ASK Tech

ASK Tech

Share

ASK Tech (Former AIS - ASK IT Solutions) is founded in 2007 and is based in Yangon, Myanmar.

22/09/2025

✨ ကျန်ရစ်သူတစ်ယောက် မဖြစ်ရလေအောင် သင့်စိတ်ကူးတွေကို Google AI Pro နဲ့ ဖန်တီးလိုက်ရအောင်! ✨

Gemini Free Version မှာတောင် Nano 🍌 ရဲ့ ပုံထုတ်နိုင်စွမ်း‌တွေကတော့ ဖေ့ဘုတ်တစ်ခွင် ပလူပျံနေလို့ မဖော်ပြတော့ဘူးနော် 😁

🚀 Google AI Pro Subscription ဟာ Gmail မှာ Draft ပြင်ပေး၊ Docs မှာ အကျဉ်းချုပ်ရေးပေး၊ Sheets မှာ Formula တွေ ချက်ချင်းထုတ်ပေးတဲ့အပြင် — 2TB Storage အပါအဝင် 🤯

Google AI Pro Plan မှာ ရနိုင်တဲ့ အကျိုးကျေးဇူးများ –
✅ Gemini 2.5 Pro (Deep Research + Coding အတွက်)
✅ Gemini Veo3 (ကိုယ်လိုချင်သော ဗီဒီယိုအတိုလေးများ ဖန်းတီးခြင်း)
✅ Gmail, Docs, Sheets ထဲမှာ တိုက်ရိုက်သုံးနိုင်မယ့် AI သူငယ်ချင်း
✅ 2TB Google One Storage (ဓာတ်ပုံ၊ ဖိုင်၊ ဗီဒီယို၊ Backup အားလုံး တစ်နေရာထဲမှာ)
✅ လစဉ် 1,000 AI Credits (Flow နှင့် Whisk အပါအဝင် ရုပ်ရှင်ဆန်ဆန် အခန်းဆက်ဗီဒီယိုနဲ့အခြားဖန်တီးမှုများ)
✅ Exclusive Pro Limits (Pro ဆန်တဲ့ Project တွေကို ချောမွေ့စွာ ဖန်တီးဖို့)

Student account တွေက risk များပြီး အာမခံချက် နည်းပါတယ် Student Subscription Account များ မရောင်းပါ။ Subscription Period ကုန်သွားတဲ့ အခါ အဲ့ဒီ Student Account တွေ ဘာဆက်ဖြစ်မလဲ? Account အသစ်ပြောင်းပြီဆိုပါဆို့ Google One/Drive ထဲမှာ ကိုယ်သိမ်းထားတဲ့ Data တွေ၊ Gemini/Flow/Studio/Whisk စသဖြင့် ကိုယ့် Student Account နဲ့ တွဲသိမ်းထားတာတွေ ဘယ်လိုလုပ်ကြမလဲ ဘာဆက်လုပ်ကြမလဲ ဒါတွေက နောက်ဆက်တွဲ စဉ်းစားစရာတွေပါ။ 🤔

❌ထပ်ပြောပါမယ် မင်မင်တို့ရောင်းချသော Plan သည် Student Account/Subscription လုံးဝ(လုံးဝ) မဟုတ်ပါ။ ❌

အခု မင်မင်တို့ဝန်ဆောင်မှုပေးမယ့် Pro Subscription ကတော့ အာမခံချက် ၁၀၀ ရာခိုင်နှုန်းပေးနိုင်ပါတယ်။

မဝယ်ယူခင် Google AI Premium Features အကြောင်း အသေးစိတ်သိလိုပါက
ဒီမှာ 👉 https://bit.ly/GoogleAIPremiumFeatures ဖတ်ပါ။

Google AI Pro Subscription ကို Google မှာ တိုက်ရိုက်သွားဝယ်ပါက တစ်လကို ($19.99 ဒေါ်လာ) ကျသင့်မှာပါ၊ မြန်မာငွေနဲ့မြှောက်ရင် ဘယ်လောက်တောင် ကျသွားမလဲ စဉ်းစားကြည့်ပါဦးလို့။ မင်မင်တို့ရောင်းမယ့် (၁)နှစ်စာက Google မှာ တိုက်ရိုက်သွားဝယ်တာရဲ့ (၁)လစာလောက်နဲ့ရှိပါတယ်။ မင်မင်တို့ရောင်းပေးမယ့် 20% OFF အထူး Promotion ဈေးများကတော့.....

