Success Galaxy Training Center

Success Galaxy Training Center

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Success Galaxy Training Center, School, Yangon.

15/09/2024

“Success Galaxy Training Center” မိသားစုမှ
ရေဘေးသင့်ဒေသများအတွက်
စုစုပေါင်း ကျပ် “၁၅ သိန်း” လှူဒါန်းထားပါတယ်။

Dr Aung, Dr Phyu,
Teacher Ei Ei Moe Nge နှင့် Admins များအပြင်
သင်တန်းသား/သူများပါ ပါဝင်တဲ့အလှူအဖြစ်
ပြန်လည်မျှဝေလိုက်ပါတယ်။

ကပ်ဘေးအန္တရာယ်က
အမြန်ဆုံးကျော်လွှားနိုင်ကြပါစေ။ 🙏🏻🙏🏻🙏🏻

#ရေဘေးစုပေါင်းအလှူ




#အွန်လိုင်းဆေးဝါးသင်တန်း
#ဆေးဆိုင်

27/05/2024

" 🌻 Success Galaxy 🌻

( Batch - 4 )
✴ Pharmacy Assistant Training ✴ မှ

မြတ်ဆရာများ ဖြစ်ကြတဲ့
ဆရာ Dr. Aung
ဆရာမ Dr. Phyu Nyein Chan
ဆရာမ Teacher Ei Moe Nge နှင့်
Htoo Lae & Suတို့ရဲ့

စေတနာပါခြင်း
မေတ္တာပြည့်ခြင်း
ဖေးမခြင်း
စိတ်ရှည်ခြင်း အခြေခံသော
" Pharmacy Assistant Online Class"
ပြီးမြောက်၍ သင်တန်းဆင်းခဲ့ပါပြီ။


ပေးရတာထက် အများကြီး တန်တဲ့
" Pharmacy Assistant Online Class "
Online class ပေမယ့်
အနီးကပ် သင်နေရသလို Feeling မျိုး
စိတ်ရှည်တယ်
စေတနာကောင်းတယ်
နွေးထွေးတယ်
ကူညီတယ်
အဆင့်အတန်းမြင့်တယ်
လိုအပ်တာထက် ပညာတွေ ဝေတယ်
အတွေ့အကြုံတွေ မျှတယ်
ဗဟုသုတတွေ ပေးတယ်
အသိပညာတွေ တိုးခဲ့တယ်။

ရရှိခဲ့တဲ့ အသိပညာတွေ ၊ဗဟုသုတတွေကို
အကျိုးရှိစွာ အကောင်းဆုံး
အသုံးချသွားနိုင်ဖို့အတွက်
အောင်လက်မှတ် ရရုံံနှင့် ရပ်မနေပဲ
အမြဲမပြတ် ဆက်လက်
လေ့လာ ၊ ဆည်းပူး နေရမှာက
တပည့်တွေရဲ့ တာဝန်ပါ။

အခုလိုကာလတွေမှာ
သွားရေး ၊ လာရေး ၊
နေထိုင် / တည်းခိုဖို့ အ​ရေး
အခက်အခဲ ရှိသူတွေ
သွားဖို့လာဖို့ အချိန်မရသူတွေ အတွက်
အလုပ်မရှုပ် ၊ ငွေအပိုမကုန်ပဲ
အိုးမကွာ ၊ အိမ်မကွာ အေးအေးဆေးဆေး
ကိုယ့်အိမ်ကနေ အဆင့်မြင့်တဲ့
ဆေးဝါးပညာရပ်တွေ
အသိပညာ ၊ ဗဟုသုတတွေကို
အလွယ်တကူ
ဝယ်ယူနိုင် ၊ အပ်နှံနိုင် ၊
သင်ကြား လေ့လာ မှတ်သားနိုင်၊
ရွေးချယ်နိုင်ခြင်းဟာလည်း
ကံကောင်းခြင်းပါပဲ။

Online class ပေမယ့်
အပြင်မှာ အနီးကပ် သင်နေရသလိုပါ
ဆရာ၊ ဆရာမတွေ ၊ admin တွေရဲ့
နွေးထွေးမှု ၊ စေတနာထားမှု ၊
စိတ်ရှည်မှုတွေ​ကြောင့်
Stress မဖြစ်စေပဲ
မိသားစုလို နွေးထွေးမှုမျိုးဖြင့်
ပေါ့ပေါ့ပါးပါးနဲ့ စိတ်ချမ်းသာ ၊ ပျော်ရွှင်စွာ
ပညာတွေ လက်ခံ၊သင်ကြားခဲ့ရတာကြောင့်
စိတ်ကျေနပ်မှုတွေ ရခဲ့ပါတယ်။

ဟေသီကိုယ်တိုင် လက်တွေ့
ခံစား ၊ သိ ၊ မြင်ခဲ့ရတာ ဖြစ်တဲ့အတွက်
"ဆေးဝါးကျွမ်းကျင်" ပညာရပ်ကို
လေ့လာ ၊ ဆည်းပူးလိုသူများအတွက်
ရွေးချယ်သင့် ၊ တက်သင့်သော
" သင်တန်းကျောင်းကောင်းတခု " ဖြစ်ကြောင်း
Recommend ပေးပါတယ်ရှင်။🌻🌻🌻

" တခုခုတော့ လုပ်နေ
လုပ်လို့ရတာ အကုန်လုပ်ပါ "
( Dr. Phyu Phyu Nyein Chan )

