Saw Isaac
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Saw Isaac, Musician/Band, Yangon.
ချစ်ရသော ဆရာ ချီးမွမ်းထားတာလေး😍
အရောက်ပဲ.....🥰
01/06/2024
ယုံကြည်သူခရစ်ယာန် တစ်ယောက်ဖြစ်လို့
ချက်ချင်းကြီး ချမ်းသာလာမယ်၊ အခက်ခဲတွေမရှိတော့ဘူးလို့ တစ်ဖက်စောင်းပြီး တွေးထင်နေကြတဲ့သူတွေ အများရှိပါတယ်။ မိတ်ဆွေ သင်ဟာ ယုံကြည်သူဆိုရင် အဲဒီအတွေးမျိုး မရှိစေချင်ဘူး။
ကျမ်းစာထဲမှာ ဘုရားအလိုတော်အတိုင်း ဆင်းရဲခံရမယ်၊ဒါပေမဲ့ ဘုရားအထဲမှာ သစၥာရှိသောအသက်သာဖြစ်ရမယ်။ ကိုယ့်ရဲ့အပြစ်ကြောင့် အခက်ခဲ ရင်ဆိုင်ရတတ်သလို ဘုရားရဲ့အလိုတော်အတိုင်း
ခံရတဲ့ ခက်ခဲခြင်းလဲရှိပါတယ်။
သို့သော် ကောင်းသောအမြင်ဖြင့်မြင်ပါ၊ကောင်းသောအကျင့်ဖြင့် သင်ကျင့်ပါ၊
ခန္ဓာ၊ စိတ်၊ ဝိညာဉ် အားလုံး ဘုရားလက်တော်ထဲ အပ်နှံပါ။အ ခြေနေတွေ ဘယ်လောက်ဆိုးဆိုး
သင့်အတွက် ဘုရားပြင်ဆင်ထားတဲ့အရာတွေက များစွာပင်ရှိပါတယ်။
29/05/2024
အရာရာအားလုံးဟာ ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာဖြစ်တယ်။တခါတလေ ကိုယ်ကြိုးစားမှုတွေပါတော့ တချို့က အောင်မြင်ရင်တော့ ငါလုပ်နိုင်လို့ဆိုပြီး အောင်မြင်မှုတွေထဲမှာ ပျော်မွေ့နေတတ်ကြတယ်။ မအောင်မြင်တော့ ငါညံ့တယ်လို့ မပြောပဲ ဘုရားကိုအပြစ်တင်တတ်ကြတယ်။
မိတ်ဆွေ....ဒီအမူအကျင့်ကို ပြုပြင်ကြရအောင်။
ကိုယ်စားနိုင်တဲ့အချိန်မှာ မစားရတဲ့သူတွေအများကြီးရှိနေသေးတယ်ဆိုတာ သတိရပြီး ကျေးဇူးတော်ချီးမွမ်းပါ။ဘုရားရဲ့ကျေးဇူးသာ မပါခဲ့ရင် ဒီနေ့ထိအသက်ရှင်နေနိုင်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သင်ဝန်ခံပါ။ဘုရားမပါတဲ့ သင့်ရဲ့နေ့ရက်တိုင်းက အဓိပၸါယ်မရှိဘူးဆိုတာ မိတ်ဆွေ...သင်ခံယူထားရင် အရာအားလုံးဟာ ဘုရားရဲ့ကျေးဇူးကြောင့်သာဖြစ်တယ်ဆိုတာ သင်နာလည် လက်ခံပြီး ပိုပိုချီးမွမ်းမိပါလိမ့်မည် အမှန်ပေ။
29/05/2024
