Essential electrical engineering training & trading

Essential electrical engineering training & trading

Share

to support pritical field for electrical engineers

Photos from Essential electrical engineering training & trading's post 31/12/2025

စာအုပ်ထဲ ပညာများ။

အပိုင်း (2)။

မျိုးဆက်သစ် Electrical Design Engineer တွေအတွက်ပါခင်ဗျား။

Principles and Design of
LOW VOLTAGE SYSTEM
by
Teo Cheng Yu ၏ စာအုပ်ထဲက၊

250A TPN MCCB ၏ Upstream Side ဘက်မှာ 250A TPN Fuse ........တပ်ဆင်ခြင်း။

အပိုင်း (2)။
...........................................

ကျွန်တော့်ရဲ့ Point of View မှ
ကျွန်တော် လေ့လာထားသလောက်လေးကို ရေးသားပေးသွားပါမည်ခင်ဗျား

Electrical Design သမားတယောက်အနေနှင့်

250A TPN MCCB ၏ Upstream Side ဘက်မှာ 250A TPN Fuse ကို မည်သည့်အတွက်ကြောင့် တပ်ဆင်ထားရခြင်းဆိုတာကို သိရှိနိုင်ရန်အတွက် ........။
...........................................

အောက်ပါအချက် (4) ချက်ကို အသေးစိပ်သိရှိ နားလည်ရပါမည်။

၎င်းတို့မှာ၊

(1) ပတ်ဝန်းကျင်ကို သတိပြုရမည့်အချက်များ။

(2) Fuse ၊ Circuit Breaker တို့၏ Detail Characteristics

(TCC / I^t ( i Square t) / Overload / Short Circuit)

(3) Electrical Faults Characteristics & Calculation

*** Overload
*** Short Circuit Current
*** Earth Fault Current

(4) Coordination

*** Selectivity (or Discrimination)
*** Back-Up Protection (or Cascading)

Fuse + Fuse
Fuse + Circuit Breaker
Circuit Breaker + Fuse
Circuit Breaker + Circuit Breaker

တို့ကို သိရှိ နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။

**************************************

(1) ပတ်ဝန်းကျင်ကို သတိပြုရမည့်အချက်များ။

မိမိ Electrical Design ပိုင်း ပြုလုပ်ထားသည့် Electrical Source Capacity များဖြစ်သည့် Transformer နှင့် Generator (Primover သို့မဟုတ် Standby) များအတွက်၊
ထားရှိမည့် နေရာ (Location) ကို သိရှိထားရမည်။
(Archi Drawing)

အထူးသဖြင့် ....

Transformer အတွက်၊

မိမိ Electrical Design ပြုလုပ်ထားသည့် Transformer Primary Source ၏ MV အတွက်၊ သက်ဆိုင်ရာ နယ်မြေအလိုက်၊
MV Line ၏ တည်နေရာ၊
Fault Level ...
MV Line မှ မိမိ Transformer သို့ တပ်ဆင် သွယ်တန်းမည့် MV Line အနေအထား။

ဥပမာ၊

Installation Method ၊
(Overhead or Underground)
Cable Size ၊
Length ၊ တို့ကို တွက်ချက်
သိရှိထားရမည်။

ဒါ့အပြင်၊
မိမိ Electrical Design ပြုလုပ်ထားသည့် Transformer ၏ Specifications များကိုလည်း သိရှိထားရမည်။
(From Name Plate။)

Electrical Source များဖြစ်သည့် Transformer / Generator မှ MSB (Main Switch Board) ထားရှိမည့် အကွာဝေး။
(Cable Size)
(Cable အရေအတွက် or How Many Feeder)
(Cable Length)

MSB မှ အနီးဆုံး စ ဝင်မည့် SB (Sub Board) သို့မဟုတ် DB (Distribution Board) အကွာဝေး။
(Installation Method)
(Cable Size)
(Cable Length)
...........................................

First tap-off unit ...

ပုစ္ဆာမှာ ပေးထားသည့်
Single Line ကို ဂရုစိုက်ဖို့ First tap-off unit လို့ ရေးပေးထားပါတယ်။

အဓိက။

Upstream ဘက်မှ ဖြစ်ပေါ်လာနိုင်သည့် Short Circuit Current သည် အနီးဆုံးဖြစ်သည့် First Tap off ၏ SB (Sub Board) သို့မဟုတ် DB (Distribution Board) ထဲသို့ အများဆုံး စီးဆင်းပါမည်။

အထူးသဖြင့် High Rise Building များ၏ Ground Floor ရှိ SB (Sub Board) သို့မဟုတ် DB (Distribution Board) များသည် MSB (Main Switch Board) ၏ First Tap Off ဖြစ်သည်။