***20% OFF Promotion:***
3 Month: 28,900 Ks (9,633Ks/Month, 321Ks/Day)
6 Month: 50,400 Ks (8,400Ks/Month, 280Ks/Day)
1 Year: 90,000 Ks (7,500Ks/Month, 250Ks/Day)

Normal Price:
3 Month: 36,000 Ks (12,000Ks/Month, 400Ks/Day)
6 Month: 63,000 Ks (10,500Ks/Month, 350Ks/Day)
1 Year: 112,500 Ks (9,375Ks/Month, 313Ks/Day)

အခု Promotion ကတော့ ရက်အကန့်အသတ်ရှိလို့ မြန်မြန်ဝယ်ထားမှ သေချာပါမယ်။

နောက်မကျခင် အခုပဲ Google AI Pro Subscription ကို
👉 https://bit.ly/ASKTechMessengerProSub1 စတင်လိုက်ပါ!

မဝယ်သုံးချင်သေးတဲ့ မိတ်ဆွေတွေအတွက်လဲ မင်မင်တို့ သီတင်းကျွတ် အထူးအစီအစဉ်လေးတစ်ခုအနေနဲ့ Pro Subscription 3 Month Plan (၃)ခုကို မဲဖောက်ပေးမှာပါ။ ဒီအစီအစဉ်မှာ ပါဝင်ဖို့အတွက် အောက်ပါ အချက် (၃)ချက်ကို ပြုလုပ်ပေးရပါမယ်။

၁) ယခု Post ကို မိမိရဲ့ Facebook Account Wall မှာ Public နဲ့ Caption မှာ ရေးပြီး Share ရပါမယ်။
၂) ယခု Post ကို နည်းပညာနဲ့ဆက်စပ်သော မိမိအဆင်ပြေရာ Public Group တစ်ခုခုမှာ Public နဲ့ Caption မှာ ရေးပြီး Share ရပါမယ်။
၃) ၎င်းနေရာတွေ Share ထားကြောင်း ယခု Post ရဲ့ Comment မှာ ရေးပြီး မန့်ရပါမယ်။

သီတင်းကျွတ် မဲဖောက်ပေးတဲ့ အစီအစဉ် ပိတ်မယ့်နေ့ကို မင်မင်တို့ Page မှာ ကြေငြာပေးမှာဖြစ်လို့ Page ကို Follow မလုပ်ရသေးရင် လုပ်ထားပေးဦးနော်၊ အားလုံးပဲ သီတင်းကျွတ်မှာ ကံကောင်းနိုင်ကြပါစေ ❤️

ြန်မာ #နည်းပညာ #အလုပ်မြန်စေမည့်AI ုံးချသူ

22/09/2025

***What are Google AI Premium Features***

Google AI Pro Plan သည် Google ၏ အစွမ်းထက်ဆုံး Artificial Intelligence (AI) နည်းပညာများကို သုံးစွဲသူများထံသို့ အပြည့်အဝ ယူဆောင်လာပေးမည့် အဆင့်မြင့် ဝန်ဆောင်မှုတစ်ခု ဖြစ်သည်။ ရိုးရှင်းသော AI စနစ်များထက် ပိုမိုအစွမ်းထက်သော Gemini 2.5 Pro မော်ဒယ်ကို အခြေခံထားပြီး၊ နေ့စဉ်ဘဝနှင့် လုပ်ငန်းခွင်သုံးအတွက် များစွာအထောက်အကူပြုမည့် အားသာချက်များနှင့် အသုံးဝင်ပုံများကို အသေးစိတ် ဖော်ပြအပ်ပါသည်။

**အဓိက ပါဝင်သော Features များနှင့် အားသာချက်များ**

၁။ စွမ်းအားအမြင့်ဆုံး AI Model - Gemini 2.5 Pro

Google AI Pro Plan ၏ အဓိက အားသာချက်မှာ Google ၏ နောက်ဆုံးပေါ်နှင့် အစွမ်းထက်ဆုံး AI model ဖြစ်သော Gemini 2.5 Pro ကို အသုံးပြုခွင့် ရရှိခြင်းဖြစ်သည်။ ၎င်းသည် သာမန် AI များထက် ပိုမိုရှုပ်ထွေးသော မေးခွန်းများကို နားလည်နိုင်ပြီး၊ ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် ဘာသာစကားမျိုးစုံကို ကျွမ်းကျင်စွာ အသုံးပြုနိုင်စွမ်း ရှိသည်။

