Bright Institute
The first Specialized Scholarship School in Myanmar making scholars for society.
23/05/2026
“Motivation Letter ကို Open-ended မေးလာရင် ဘယ်လိုရေးရမလဲ?” 👩💻👨💻🥇🦾🌏
✅Motivation Letter တစ်ခုကို prompts တွေမပေးထားဘဲ open မေးလာရင် သေချာ Strong ဖြစ်ဖို့အတွက် ထည့်ရေးသင့်တဲ့ အစိတ်အပိုင်း ၅ ခု ရှိတယ်။
1. Salutation
ရွေးချယ်ရေးအဖွဲ့ကို လေးလေးစားစားလိပ်မူရမယ်။ နာမည်သိရင် နာမည်ထည့်ရမယ်။ နာမည်မသိရင်လည်း ရွေးချယ်ရေးကော်မတီကို လိပ်မူရမယ်။
2. Relevant Backgrounds
ကိုယ် apply လုပ်မယ့် scholarship or degree program or professional position နဲ့ ကိုက်ညီတဲ့ ဘယ်လို academic and/or professional and/or extra curricular skill sets and background experience ရှိကြောင်း ပြောရမယ်။
3. Skills and Knowledge to be empowered
ကိုယ် ဒီ scholarship and study program ကနေ ထပ်ဖြည့်ချင်တဲ့ skills and knowledge တွေပြောရမယ်။ ဘာလို့ ဖြည့်ချင်တာလဲ ပြောရမယ်။ ဘာလို့ အဲဒီ scholarship နဲ့မှ၊ အဲဒီ degree program မှာမှ တက်ချင်တာလဲဆိုတာ တိတိကျကျ ပြောရမယ်။
4. Specific and Attainable Future Goals
ဒီ ပညာဗဟုသုတတွေ သင်ပြီးရင် ဘယ်လိူ goals တွေ အကောင်အထည်ဖော်ချင်ကြောင်း၊ ဘာကြောင့် အဲဒီ အရာတွေ အကောင်အထည်ဖော်ဖို့ အရေးကြီးကြောင်း၊ scholarship ကနေ သင်ယူလာမယ့် skills and knowledge တွေကိူ ဘယ်လို directly apply လုပ်မှာ ဖြစ်ကြောင်း ပြောရမယ်။
အရေးကြီးဆုံးက ရဖို့ ရည်ရွယ်တဲ့ scholarship က ကိုယ့်ရဲ့ professional development သက်သက်မဟုတ်ဘဲ community development , organizational development and national development အထိ ဘယ်လို အကျိုးပြုမှာလဲဆိုတာ ချပြရမယ်။ အဲဒီ contribution အပိုင်းက သိပ်အရေးကြီးတယ်။ ဒီနေရာမှာ အကြွားမသန်နဲ့။ ကိုယ်တာဝန်မယူနိုင်တဲ့ ၊ တကယ်မလုပ်ထားတဲ့ ကိန်းဂဏန်းတွေ မချပြနဲ့။ ကိုယ်တကယ်လုပ်ပေးနိုင်မယ့်ဟာကိုပဲ အေးအေးဆေးဆေး ရေးပြလိုက်ဖို့ လိုတယ်။
5. Sign-off
နောက်ဆုံးကတော့ ကိုယ့်ရဲ့ enthusiasm and readiness to follow next steps and instructions of the scholarship committee ကို ပြောရမယ်။
နာမည်နဲ့ contact details ထည့်ပေးရမယ်။
ဒါ Powerful Motivation Letter တစ်ခုရဲ့ success-proven format ဖြစ်ပါတယ်။
🌟🌟🌟
🔔ဒီလို ကိုယ့်ရဲ့ Dream Scholarship and University Admissions တွေရဖို့ မဖြစ်မနေကျော်ဖြတ်ရမယ့် application stage မှာ ကိုယ့်ရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို အမြင့်မားဆုံး မြှင့်တင်ဖို့ ဆိုရင် Motivation Letter, SoP, Personal Statement စတဲ့ Essay တွေကို သေချာရေးတတ်အောင် သင်ကြားလေ့ကျင့်ပေးမယ့် Best and Brightest Scholarship Essay Writing Training တန်းခွဲသစ်ကို လာမယ့် 30 May မှာ ထပ်မံဖွင့်လှစ်မှာ ဖြစ်ပါတယ်။
💁💁♀️ဒီ သင်တန်းမှာ Bright ရဲ့ Lead Trainer Saya U Chan Aye ကိုယ်တိုင်သင်မှာဖြစ်ပြီး ဒီသင်တန်းကနေ ထူးချွန်တဲ့ မြန်မာလူငယ်စကော်လာတွေကို ဆက်တိုက်မွေးထုတ်ပေးလျက်ရှိတဲ့အတွက် ကိုယ့်ရဲ့ scholar dream တွေကို အမြန်ပြည့်ဝအောင် ကြိုးစားမယ့်လူငယ်တိုင်း သင်တန်းအပ်နှံနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
🔗More info on the B&B Scholarship Essay Training:
https://www.facebook.com/share/p/18rwQtFVk5/?mibextid=wwXIfr
Welcome to the B&B Training to make your scholarship dreams come true! 🛼👩🎓👨🎓
Management of Bright Institute
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
No. 60-62, 3rd Floor, Latha Street (Lower Block)
Yangon