Teo Cheng Yu ၏ စာအုပ်ပါ ရေးသားချက်များကို ရှင်းပြခြင်းဖြစ်ပါသည်။

ဘာကို သွားမြင်သလဲ ..... ဆိုတော့၊

MSB မှ အနီးဆုံးရှိ SB သို့မဟုတ် DB ကို သတိထားရမည်။

အကွာဝေး (Distance)။

Transformer / Generator ထားမည့်နေရာ၊
MSB / SB / DB တွေ ထားမည့်နေရာ၊

ပတ်ဝန်းကျင်ကို သတိပြုရမည့်အချက်များကို တင်ပြခြင်းဖြစ်ပါသည်။

Teo Cheng Yu ၏
Original စာသားကိုလည်း၊
ပုံနှင့်တကွ၊ ဖော်ပြထားပါသည်။

**** စာထဲမှာ သတိထားစရာ .... Design Engineer တွေအတွက်၊ *****

*** သတိ အလွန်ထားဖို့။ ***


ကန်ထရိုက်တာများ တပ်ဆင်ထားခဲ့သည့်၊
DB အတွင်းရှိ၊

MCB - Icn - 6 kA များအား၊

MCB - Icn - 9 kA များ မဖြစ်မနေ အစားထိုး
တပ်ဆင်ရန်၊

သက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့က
ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။

Icn - Short Circuit Current Breaking Capacity for Domestic

စဥ်းစားစရာ။

ဘာကြောင့် လဲ တပ် ခိုင်းတာလဲ။

In - Circuit Breaker ရဲ့ Rating Current တော့ တပ်ဆင်ထားတာ မှန်တယ်။

ဒါပေမယ့်

Icn - Short Circuit Current Breaking Capacity for Domestic ကတော့ အဆင်မ
ပြေဘူး။

သတိထားဖို့ပါ။

#မှတ်ချက်။
စာအုပ်ထဲက စာကြောင်း၊ Drawing ၊ Table ၊ ပုစ္ဆာတပုဒ်ချင်းစီ၊ အားလုံးကို အသေးစိတ် ထပ်ခါထပ်ခါ ေလ့လာပါများလာရင်၊
Low Voltage Electrical Design သမားများအတွက် Teo Cheng Yu ရဲ့ စေတနာတွေကို များစွာ တွေ့မြင်ရပါလိမ့်မယ်။

ပုစ္ဆာတပုဒ်ဆိုပေမယ့်၊
လက်တွေ့လုပ်ငန်းခွင်အတွက် အများကြီး အကျိုးကျေးဇူးရှိပါတယ်ခင်ဗျား။

#သင်ဆရာ
#မြင်ဆရာ
#ကြားဆရာ

Teo Cheng Yu ၏ စာအုပ်သည်၊
ကျွန်တော့်အတွက်၊
မြင်ဆရာ ဆိုလည်း မမှားပါ။

မကြာခင် အချိန်တခုအတွင်းမှာ၊
2026 သို့ ကူးပြောင်းတော့မည့်၊
နှစ်သစ်မှာ၊
အားလုံးပဲ၊
အနာဂတ် မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းနိုင်သောသူတွေ ဖြစ်ကြပါစေ။

အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။

22/12/2025

Third Party
( :2012) အကြောင်း သိကောင်းစရာ။

အပိုင်း (1)။

အမိမြန်မာပြည်ရဲ့ Engineering လောကမှာ၊
ပြောနေ ဆိုနေ ကြုံတွေ့နေရသည့်၊

ိုတဲ့အဓိပ္ပာယ် .......

Engineer တယောက်အနေနဲ့ ......

Third Party ဆိုတာ ... ဘာလဲ၊

ဘယ်လိုအဖွဲ့အစည်းလဲ၊

အဲ့ဒီ Third Party အဖွဲ့အစည်းအတွက်
Code သတ်မှတ်ချက်ရှိလား၊

အဲ့ဒီအဖွဲ့အစည်းက ဘာတွေ လုပ်ဖို့ ရည်ရွယ်ဖွဲ့ထားတာလဲ၊

အဲ့ဒီ Third Party အဖွဲအစည်းထဲမှာ ဘယ်လို လူမျိုးတွေ ရှိသင့်တာလဲ၊

အဲ့ဒီ Third Party က သက်ဆိုင်ရာအလိုက် ဘယ်အပိုင်းတွေကို စစ်ဆေးရတာလဲ ......

စသဖြင့် သိထားဖို့အတွက်၊

ရည်ရွယ်ပြီး ရေးသားလိုက်ရခြင်းဖြစ်ပါသည်။

ကိုယ် ကိုယ်တိုင်လည်း Third Party ဖြစ်နိုင်သလို၊

ကိုယ် ကိုယ်တိုင်လည်း Third Party ရဲ့ အစစ်ဆေး ခံနိုင်ရသည့် အခြေနေမျိုးမှာ
ရောက်ရှိနိုင်ပါတယ်။

အဲ့ဒီအတွက်၊
Engineer တယောက်အနေနဲ့၊
Third Party ဆိုတာ ဘာလဲဆိုတာ၊
ခြေခြေမြစ်မြစ် သိထားဖို့လိုပါတယ်။

အိမ်ပြန်ချိန်နောက်ကျ။

စာသင်ချိန်တွေ ပိတ်ရ။

အပိုင်း (2) ဆက်ပါအုံးမည်ခင်ဗျား။

အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။

Photo Credit:
Google

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 65, 8th Floor, Hledan Main Road
Yangon

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00