အသုံးဝင်ပုံများ
• Studying Complex Topics: သိပ္ပံ၊ စီးပွားရေး၊ သမိုင်း စသည့် ရှုပ်ထွေးသော အကြောင်းအရာများကို အသေးစိတ် မေးမြန်းလေ့လာနိုင်သည်။
• Writing and Debugging Code: Developer များအတွက် code များရေးသားရာတွင် အကြံဉာဏ်များ ပေးနိုင်ပြီး၊ အမှားများကို ရှာဖွေပြင်ဆင်ပေးနိုင်သည်။
• Creative Writing: ကဗျာ၊ သီချင်းစာသား၊ ဇာတ်ညွှန်း၊ ကြော်ငြာစာသားများကဲ့သို့သော ဖန်တီးမှုဆိုင်ရာ အရေးအသားများကို ပိုမိုကောင်းမွန်အောင် ကူညီဖန်တီးပေးနိုင်သည်။

၂။ Deep Research

သာမန်ရှာဖွေမှုများထက် ပိုမိုနက်ရှိုင်းသော အချက်အလက်များကို ရှာဖွေစုစည်းပေးနိုင်သည့် Feature ဖြစ်သည်။ မိတ်ဆွေသိလိုသော အကြောင်းအရာတစ်ခုကို မေးလိုက်ရုံဖြင့် အင်တာနက်ပေါ်ရှိ ယုံကြည်စိတ်ချရသော ရင်းမြစ်များစွာမှ အချက်အလက်များကို စုစည်းပြီး ပြီးပြည့်စုံသော အစီရင်ခံစာတစ်စောင်ပုံစံ ပြုလုပ်ပေးနိုင်သည်။

အသုံးဝင်ပုံများ
• Students and Researchers: Project များ၊ စာတမ်းများအတွက် လိုအပ်သော အချက်အလက်များကို အချိန်တိုအတွင်း စုစည်းနိုင်သည်။
• Business Professionals: ဈေးကွက်အခြေအနေ၊ ပြိုင်ဘက်များအကြောင်းကို အသေးစိတ် အတွင်းကျကျ လေ့လာသုံးသပ်နိုင်သည်။

၃။ Large Context Window (1 Million Tokens)

ဘာကိုဆိုလိုတာလဲဆိုတော့ AI နှင့် စကားပြောဆိုရာတွင် အကြောင်းအရာ အဆက်အစပ်ကို မှတ်မိနိုင်စွမ်းကို ပြောချင်တာပါ။ 1 Million Tokens အထိ မှတ်သားနိုင်သောကြောင့် စာမျက်နှာ ၁,၅၀၀ ခန့်ရှိသော စာအုပ်များ၊ ရှည်လျားသော စာတမ်းများ၊ သို့မဟုတ် email အများအပြားကို တစ်ကြိမ်တည်း ပေးပို့ပြီး ယင်းတို့နှင့် ပတ်သက်၍ ဆက်စပ်မေးခွန်းများ မေးမြန်းနိုင်သည်။
အသုံးဝင်ပုံများ
• Summarizing Long Documents: ရှည်လျားသော report များ၊ ဥပဒေစာရွက်စာတမ်းများကို အချိန်တိုအတွင်း အနှစ်ချုပ် ထုတ်ပေးနိုင်သည်။
• Analyzing Large Amounts of Data at Once: များပြားလှသော အချက်အလက်များ (ဥပမာ- ဘဏ္ဍာရေး report များ) ကို တင်ပြပြီး ခြုံငုံသုံးသပ်ခိုင်းနိုင်သည်။

၄။ Creative Tools and AI Credits

Google AI Pro Plan တွင် အဆင့်မြင့် တီထွင်ဖန်တီးမှုဆိုင်ရာ AI tool များကို အသုံးပြုနိုင်ရန်အတွက် လစဉ် AI Credits 1000 ပါဝင်မည်ဖြစ်သည်။
• Flow: AI နည်းပညာဖြင့် ရုပ်ရှင်ဆန်သော ဗီဒီယိုကလစ်များ၊ ဇာတ်လမ်းတိုများကို လျင်မြန်စွာ ဖန်တီးနိုင်သော filmmaking tool ဖြစ်သည်။
• Whisk: ရုပ်ပုံတစ်ပုံမှ ဗီဒီယိုအဖြစ်သို့ ပြောင်းလဲဖန်တီးပေးနိုင်သော tool ဖြစ်သည်။
• Image Generation: စာသားများမှ အရည်အသွေးမြင့် ရုပ်ပုံများကို ဖန်တီးခြင်း။

