Tr. Nyo

Tr. Nyo

Share

GED Science, G 10-12Biology Teacher

31/07/2025

Electromagnetic Radiation -လျှပ်စစ်သံလိုက်လှိုင်း

ဘယ်လိုဟာတွေကို လျှပ်စစ်သံလိုက်လှိုင်းခေါ်ပါသလဲ ?

ကလေးတို့သုံးနေတဲ့ phone တွေ၊ ရေဒီယိုတွေ ၊ oven

တွေကနေ ဓာတ်မှန်ရိုက်တဲ့ X-rays , Gramma rays

တွေထိ လျှပ်စစ်သံလိုက်ရောင်စဉ်တန်း

(electromagnetic spectrum) ထဲပါပါတယ်။

လှိုင်းအလျား (wavelength) အရှည်ကနေ လှိုင်းအလျား

အတိုဆုံးထိပါဝင်ပါတယ်။

လှိုင်းအလျားရှည်လေ စွမ်းအင်(energy) နည်းပြီး

ကြိမ်နှုန်း (frequency) နည်းပါတယ်။ ရေဒီယိူလှိုင်း

တွေ၊ မိုက်ခရ်ိဝေ့ဖ်မီးဖိုတွေဟာ လှိုင်းအလျားရှည်လို့

လူတွေကို အန္တာရယ်နည်းပါတယ်။

လှိုင်းအလျားရှည်ရင် စွမ်းအင်များမယ် ကြိမ်နှုန်းလဲမြင့်

ပါတယ်။ X ray , grammar rays, UV rays တွေက

လှိုင်းအလျားတိုလို့ အန္တာရာယ်လဲများပါတယ်။ သက်ရှိ

ဆဲလ်တွေကို ပျက်စီးစေနိုင်ပါတယ်။

ကမ္ဘာ့ အပေါ်ယံလွှာလို့ဆိုတဲ့ ozone လွှာက နေရောင်

ခြည်က UV rays တွေအကုန် ကမ္ဘ့ာဂြိုဟ်ပေါ် တိုက်

ရိုက်အကုန် မသက်ရောက်အောင် ကာကွယ်ပေးထားတာ

ပါ။ တကယ်လို့များ အိုဇုန်းလွှာသာ မရှိခဲ့ရင် ကမ္ဘာဟာ

နေရောင်ခြည်ရဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေ UV တွေ

အကုန်ထိတွေ့ပြီး သက်ရှိတွေလဲ သေကြေပျက်စီး

ကုန်မှာဖြစ်ပါတယ်။

💥Shortest wavelength👉🏻 lowest energy 👉🏻

lowest frequency 💥

💥Longest wavelength👉🏻 highest energy👉🏻

highest frequency 💥

လို့ မှတ်ထားရင် ရပါပြီနော်။

Photo from google

28/07/2025

💥💥Properties of Wave ( လှိုင်းဂုဏ်သတ္တိများ)

Transverse wave(ကန့်လန့်လွဲလှိုင်း)များသည်

ကြိမ်နှုန်း (frequency) ၊လှိုင်းအလျား (wavelength)၊

လွှဲကျယ် (amplitude) ၊ လှိုင်းအလျင် (wave velocity)

နှင့် လွှဲချိန်(period) များပါရှိသည်

၁။ ကြိမ်နှုန်း (frequency)

တစ်စက္ကန့်အတွင်းဖြတ်သွားသော လှိုင်းအလျာ:

(wavelength) များအရေအတွက်ကို ကြိမ်နှုန်းဟု

ခေါ်သည်။ ယူနစ်မှာ hertz(Hz) ဖြစ်သည်။

၂။ လှိုင်းအလျား (wavelength)

ကပ်လျက်ရှိသော လှိုင်းထိပ်(crest) နှစ်ခုကြား သို့ လှိုင်း

ခွက် (trough) နှစ်ခုကြား အကွာအဝေးကို လှိုင်း

အလျားဟုခေါ်သည်။ ယူနစ်မှာ (per second)ဖြစ်သည်။

၃။လွှဲကျယ် (amplitude)

ရေပြင်ညီ (equilibrium position) မှ လှိုင်းထိပ်အမြင့်

သို့ လှိုင်းခွက်အနက် ကို လွှဲကျယ်ဟုခေါ်သည်။

၄။ လှိုင်းအလျင် (wave velocity)

လှိုင်းအလျား(wavelength)နှင့် ကြိမ်နှုန်း (frequency)

တို့၏ မြှောက်လဒ်သည် လှိုင်းအလျင် ဖြစ်သည်။ ယူနစ်

မှာ (m/s or meter per second) ဖြစ်သည်။

၅။ လွှဲချိန် (period T)

လှိိုင်းလုံးတစ်လုံးဖြစ်သွားရန် ကြာချိန်ကို လွှဲချိန်ဟု

ခေါ်သည်။

လွှဲချိန် (T) နှင့် ကြိမ်နှုန်း (frequency) သည် ပြောင်းပြန်

အချိုးကျသည်။

f= 1/T

Photo from google

22/07/2025

GED Science , G 10-12 Biology စာအမှန်တကယ်လုပ်ပြီး ငွေကြေးအဆင်မပြေတဲ့သူဆို အားမနာတမ်းဆက်သွယ်ပေးပါ။ zoom နဲ့ သေချာသင်ပေးပါမယ်။
intensive အတွက်သီးသန့်သင်ချင်သူများလဲ ဆက်သွယ်လို့ရပါတယ်။
#ပညာဒါနပါရှင်

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon