Zwap Ent - Ghost Stories

Zwap Ent - Ghost Stories

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zwap Ent - Ghost Stories, Arts and entertainment, Yangon.

19/01/2025

ညာဥ်ဆိုး........................
ကားပွဲစားလောကထဲကို
ဝင်ရောက်လာတာမကြာသေးတဲ့
ကိုမောင်ဦးတစ်ယောက်...
ပေါချောင်ကောင်းစျေးနဲ့
ပရိုဘောက်ကားတစ်စီးကိုဝယ်ယူလိုက်ပါတယ်...............
ထိုနေ့ညမှာပဲ သူငယ်ချင်းတွေနဲ့
ဘီယာဆိုင်ထိုင်ပြီး ပြန်မယ်လုပ်တော့
အချိန်က ည အတော် နက်နေပါပြီ...
သူဝယ်ထားတဲ့ ပရိုဘောက်ကားလေးကို
ပြည်လမ်းအတိုင်းမောင်းနှင်လာပြီး
လေဆိပ်ဘေးလမ်းမှတစ်ဆင့်
သူနေထိုင်ရာ မြောက်ဒဂုံမြို့နယ်ဆီသို့
ဦးတည်ပြီး မှောင်းနှင်လာခဲ့ပါတယ်...................
ဒီလိုနဲ့မောင်းနှင်လာရင်း
စော်ဘွားကြီးကုန်းအကျော်
ဆယ်မိုင်သို့အရောက်မှာတော့
ကားမှာရှိတဲ့ရေဒီယိုဟာ သူ့အလိုလိုထပွင့်သွားပြီး
သီချင်းသံများထွက်ပေါ်လာခဲ့ပါတယ်...
ထိုညမှာပဲ ကို‌မောင်ဦးတစ်ယောက်
တခြားထိတ်လန့်စရာအဖြစ်အပျက်များစွာနဲ့
ထပ်ပြီးကြုံခဲ့ရပါသေးတယ်.......................
တစ်ကယ်တော့
သူဝယ်လိုက်မိတဲ့ကားဟ
တစ်ချိန်က အမျိုးသမီးတစ်ယောက်ကိုတိုက်မိပြီး
ထိုအမျိုးသမီးရဲ့ဝိညာဥ်ပူးကပ်နေကာ
ညာဥ်ဆိုးနေတဲ့ကားတစ်စီးဖြစ်ပါတယ်.......................
ဒါအကြောင်းတွေကို
ကိုမောင်ဦးတစ်ယောက်သိရှိလိုက်ပြီးတဲ့
နောက်မှာတော့....
ထိုညာဥ်ဆိုးနေတဲ့ကားနဲ့အတူ
ကိုမောင်ဦး ဘာတွေဆက်ဖြစ်မလဲ
ပူးကပ်နေတဲ့ သရဲမကရော
ကိုမောင်ဦးကို ဘယ်လိုတွေခြောက်လှန့်မလဲ
ဆိုတာကိုတော့...ဆက်လက်ပြီး........................
ဉာဥ်ဆိုး.................
(အပြည့်အစုံကို Comment မှာ Link ချပေးထားပါတယ်ခင်ဗျာ)