Credit အသုံးပြုပုံ: ဤ tool များကို အသုံးပြု၍ ဗီဒီယို၊ ရုပ်ပုံများ ဖန်တီးသည့်အခါတိုင်း သင်ရရှိထားသော AI Credits များထဲမှ အသုံးပြုရမည် ဖြစ်သည်။ လုပ်ဆောင်ချက်တစ်ခုချင်းစီအတွက် credit အသုံးပြုနှုန်းမှာ လုပ်ငန်း၏ ရှုပ်ထွေးမှုနှင့် ဖန်တီးလိုက်သည့် အရာ၏ အရည်အသွေးပေါ်မူတည်၍ ကွာခြားနိုင်ပါသည်။

[စာကြွင်း]
Veo3 (သို့မဟုတ်) Veo2 ကို Flow ထဲမှာ Quality version နဲ့ ထုတ်လိုက်ရင် 100 credit နုတ်သွားပါတယ်၊ Veo3 ကို Fast version နဲ့ ထုတ်ရင်တော့ 20 credit ပဲ နုတ်သွားပါတယ်၊ Veo2 ကို Fast Version နဲ့ ထုတ်ရင် 10 credit နုတ်သွားပါတယ်။ အခု မြန်မာနိုင်ငံက မိတ်ဆွေတွေ အထုတ်များနေတဲ့ Gemini မှာ ထုတ်တဲ့ Veo3 တွေက မိမိရရှိထားတဲ့ Credit ထဲက နုတ်သွားခြင်း မရှိပါဘူး၊ သိုပေမယ့် တစ်နေ့ကို Video ၃ခုပဲ ထုတ်လို့ရပါတယ်။ Credit ထဲက နုတ်မသွားတဲ့ တော်တော်များများ မသိကြသေးတဲ့ နောက်ထပ် တစ်နေရာရှိပါသေးတယ်၊ အောက်မှာ ဖော်ပြပေးထားပါတယ်။

၅။ Google Workspace နှင့် ချိတ်ဆက်အသုံးပြုနိုင်ခြင်း

သင်နေ့စဉ်အသုံးပြုနေသော Google applications များဖြစ်သည့် Gmail, Docs, Slides, Sheets, Meet, နှင့် Vids တို့တွင် Gemini AI ကို တိုက်ရိုက် ထည့်သွင်းအသုံးပြုနိုင်သည်။ (ဤ Workspace feature များ အသုံးပြုခြင်းသည် လစဉ် AI Credit ၁၀၀ နှင့် သက်ဆိုင်ခြင်း မရှိပါ။)
အသုံးဝင်ပုံများ
• Gmail: Email များ အကျဉ်းချုပ်ခြင်း၊ ပြန်စာများ အလိုအလျောက် ရေးသားစေခြင်း။
• Docs: စာစီရာတွင် အကူအညီပေးခြင်း၊ သဒ္ဒါစစ်ဆေးခြင်း၊ အရေးအသား ပိုမိုကောင်းမွန်အောင် အကြံပြုခြင်း။
• Slides: Presentation အတွက် စာသားများ၊ အကြောင်းအရာများကို အကြမ်းရေးဆွဲပေးခြင်း၊ ပုံများ ဖန်တီးပေးခြင်း။
• Sheets: Formula များ အလိုအလျောက် ဖြည့်ဆည်းပေးခြင်း၊ data များကို သုံးသပ်ခိုင်းခြင်း။
• Meet: အစည်းအဝေးမှတ်တမ်းများကို အလိုအလျောက် ရေးမှတ်ပေးခြင်း။
• Vids (Feature အသစ်): လုပ်ငန်းသုံး AI video ဖန်တီးရေး application ဖြစ်သည်။ Project update များ၊ သင်တန်းပေးခြင်းဆိုင်ရာ video များ၊ ကြော်ငြာများကဲ့သို့သော အကြောင်းအရာများအတွက် storyboard, script တို့ကို AI ဖြင့် အကြမ်းရေးဆွဲနိုင်သည်။ ထို့နောက် AI က သင့်တော်သော stock video များ၊ ပုံများ၊ နောက်ခံတေးဂီတနှင့် အသံဖိုင် (AI voiceover) တို့ကို အလိုအလျောက် ပေါင်းစပ်ပေးကာ ပြီးပြည့်စုံသော video တစ်ခုကို အချိန်တိုအတွင်း ဖန်တီးပေးနိုင်သည်။ Feature အသစ်လည်းဖြစ်လို့ တော်တော်များများ မသိကြသေးပါဘူး။