ယေရှုခရစ်တော်အားဖြင့် ကျွန်မဟုတ်ပဲ ဘုရား၏သားဖြစ်ရသောအခွင့်ကို သင်နဲ့ကျွန်ုပ်ရရှိခဲ့တယ်။ ဘုရားသခင်၏သားဖြစ်ခွင့်နဲ့အတူ အမွေခံလဲဖြစ်ကြပေတယ်။ လောကထဲမှာပင် အမွေခံ သား/သမီး နဲ့ မွေးစား တဲ့သား/သမီး ခံစားခွင့်ချင်းမတူကြပါဘူး။ သား/သမီးအရင်းတွေထဲမှာတော့ အမွေခံထိုက်ပြီး၊မွေးစားတဲ့သား/သမီးတွေမှာတော့အခွင့်အရေး နည်းကြပါတယ်။ဒါကြောင့် ဘုရားရဲ့သား/သမီးတွေကအမွေခံ လို့ပြောနေပေမဲ့
အမွေခံထိုက်သောအသက်သာနဲ့အသက်ရှင်ဖို့ရန်လည်း အရေးကြီးပါတယ်။ ဘုရားနဲ့ပက်သက်လာရင် သင်နဲ့ကျွန်ုပ်အတွက် အမွေတွေများစွားရှိပေမဲ့
ကျွန်ုပ်တို့ ခံစားရရှိဖို့က ကျွန်ုပ်တို့အသက်ရှင်မှုပေါ်မှာလဲ အများကြီးမူတည်ပါတယ်။ အသက်ရှင်တဲ့ တစ်လျှောက်လုံးမှာ ဘုရားရဲ့သား/သမီးချင်းအတူတူ အမွေခံဖို့ထိုက်တန် အောင် အသက်ရှင်သောသူ အရောက်တိုင်းြဖစ်ကြပါ စေ။
27/05/2024
တကယ်တော့ ဘုရားရဲ့အကြံစည်က ကျွန်ုပ်တို့အားလုံးအတွက်ရှိနှင့်ပြီးသားပါ။
တချို့က ဆုတောင်းချက်တွေအဖြေမရတဲ့အခါ၊
အချိန်တွေ ကြံ့ကြာနေတဲ့အခါ အတွေးတွေက
လောကရဲ့လုပ်ထုံးလုပ်နည်းဘက်ရောက်သွားပြန်ရော။ မမြင်ရပေမဲ့ ဘုရားက ကျွန်ုပ်တို့ပြင်ဆင်ပေးထားတဲ့ အရာတွေအများကြီးရှိပါတယ်။
ထိုအရာတွေကို ဝိညာဉ်တော်အားဖြင့်သိနိုင်ပါတယ်။ ဘုရားကို အကြွင်းမဲ့မချစ်နိုင်ကြပေမဲ့
ဘုရားကိုချစ်တဲ့စိတ်နဲ့ နေ့ရက်တိုင်းကို အစပြုပါ။
ဝိညာဉ်တော်ကျိန်းဝပ်တဲ့ သင့်နှလုံးသားကိုစင်ကြယ်အောင် အသက်ရှင်ပါ၊ဝိညာဉ်တော်က လူမျက်စိဖြင့်မမြင်သေးသောအရာ၊ နားဖြင့်မျှမကြားသေးသောအရာ၊ စိတ်ဖြင့်မျှမကြံစည်သေးသောအရာများကို ဝိညာဉ်တော်က ဖော်ပြကာ မိတ်ဆွေရဲ့အသက်သာထဲမှာ ခံစားရရှိလာပါလိမ့်မယ်။
24/05/2024
အဆင်ပြေသည်ဖြစ်စေ ခက်ခဲနေသည်ဖြစ်စေ
နေ့ရက်တိုင်း သန့်ရှင်းသောနာမတော်ကို ခိုလှုံသော
သူရဲ့အသက်သာထဲမှာ ဝမ်းမြောက်ခြင်းရှိတယ်။
အပြစ်ကြောင့် အခက်ခဲတွေကြုံတဲ့အခါ အပြစ်ဝန်ချတောင်းပန်ဖို့အရေးကြီးပါတယ်။ထိုအခါ ဘုရားရဲ့ ခွင့်လွှတ်ခြင်းနဲ့အတူ ဘုရားရဲ့ဂရုဏာတွေ ခံစားရတဲ့အသက်သာကို ရရှိခံစားရမှာပါ။
ဘုရားရဲ့ဂရုဏာ ကို ရရှိခံစားချင်ရင်တော့
အပြစ်ဝန်ချတောင်းပန်ပါ၊ထိုဘုရားအထဲမှာပဲ ခိုလှုံပါ ။ခွင့်လွှတ်ခြင်းနဲ့အတူ ဝမ်းမြောက်သောအသက်သာကို ရရှိပေလိမ့်မယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon