Tech Hub

Tech Hub

Share

This is a one stop technology news page to provide the latest technology news from many sources. We

28/05/2026

ကြည်လင်ပြတ်သားသော ပုံများကိုရိုက်ကူးနိုင်မည့် 200MP ကင်မရာပါဝင်သော vivo V70 FE ကို မကြာခင်တွင် မိတ်ဆက်တော့မည်ဖြစ်ပြီး Blind Pre-Order စတင်မှာယူနိုင်ပါပြီ

နည်းပညာထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သော vivo သည် ‌နောက်ဆုံးပေါ်နည်းပညာများကို အသုံးပြုသူများထံ စဉ်ဆက်မပြတ်ယူဆောင်လျက်ရှိရာ ယခုအခါတွင်လည်း V စီးရီး ၏နောက်ဆက်တွဲထုတ်ကုန်တစ်ခုဖြစ်သော vivo V70 FE ကို ဈေးကွက်ထဲတွင်မကြာခင်မိတ်ဆက်တော့မည်ဖြစ်ပြီး မေလ (၂၇)ရက်နေ့မှစတင်၍ Blind Pre-Order ကြိုတင်မှာယူနိုင်မည်ဖြစ်သည်။
200 MP ကင်မရာစနစ်တပ်ဆင်ထားသော V70 FE သည် ဈေးတန်းတူဖုန်းများကြားတွင် ကြည်လင်ပြတ်သားသော ဓာတ်ပုံအရည်အသွေးကို ရှေ့ဆောင်အနေဖြင့် စတင်မိတ်ဆက်မည်ဖြစ်သည်။ မအားလပ်သည့်ကြားမှ ခရီးသွားရာတွင် လှပသောဓာတ်ပုံများကို ရိုက်ကူးနိုင်ရန်အတွက် 200MP ပါဝင်သည့် vivo V70 FEသည် တစ်ချက်ရိုက်လိုက်ရုံဖြင့် ပြီးပြည့်စုံသော ဓာတ်ပုံကိုများကို ရိုက်ကူးနိုင်မည်။တိကျပြတ်သားသော ပုံထွက်အရည်အသွေးကို ထုတ်လုပ်ပေးနိုင်သောကြောင့် ရိုက်ထားလိုက်သည့် ဓာတ်ပုံတစ်ပုံထဲတွင် Zoom ဖြင့် ချဲ့ကြည့်ခြင်း၊ Crop လုပ်၍ပုံကိုဖြတ်ခြင်း သို့မဟုတ် မိမိစိတ်ကြိုက် ဓာတ်ပုံအချိုးအစားများသို့ပြောင်းလဲရာတွင် ဓာတ်ပုံအရည်အသွေး လျှော့သွားခြင်းမရှိပဲလုပ်ဆောင်နိုင်မည်။

Vစီးရီးထုတ်ကုန်များအနက် vivo V70 FE သည် ပထမဆုံးအနေဖြင့် အကြီးမားဆုံးဖြစ်သည့် 7000mAh BlueVolt ဘက်ထရီစနစ်ပါဝင်လာသည်။ vivo ၏ ကိုယ်ပိုင်နည်းပညာဖြစ်သော BlueVolt နည်းပညာ ပေါင်းစပ်ထားသောကြောင့် YouTube ကြည့်လျှင် ၄၃နာရီ ကျော် နှင့် TikTok သုံးလျှင် ၁၉နာရီအထက် သုံးစွဲနိုင်မည် ဖြစ်သည်။အမြန်အားသွင်းစနစ်အနေဖြင့် 90W FlashCharge စနစ်ပါဝင်သောကြောင့် အားအပြည့် ၁၀၀ရာခိုင်နှုန်းပြည့်ရန် ၁နာရီခန့်သာကြာမြင့်မည်ဖြစ်သည်။

အမြင်အာရုံကိုဖမ်းစားနိုင်မည့် ဒီဇိုင်းပိုင်းမှာလည်း Muse Purple အရောင်ကို V70 FE တွင်တွေ့မြင်ခံစားနိုင်မည်ဖြစ်သည်။လူငယ်များအကြိုက်တွေ့စေမည့် ဒီဇိုင်းကို ပုံဖော်ထားသောကြောင့် စတိုင်လ်ကျပြီး လူငယ်များ၏သွက်လက်မှုကိုထင်ဟပ်စေမည်။ထို့အပြင် ခရီးတို ထွက်ရာမှာလည်း မြန်ဆန်စွာပြောင်းလဲနေသော အခိုက်အတန့်များကို 200MPနှင့် ပိုပြီးတိကျပြတ်သားသော အမှတ်မထင်ခရီးသွားပုံရိပ်များကို တစ်ချက်ရိုက်လိုက်ရုံဖြင့်မြန်ဆန်လွယ်ကူစွာဖမ်းယူရိုက်ကူးနိုင်မည့်အပြင် 7000mAh BlueVolt ဘက်ထရီပါဝင် သောကြောင့် တစ်နေ့တာလုံးရိုက်ကူးနိုင်မည်ဖြစ်သည်။
Blind Pre-Order မှာယူခြင်းကို မေလ(၂၇)ရက်နေ့မှ ဇွန်လ (၅)ရက်နေ့အတွင်း vivo Myanmar မှ တရားဝင်ကြေညာထားသော သတ်မှတ်ဆိုင်များတွင် စရံငွေ ၆၀,၀၀၀ ကျပ် ပေးသွင်း၍ မှတ်ပုံတင်၊ ဖုန်းနံပါတ်အမှန်ဖြင့် တစ်ဦးလျှင်တစ်ကြိမ်နှုန်းဖြင့် စတင်စာရင်းပေးသွင်းပြီးကြိုတင် မှာယူနိုင်မည်ဖြစ်သည်။မြန်မာတစ်နိုင်ငံလုံးမှ ကြိုတင်၍ Pre-Orderတင်ထားသူများကို ဇွန်လ (၆)ရက်နေ့တွင် Y05ဖုန်း (၁၀)လုံး ကို တရားဝင် မဲဖောက်ကြေညာပေးသွားမည်ဖြစ်သည်။ထို့အပြင် ဇူလိုင်လ (၆) ရက်နေ့အထိ vivo V70 FE ဝယ်ယူအားပေးမည့် ကာစတမ်မာများကို ၁၀ သိန်းကျပ်တန်ဖိုးရှိသော ဆုလက်ဆောင်များဖြစ်သည့် Bluetooth Earphone နှင့် 10,000 mAh Power Bank၊ ဖုန်းမှန်မကွဲ (၁)နှစ်အာမခံ၊ 2-Year Service Warranty နှင့် 4-Year Battery Protection စသည့်လက်ဆောင်များကို ပစ္စည်းလက်ကျန်ရှိသည်အထိ ပေးအပ်သွားမည်ဖြစ်သည်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Address


Yangon