၆။ NotebookLM တွင် အဆင့်မြင့် Features များ
AI အသုံးပြု၍ သုတေသနနှင့် စာရေးသားမှုဆိုင်ရာ အထောက်အကူကောင်းတစ်ခုဖြစ်သော NotebookLM တွင် သာမန်အသုံးပြုသူများထက် ပိုမိုများပြားသော notebook အရေအတွက်၊ source အရေအတွက်နှင့် audio overviews များကို အသုံးပြုခွင့် ရရှိမည်ဖြစ်သည်။
NotebookLM ရဲ့ အဓိက အလုပ်လုပ်ပုံက Source-grounding ဖြစ်ပါတယ်။ ဆိုလိုတာကတော့ သင်တင်ပေးလိုက်တဲ့ စာတွေ၊ ဖိုင်တွေကိုပဲ သူ့ရဲ့ "ဦးနှောက်" အဖြစ် သတ်မှတ်ပြီး အဲ့ဒီအထဲမှာ ရှိတဲ့ အကြောင်းအရာတွေကိုပဲ နားလည်၊ မှတ်သား၊ ပြန်လည်ဖြေကြားပေးတာပါ။ အမေး အဖြေလို အင်တာဗျူးပုံစံတွေလည်း ထုတ်ခိုင်းလို့ရပါတယ်။

မိတ်ဆွေက သူ့ကို PDF ဖိုင်တွေ၊ Google Docs တွေ၊ Text ဖိုင်တွေ၊ ဒါမှမဟုတ် Website လိပ်စာတွေ ပေးလိုက်တာနဲ့၊ သူက အဲ့ဒီစာတွေအားလုံးကို ဖတ်ပြီး ကျွမ်းကျင်သူတစ်ယောက်လို ဖြစ်သွားပါတယ်။ ပြီးတော့ သင်မေးသမျှ မေးခွန်းတွေကို အဲ့ဒီစာတွေထဲက အချက်အလက်တွေနဲ့ပဲ ကိုးကားပြီး ပြန်ဖြေပေးပါတယ်။

၇။ Google One ၏ အခြားသော အကျိုးကျေးဇူးများ

Google AI Pro Plan ကို ဝယ်ယူခြင်းဖြင့် Google One Premium Plan ၏ အကျိုးကျေးဇူးများကိုပါ တစ်ပါတည်း ရရှိမည်ဖြစ်သည်။
• 2 TB Cloud Storage: Google Drive, Gmail, နှင့် Google Photos တို့တွင် အသုံးပြုရန် ကြီးမားသော storage နေရာ ရရှိမည်။
• Google Photos တွင် အဆင့်မြင့် Editing Tools များ: Magic Eraser ကဲ့သို့သော အဆင့်မြင့် ဓာတ်ပုံပြင်ဆင်ခြင်း feature များကို အသုံးပြုနိုင်သည်။ နောက်တစ်ချိန်မှာ အသစ်ထပ်ပါလာမယ့် Google Photo App ထဲမှာ Gemini ကိုပါတွဲသုံးလို့ရလာမှာပါ။
• Google Expert များမှ တိုက်ရိုက်အကူအညီ: Google ထုတ်ကုန်များနှင့် ပတ်သက်၍ အကူအညီလိုပါက Expert နှင့် တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်သည်။

**မည်သူတွေအတွက် အသင့်တော်ဆုံးလဲ? **

Google AI Pro Plan သည်-
• ကျောင်းသား၊ ကျောင်းသူများနှင့် သုတေသနပညာရှင်များ
• Content Creator များနှင့် Marketing ပညာရှင်များ
• Software Developer များနှင့် Programmer များ
• စီးပွားရေးလုပ်ငန်းရှင်များနှင့် စီမံခန့်ခွဲသူများ
• AI နည်းပညာကို စိတ်ဝင်စားပြီး နောက်ဆုံးပေါ်နည်းပညာများကို လေ့လာ အသုံးပြုလိုသူတိုင်း အတွက် အထူးသင့်တော်ပါသည်။