" ဘာမှလုပ်လို့မရရင်တောင်
မိကိုယ်ကို ကျန်းမာအောင်နေပါ "
( Dr. Theikdi Aung )

ဆရာနှင့်ဆရာမရဲ့
တိုက်တွန်း အားပေးစကားတွေက
အားဖြစ်သလို
အမှတ်ရနေပါမည် 🙏🙏🙏

Successgalxy Batch - 4 ဆေးဝါးသင်တန်းမှ
မြတ်ဆရာ .Theikdi Aung & Phyu Phyu Nyein Chan &
Teacher Ei Moe Nge နှင့်
Su & Admin Lae Yee တို့ အားလုံးကို ကျေးဇူးအများကြီး တင်ရှိပါသည် 🙏" ဆိုပြီး "Success Galaxy အွန်လိုင်းဆေး၀ါးသင်တန်း" မှာ တက်ရောက်ခဲ့တဲ့ သင်တန်းသားဟောင်းတစ်ယောက်က သင်တန်းတက်ခဲ့တဲ့ အတွေ့အကြုံကို မျှဝေပေးထားပါတယ်ရှင့်။ 🤗🥰

"Success Galaxy Training Center" မှာ တက်ရောက်ခဲ့ကြတဲ့ သင်တန်းသားများရဲ့ သင်တန်းအပေါ် honest review လေးတွေပါရှင့်။ 💙

သင်တန်းတက်ရောက်ချင်သူများလဲ ဆုံးဖြတ်ချက်မှန်ကန်ဖို့ သင်တန်းသားဟောင်းများရဲ့ သင်တန်းအကြောင်း Review လေးတွေကို ဖတ်ရှုလေ့လာနိုင်ပါတယ်ရှင်။ 🤗🥰

သင်တန်းအကြောင်း စုံစမ်းလိုပါက comment မှာ ကြည့်နိုင်ပါတယ်ရှင်။ 👇👇👇





#အွန်လိုင်းဆေးဝါးသင်တန်း
#ဆေးဆိုင်

26/05/2024

"ဆရာရဲ့ ကျန်းမာရေးဗဟုသုတ videoတွေကနေ တဆင့် ဆေးဝါးသင်တန်းကို တက်ရောက်ဖြစ်ခဲ့ပါတယ်။ဆေးဝါးသင်တန်းဆိုပေမဲ့ ဆေးဝါးတွေအကြောင်းထက်ပိုပီး ရောဂါအကြောင်းအရင်းဇစ်မြစ်ကအစ ပြည့်ပြည့်စုံစုံသိရှိခွင့်ရခဲ့ပါတယ်။ သင်ကြားနေစဥ်ကာလတစ်လျှောက် ဆရာနဲ့ သင်တန်းသားဆိုတာထက် မိသားစုဝင်တွေလို တရင်းတနှီးရှိစေလို့ သင်ကြားရေးမှာအများကြီး အထောက်အကူရစေခဲ့ပါတယ်။ သင်တန်းချိန် တစ်ချိန်ကို၂နာရီသတ်မှတ်ထားပေမဲ့ အချိန်တွေပိုသင်ပေးပါတယ်။ အင်တာနက် လိုင်းမကောင်းတာမျိုးကြုံတဲ့အခါ Recorded videoလုပ်ပီး ပြန်တင်ပေးတာမျိုး၊ additional informationတွေ မျှဝေတာမျိုးနဲ့ ဆရာတို့ရဲ့ဆေးပညာဝေမျှမှု့က သင်တန်းသားတွေကို အံ့သြသင့်စေပါတယ်။သင်တန်းသား groupကလည်းအမြဲactiveဖြစ်ပီး ကျန်းမာရေးသိလိုသမျှကို သေသေချာချာ ရှင်းပြပေးပါတယ်။ သဘောအကျဆုံးအချက်က သင်တန်းသားကို အမြဲrespectထားပေးတာပါ။သင်တန်းကြေးထက်ပိုတဲ့ ဆေးဝါးပညာဗဟုသုတများစွာကို ရရှိစေလို့ ဆရာနဲ့ ဆရာမကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ adminအစ်မတွေကလည်း အရမ်းသဘောကောင်းပီး သိလိုသမျှ စိတ်ရှည်ရှည်နဲ့ ပြောပေးကြပါတယ်။" ဆိုပြီး "Success Galaxy အွန်လိုင်းဆေး၀ါးသင်တန်း" မှာ တက်ရောက်ခဲ့တဲ့ သင်တန်းသားဟောင်းတစ်ယောက်က သင်တန်းတက်ခဲ့တဲ့ အတွေ့အကြုံကို မျှဝေပေးထားပါတယ်ရှင့်။ 🤗🥰

"Success Galaxy Training Center" မှာ တက်ရောက်ခဲ့ကြတဲ့ သင်တန်းသားများရဲ့ သင်တန်းအပေါ် honest review လေးတွေပါရှင့်။ 💙

သင်တန်းတက်ရောက်ချင်သူများလဲ ဆုံးဖြတ်ချက်မှန်ကန်ဖို့ သင်တန်းသားဟောင်းများရဲ့ သင်တန်းအကြောင်း Review လေးတွေကို ဖတ်ရှုလေ့လာနိုင်ပါတယ်ရှင်။ 🤗🥰

သင်တန်းအကြောင်း စုံစမ်းလိုပါက comment မှာ ကြည့်နိုင်ပါတယ်ရှင်။ 👇👇👇





#အွန်လိုင်းဆေးဝါးသင်တန်း
#ဆေးဆိုင်

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon