Education light
Educational consultant Teachig Mathematics
15/05/2026
သူ့သူငယ်ချင်းတချို့က GED ပြောင်းကုန်ကြလို့ရန်ကုန်ကျောင်းတွေက IG ပြီးလည်း foundation ပြန်တက်ရတယ်တဲ့ GED တက်ရင် foundation ပြန်တက်စရာမလိုဘူးတဲ့။ IG တစ်နှစ်ခွဲအချိန်ကုန်တယ်တဲ့။ အဲဒါ GED ပဲပြောင်းတက်ရမလား၊ IGCSE ပဲ ပြန်ဆက်တက်ရမလား အကြံဉာဏ်လေးပေးပါတဲ့။
ဒီအကြောင်းတွေ ခဏခဏ ဖြေပေးဖူးပေမယ့် ထပ်ပြောဖို့ လိုလာလို့ ပွင့်ပွင့် လင်းလင်းပဲ ပြောပါမယ်။
GED ဆိုတာ ကျောင်းမတက်ခဲ့ရတဲ့ သို့မဟုတ် မနေခဲ့ရတဲ့ ကလေးတွေ အတွက် အထက်တန်းပညာရေး ပြီးကြောင်း လက်မှတ်ယူနိုင်အောင် စီစဉ်ပေးတာမျိုးပါ။ နိုင်ငံတကာမှာ စစ်မက်တွေကြောင့် ဖြစ်ဖြစ်၊ နိုင်ငံရေးကြောင့် ဖြစ်ဖြစ် အကြောင်းကြောင်းကြောင့် ပုံမှန်တက်ရမယ့် အဆင့်လိုက် အတန်းတွေ (ဥပမာ - မူလတန်း-အလယ်တန်း-အထက်တန်း) စနစ်တကျ မတက်ခဲ့ရဘဲ၊ အတန်းတက်ခဲ့တဲ့ မှတ်တမ်း ပြစရာမရှိတဲ့ ကျောင်းသားတွေ အတွက် GED (General Education (Educational) Development) test ဆိုပြီး အမေရိကန်နိုင်ငံကကျင်းပပေးတဲ့ အထက်တန်းအဆင့်အရည်ချင်း (High School Equivalency) စစ်ပေးတဲ့ စာမေးပွဲ ဖြစ်ပါတယ်။
၁။ အယူအဆအလွဲကို ထောက်ပြခြင်း (The Misconception)
မိဘတစ်ယောက်မေးထားသလို "GED က မြန်တယ်၊ IGCSE က အချိန်ကုန်တယ်" ဆိုတဲ့အချက်ကို အဓိကထားပြီး ပြောချင်ပါတယ်။
တကယ့်အမှန်တရားက GED က High School Equivalency (အထက်တန်းအောင်လက်မှတ်နဲ့ ညီမျှခြင်း) ဖြစ်ပြီး၊ IGCSE က Grade 10-11 အဆင့်သာ ဆိုတာ မှန်ပါတယ်။ ဒါကြောင့် IGCSE ပြီးရင် Foundation သို့မဟုတ် A-Level (Grade 12-13) ဆက်တက်ရတာ သဘာဝကျပါတယ်။
၂။ GED ရဲ့ အားသာချက်နဲ့ အကန့်အသတ် (The GED Reality)
အားသာချက်: အသက် ၁၆ နှစ်ကျော်ရင် ဖြေလို့ရတယ်၊ ဘာသာရပ် ၄ ခုပဲ ဖြေရတော့ အချိန်တိုအတွင်း အထက်တန်းအောင်လက်မှတ် ရနိုင်တယ်။
အကန့်အသတ်: GED က US အခြေခံဖြစ်လို့ US, Thailand နဲ့ အချို့သော နိုင်ငံတကာတက္ကသိုလ်တွေမှာပဲ လက်ခံတာ များပါတယ်။ Ranking မြင့်တဲ့ တက္ကသိုလ်ကြီးတွေ (ဥပမာ- UK, Australia, Singapore က ထိပ်တန်းကျောင်းတွေ) က GED ကို တိုက်ရိုက်လက်ခံဖို့ ခဲယဉ်းတတ်ပါတယ်။
၃။ IGCSE ရဲ့ ခိုင်မာမှု (The IGCSE Strength)
IGCSE က ကမ္ဘာတစ်ဝန်းမှာ အသိအမှတ်ပြုမှု အရှိဆုံး အခြေခံပညာရေး စနစ်ပါ။
Foundation တက်ရခြင်း: IGCSE ပြီးရင် Foundation တက်ရတာဟာ အချိန်ဖြုန်းတာမဟုတ်ဘဲ ကိုယ်သွားမယ့် တက္ကသိုလ် ဘာသာရပ်အတွက် အခြေခံ ခိုင်မာအောင် ပြင်ဆင်တာဖြစ်ပါတယ်။ (ဥပမာ- ဆေးကျောင်းသွားမယ့်သူက Science Foundation တက်ရသလိုမျိုး)။
ဆုံးဖြတ်ဖို့ Criteria တွေပေးပါမယ်။
၁) ဦးတည်ချက်က ဘာလဲ
နိုင်ငံတကာ (သို့မဟုတ်) ပြည်တွင်းကျောင်းတွေမှာ ဘွဲ့ရရုံသက်သက်လား။ ဒါဆို GED ပဲ ရွေးပါ။ နိုင်ငံတကာက Ranking ကောင်းတဲ့ အဆင့်မြင့်ကျောင်းတွေမှာ foundation ကောင်းကောင်းနဲ့ အဆင့်လိုက် qualified ဖြစ်ချင်တယ်ဆိုရင် IGCSE O'level, A Level သေချာတက်ပါ။
၂) Grade 7,8,9 အထောက်အထား သို့မဟုတ် နိုင်ငံရေးအခြေအနေ
တချို့က ကျောင်းတက်ခဲ့တဲ့ အထောက်အထားကောင်းကောင်းမရှိ၊ အသက်ရွယ်အရလည်း မြန်မြန်သွားချင်တယ်ဆိုရင် GED တက်ပါ။
၃) နိုင်ငံတကာ ကျောင်းကောင်းတွေကို Academic Records ကောင်းကောင်းနဲ့ ပြပြီး ပညာရေးကောင်းကိုပဲ အာရုံစိုက်ချင်သူအတွက် IGCSE, A Level သေချာတက်သွားပါလို့ အကြံပေးပါရစေ။
ခြွင်းချက်အနေနဲ့ ထပ်ပြီးအကြံပေးရရင်
တချို့က IGCSE နဲ့ တင် ပြည်ပသွားချင်သူတွေ အတွက် ဥပမာ UK ဆိုရင် Level 3 (Foundation) အနည်းဆုံး ၆လ/တစ်နှစ် တက်ပြီး တက္ကသိုက်နိုင်သလို၊ Sixth Form College (Grade 12-13) ကိုလည်း တက်ရောက်ပြီးမှ တက္ကသိုလ်ကောင်းကို ထပ်ရွေးချယ်တက်ရောက်နိုင်ပါတယ်။
ဆက်ပါအုံးမယ်..
ကျေးဇူးတင်ပါတယ်
15/01/2026
CIE price lists ထွက်လာပါပြီ။
E.math and A.math fees ကတော့ USD 188 ပါ။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
South Okkalapa Township
Yangon
Opening Hours
| 09:00 - 17:00 |