Google AI Ultra Plan ကတော့ Google AI Pro နဲ့ ယှဉ်ရင် Features တွေ ထူးထူးခြားခြား ကွဲပြားသွားတာ မရှိပါဘူး။ Credit ပေးထားတဲ့ ပမာဏပဲ ကွာသွားမှာပါ။

ဝယ်ယူလိုပါက 👉 http://m.me/ASKTechMM

မဝယ်ယူခင် Pro Subscription အသေးစိတ် လေ့လာချင်ပါက 👉 https://bit.ly/GoogleAIProSubscription

ြန်မာ #နည်းပညာ #အလုပ်မြန်စေမည့်AI ုံးချသူ

24/12/2024

𝐏𝐨𝐫𝐭𝐚𝐛𝐥𝐞 𝐏𝐨𝐰𝐞𝐫 𝐒𝐭𝐚𝐭𝐢𝐨𝐧 | 𝐉 𝐒𝐞𝐫𝐢𝐞𝐬

J Series Power Station ကို ဘယ်သူတွေ၀ယ်ကြတာလဲ ??
ဘာကြောင့်၀ယ်ကြတာလဲ ?
ဈေးနှုန်းရောတန်ရဲ့လား ?

🧐ဘယ်သူတွေ၀ယ်ကြတာလဲ ??

အများဆုံး၀ယ်ယူကြသူတွေကတော့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကုမ္ပဏီ၀န်ထမ်းတွေ၊ Online Shopping ပိုင်ရှင်တွေ၊ ဆရာ/ဆရာမ၊ Online Learning သမားတွေနဲ့ လျှပ်စစ်မီးမရနိုင်တဲ့ Outdoor မှာ အလုပ်လုပ်ကြသူတွေပဲ။

🧐ဘာကြောင့်၀ယ်ကြတာလဲ ??

ဒီကာလမှာ အမေးအများဆုံးက Wi-Fi Router နဲ့ Laptop အတွက် Power Bank တွေပဲ။

မီးတွေပျက်တော့ အလုပ်ပျက်သလို၊ အလုပ်မလုပ်ပဲထိုင်နေလို့လဲမရပြန်တော့ Power Bank တွေ Power Station တွေကိုအားကိုးလာရတယ်။

Wi-Fi Router အတွက် Power Bank တွေရွေးချယ်ဖို့အစုံရှိတော့ ပြဿနာမဟုတ်ဘူး။

ပြဿနာက မီးပျက်ရင် Laptop အားပြန်သွင်းဖို့အတွက် ရွေးချယ်စရာများများစားစားမရှိသလို Type-C Laptop မဟုတ်သူတွေအတွက်က ပိုလို့တောင်ခက်ခဲပါတယ်။

J Series Power Station ကတော့ AC 300W နဲ့ 500W ဆိုပြီး ၂မျိုးရှိပါတယ်။ J Series က ဘာတွေ အားသာလဲဆိုတော့ မူလ charger ပါသလို၊ Car charger နဲ့လည်း အားသွင်းလို့ရသလို Solar နဲ့လည်း အားပြန်သွင်းလို့ရပြန်ပါတယ်၊ ကဲ.. ဘယ်လောက်အဆင်ပြေသလဲ စဉ်းစားကြည့်လေ။

Laptop တင်မဟုတ်ပဲ Wi-Fi Router နဲ့သုံးလို့ရတဲ့အပြင် ပန်ကာ၊ Printer၊ SLR Camera၊ iPad၊ Laptop၊ MacBook၊ SLR Camera၊ Projector၊ Television၊ Lamp၊ Flashlight၊ Lamp၊ Kettle၊ Juicer၊ Rice Cooker နဲ့ Drone လို Device တွေပါအသုံးပြုနိုင်တယ်။