12/01/2025

မောင်သံချောင်းရဲ့လွမ်းပုံပြင်........................................
သံချောင်း
ဦးဖိုးခင်နဲ့ဒေါ်မယ်မြတို့လင်မယား
အသက်ငါးဆယ်ကျော်မှ ကံပေါ်ပြီး
ရလာခဲ့တဲ့ တစ်ဦးတည်းသောသားလေး.................................
ဥာဏ်ရည်ကမမှီ
လမ်းလျှောက်ရင်ခြေတစ်ဖက်ဆာ
စကားကလဲထစ်သေးတယ်...
ဒါတွေကြောင့်ပဲ သက်တူရွယ်တူ
က‌လေးတွေကြားထဲ အမြဲအနှိမ်ခံခဲ့ရတယ်.........................
ဒါပေမယ့်
သူ့ကိုအဖတ်လုပ်ပေါင်းသင်းပြီး
အမြဲတမ်းသူ့ဘက်ကနေရပ်တည်ပေးတတ်တဲ့
မိန်းကလေးသူငယ်ချင်းတစ်ယောက်တော့
ရှိပါသေးတယ်
သူမနာမည်က ထွေးမြတဲ့.......................
ရက်တွေကနေ လ
လတွေကနေ နှစ်တွေပြောင်းလာတဲ့အခါ
မောင်သံချောင်းနဲ့ထွေးမြတို့
‌ခွဲခွါဖို့အကြောင်းဖန်လာခဲ့တော့တယ်...
ထွေးမြပြန်အလာကို နေ့တိုင်း ရွာထိပ်မှာ
သွားသွားစောင့်နေတတ်တဲ့သံချောင်း....
မိုးလင်းရာမိုးချုပ်ရွာထိပ်မှာပဲ
ထွေးမြပြန်အလာကို စောင့်မျှော်နေတတ်တဲ့
သံချောင်းတစ်ယောက်...မထင်မှတ်ပဲ
သေဆုံးသွားခဲ့ပြီးတဲ့နောက်....
ထိုရွာလေးမှာ...ဘာတွေဆက်ဖြစ်လာမလဲ...
ဘယ်လိုခြောက်လှန့်မှုမျိုးတွေနဲ့ရွာသူရွာသားတွေ
ဆက်ပြီးကြုံတွေ့ရမလဲဆိုတာကတော့................................
(မောင်သံချောင်းရဲ့လွမ်းပုံပြင်)..........
Comment မှာ Link ချပေးထားပါတယ်ခင်ဗျာ...

10/01/2025

"ကလေးငိုသံ"....................
ရွာစဉ်တကာလှည့်ကာ ....
မီးဖွားပေးတဲ့အလုပ်ကိုလုပ်ကိုင်တဲ့
အရပ်လက်သည်တစ်ယောက်ရှိပါတယ်....

သူ့နာမည်ကတော့ ဒေါ်မြရီပါ..
အရင်တုန်းကတော့ ဒေါ်မြရီဟာ
ကလေးမွေးဖွားပေးတာကိုသာ...လုပ်ကိုင်ခဲ့ပေမယ့်….
ဒေါ်မြရီတို့လင်မယားနှစ်ယောက်
အသက်အရွယ်ရလာတဲ့အခါမှာတော့...
အပိုဝင်ငွေလိုချင်လာတာကြောင့်
အကုသိုလ်အလွန်များတဲ့.....
ကလေးဖျက်ချပေးတာမျိုးကိုပါ လုပ်ကိုင်လာခဲ့ပါတယ်…

ဒါကို ခင်ပွန်းဖြစ်သူက သဘောမကျပေမယ့်
ပြောမရတဲ့အဆုံးဒေါ်မြရီကို လွှတ်ပေးထားရပါတယ်...

ဒီလိုနဲ့ တစ်နေ့မှာတော့....တစ်ခြားရွာတစ်ရွာသို့
ကလေးဖျက်ချပေးရန်အတွက်
ဒေါ်မြရီထွက်လာခဲ့ပါတယ်....

အသွားမှာတော့...ဘာမှထူးခြားတာမျိုးမကြုံရပေမယ့်...
ကလေးဖျက်ချအပြီး အပြန်လမ်း လူပြတ်တဲ့
ငှက်ကြီးတောင်ခြုံပင်တွေအနားအရောက်မှာတော့...
ကလေးငိုသံကိုကြားလိုက်ရပြီးတဲ့နောက်...
ဘာတွေဆက်ဖြစ်မလဲ….
❓❓❓❓❓❓
ဒေါ်မြရီတစ်ယောက် ဘယ်လိုထိတ်လန့်စရာ အဖြစ်
အပျက်တွေနဲ့ သတိလစ်မေ့မျောသွားတဲ့အထိ ကြုံတွေ့ရမလဲဆိုတာကိုတော့
❓❓❓❓❓❓
Comment မှာ link ချပေးထားပါတယ်ခင်ဗျာ
👇👇👇👇👇👇👇👇

09/01/2025

ကဲ စမယ် … Ready ‼️

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon