ်လောက်ရှိရှိ
မိတ်ဆွေတွေဘယ်လောက်များများ
အတုအယောင်တွေနဲ့
ယှဉ်ပြိုင်မှုတွေနဲ့
နောက်ကျောကို ဓားနဲ့ထိုးမယ့်သူတွေကြားမှာ
ကျီးလန့်စာ စားနေရတာလည်း အထီးကျန်တာပါပဲ ။

လူအများကြီးနဲ့နေရပေမယ့်
ကိုယ့်ကိုလူရာမသွင်းတာမျိုး
ကိုယ့်ခံစားချက် ကိုယ့်စိတ်ကူးတွေကို
နားမလည်ပေးတာမျိုး
ကိုယ့်ရဲ့အလုပ်
ကိုယ့်ရဲ့ခံယူချက်တွေကို
အသိအမှတ်မပြုပေးတာမျိုးက
အထီးကျန်တာပါပဲ။

ဒါကြောင့်
ငါ အထီးကျန်တယ်လို့များ
ဘယ်တော့မှမတွေးပါနဲ့။

ဘာလုပ်မှာလဲ...?
မယုံကြည်ရတဲ့သူတွေနဲ့နေနေရတာ...

ကိုယ့်ကိုထိုးဖို့ ဓားတွေ ဖွက်ထားတဲ့သူတွေနဲ့
နေနေရတာ...

ကိုယ့်ရဲ့ချစ်ခြင်းတရားတွေကို...
အသိအမှတ်မပြုတဲ့သူတွေနဲ့ နေနေရတာ...

ကိုယ်နဲ့အမြဲလိုက်ပြီးယှဉ်ပြိုင်နေတဲ့သူတွေနဲ့
နေနေရတာ...

ကိုယ့်ကိုလိုတဲ့အခါမှာအသုံးပြုပြီး
မလိုအပ်ရင်ချောင်ထဲထိုးထားတဲ့
လိုသုံးတွေကြားမှာ နေနေရတာ...

သာတဲ့အခါ လာပေါင်းပြီး
နာတဲ့အခါ စွန့်ခွာသွားကြတဲ့
သာပေါင်းညာစားတွေ ဝန်းရံခံနေရတာ။

သရုပ်အမှန်မျက်နှာတွေကို
အပြုံးမျက်နှာဖုံးတွေ ဖုံးထားရင်း
မုသားဖုံးစကားချိုချိုတွေပြောနေတဲ့
လူတွေကြားမှာနေနေရတာ...

ဒါတွေထက်စာရင်
သင့်စိတ်နဲ့ သင်ကိုယ်ကို
သင်ကိုယ်တိုင် ပိုင်ဆိုင်ရင်း
ရဲရဲဝံ့ဝံ့ အထီးကျန်ပစ်လိုက်စမ်းပါ။

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
00101