မီးသီး၊ မီးလုံး၊ မီးအိမ်တွေကတော့ မပါမဖြစ်ဆိုတော့ ထည့်စဉ်းစားစရာမလိုဘူးပေါ့။

USB (၆) ပေါက်ပါ၀င်တဲ့အပြင် မီးလုံးဝမှောင်သွားချိန် အမှောင်ထဲမှာ စမ်းတဝါးဝါးမဖြစ်ရအောင် ကိုယ်တိုင်ကလဲ မီးအိမ်အနေနဲ့အသုံးပြုနိုင်ပါသေးတယ်လေ။

ဒါကြောင့် ဒီကာလမီးပျက်ချိန်မှာလဲ အဆင်ပြေပြေ အလုပ်လုပ်ဖို့၊ အလင်းထဲမှာ နေထိုင်ဖို့အတွက် J Series Power Station လေးကို ရွေးချယ်အသုံးပြုလာကြပါတယ်။

🤔ဈေးနှုန်း 650000Ks (300W) နဲ့တန်ရဲ့လား ??
🤔ဈေးနှုန်း 810000Ks (500W) နဲ့တန်ရဲ့လား ??

ဒီမေးခွန်းကိုဖြေရရင်တော့

ကိုယ့်အတွက်သာ အမှန်တကယ်အသုံး၀င်ရင် မတန်စရာမရှိပါဘူး Warranty လည်းပါတဲ့အတွက် ၁၀၀ ရာခိုင်နှုန်း တန် တန် တန်ပါပဲ။ ကိုယိ့အတွက် အသုံးမဝင်ရင်တော့ ၂သောင်းတန် ပစ္စည်းလေး တစ်ခုတောင် ဝယ်ရတာ မတန်ပါဘူး။

အလုပ်လုပ်နေတုန်း မီးပျက်သွားမယ်။
Laptop ကလဲအားမရှိဘူးဆိုရင် အချိန်ကုန်၊ လူပင်ပန်းဖြစ်မှာကတော့ အသေအချာပဲ။

ဒီအချိန်မှာ J Series နဲ့တွဲဖက်အသုံးပြုနိုင်မယ်ဆိုရင် အလုပ်တွေနှောင့်နှေးတာမျိုးမရှိနိုင်ဘူး။

Laptop နဲ့တွဲဖက်သုံးမယ်ဆိုရင်လဲ ကိုယ်အသုံးပြုမှုအပေါ်မူတည်ပြီး ၅ နာရီကျော်၊ ၆ နာရီ-၇ နာရီ-၈နာရီ ၀န်းကျင်ထိအသုံးခံတယ်။ လူကြီးမင်းတို့ရဲ့ Laptop Battery အားဆွဲနှုန်းပေါ်လည်း မူတည်ပါတယ်။

ဒီတော့ ခဏလေးမီးပျက်တာဖြစ်ဖြစ်၊ အကြာကြီးမီးပျက်တာပဲဖြစ်ဖြစ် J Series က လူကြီးမင်းအတွက် အထောက်အကူဖြစ်စေမှာပါ။

ဒါကြောင့် တန်လားမေးရင်တော့ တန်ပါတယ်။

“ကဲ ... ဒါဆိုရင်တော့ J Series ကို၀ယ်သင့်၊ မ၀ယ်သင့် လူကြီးမင်း ကိုယ်တိုင်ဆုံးဖြတ်လို့ရလောက်ပါပြီ”

Battery : Lithium Battery
Capacity : 300W (277.5Wh)
Capacity : 500W (416 Wh)
AC/Car Charger : 4.5 Hour (300W)
AC/Car Charger : 6.5 Hour (500W)
Input : 12.6V /5A
USB-A Output : 6xUSB 5V/3A
Car Charger Output : 12V/10A Max
DC1 Output : 12V/10A Max
AC Output : 220 +/- 5% 300W_500W
Operating temperature : 10~40C
Weight : 5kg
Size : 26cm * 16cm * 18cm
Color : Black
Warranty: 1 Year 😲
(ကျကွဲတာရယ် ရေဝင်တာရယ် နဲ့ Warranty Seal ပျက်သွားတာရယ်ကိုတော့ Warranty မပေးပါ)

မှာ‌ယူလိုပါက
m.me/ASKTechMM

Hotline
09-765932044

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

WHAT WE DO

Currently, we are doing Knowledge sharing videos of Information Technology.

The target users are the Office Staff who wants to try/test the technology themselves and IT Support Staff.

Telephone

Website

Address


159-A, Shwedagon Pagoda Road
Yangon
11191