KBTC - Language School
Brighten Your Future With KBTC Language School
09/05/2026
အမေများနေ့ ဆုမွန်ကောင်း 🙏🏻
မနက်ဖြန်မှာ မေလ ၁၀ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာလုံးဆိုင်ရာ အမေများနေ့မှစ၍ ကမ္ဘာပေါ်ရှိမိခင်များအားလုံး ကျန်းမာပျော်ရွှင်နိုင်ကြပါစေလို့ 𝐊𝐁𝐓𝐂 မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် 🙏🏻🤍
#2026
𝐊𝐁𝐓𝐂 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐒𝐜𝐡𝐨𝐨𝐥 မှ ကျောင်းသား၊ ကျောင်းသူလေးများ၏ ဖျော်ဖြေမှု 🥰
မတ်လအတွင်းက ကျင်းပခဲ့တဲ့ 𝐊𝐁𝐓𝐂 ကျောင်းတော်ကြီးရဲ့ 𝐒𝐭𝐮𝐝𝐞𝐧𝐭𝐬’ 𝐃𝐚𝐲 ပွဲကြီးမှာဆိုရင် 𝐂𝐚𝐦𝐩𝐮𝐬 အသီးသီးမှ ကျောင်းသား၊ ကျောင်းသူလေးများက သူမတူတဲ့ ဖျော်ဖြေမှုများနဲ့ ကိုယ်စီ ဖျော်ဖြေခဲ့ကြတာလည်း ဖြစ်ပါတယ်။
ကျောင်းသား၊ ကျောင်းသူလေးတို့အတွက် နိုင်ငံတကာသုံး အင်္ဂလိပ်ဘာသာရပ်ကို စနစ်တကျသင်ကြားပေးလျက်ရှိတဲ့ 𝐊𝐁𝐓𝐂 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐒𝐜𝐡𝐨𝐨𝐥 မှလည်း အဆိုပါပွဲကြီးအတွင်းမှာ ပါဝင်ဖျော်ဖြေခဲ့ကြတာဖြစ်ပြီး ဘယ်လိုဖျော်ဖြေမှုမျိုးနဲ့ ဖျော်ဖြေခဲ့ကြလည်းဆိုတာကို 𝐕𝐢𝐝𝐞𝐨 လေးကို အတူတူကြည့်ရှုလိုက်ကြရအောင်နော် 🤩
30/04/2026
အလုပ်သမားနေ့ 🎉
ယနေ့ မေလ (၁) ရက်နေ့တွင် ကျရောက်သော အလုပ်သမားနေ့အား 𝐊𝐁𝐓𝐂 မိသားစုမှ ဂုဏ်ပြုကြိုဆိုအပ်ပါသည် ☺
12/04/2026
အတာသင်္ကြန် အကြိုနေ့ 🎉
သင်္ကြန်ဆိုသည်မှာ (သင်္ကန္တ၊ သင်္ကြန္တ) ကူးပြောင်းခြင်းဟု အဓိပ္ပါယ်ရပြီး တပေါင်းလအကုန် တန်ခူးလသို့ကူးပြောင်းသောကာလအရောက်မှာ မြန်မာ့နှစ်သစ်ကူးပွဲတော်အဖြစ် နှစ်စဥ်ကျင်းပတဲ့ မြန်မာ့ဆယ့်နှစ်လရာသီပွဲများထဲမှ ပွဲတော်တစ်ခုပဲဖြစ်ပါတယ်။ 𝐔𝐍𝐄𝐒𝐂𝐎 မှ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းခြင်းခံထားရတဲ့ အတာသင်္ကြန်ပွဲတော်ချိန်တွင် မြန်မာတို့ရဲ့အစဥ်အလာအရ အတာရေများကို ပက်ဖြန်းကာ နှစ်ဟောင်းမှ အညစ်အကြေးများကို သန့်စင်ကြတာပဲဖြစ်ပါတယ်။
သင်္ကြန်ကာလအတွင်း မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှာ စတုဒီသာအကျွေးအမွေးများဖြင့် စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပကြပြီး ဥပုသ်သီလဆောက်တည်ချင်သူများအနေနဲ့လည်း ဘုန်းကြီးကျောင်းများ၊ ဘုရားစေတီများတွင် စတင်ကာ သင်္ကြန်ဥပုသ်ကိုဆောက်တည်ကြတာလည်း ဖြစ်ပါတယ်။ မနက်ဖြန်မှာ ကျရောက်မယ့် မြန်မာပြည်သူ၊ ပြည်သားများအတွက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သင်္ကြန်ပွဲတော်စတင်ကျင်းပတဲ့ အကြိုနေ့ကို 𝐊𝐁𝐓𝐂 မိသားစုမှလည်း ကြိုဆိုလိုက်ရပါတယ်။ 🤍
01/03/2026
တောင်သူလယ်သမားနေ့ 👩🏻🌾
ယနေ့ကျရောက်သော တောင်သူလယ်သမားနေ့အား 𝐊𝐁𝐓𝐂 မိသားစုမှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
No/287, Pyay Road (Near Myaynigone Bus Stop), Sanchaung Township
Yangon
11041