EFG Business Online Shop
ဆေးဘက်ဆိုင်ရာ ပစ္စည်းများကို လွယ်က?
17/01/2022
‼ ပြန်ရောက်ပါပြီနော် ‼
🦠 ရောဂါပိုးများကို အထိရောက်ဆုံးကာကွယ်ပေးမယ့်
ဆေးဘက်ဆိုင်ရာ အဆင့်မှီ
🎀 Hanma တံဆိပ်
KN95 (အဖြူ / အစိမ်း)
🎀 Hanma တံဆိပ်
KF94 (အဖြူ)
💯 ပိုးသတ်ပြီး
(၁)ခု တစ်ထုတ်ပါဗူးများနှင့် စနစ်တကျ သေချာစွာ
ထုတ်ပိုးထားသော
🌸 Medical Mask လေးများကို
ကျွန်မတို့ EFG HealthCare Co.,Ltd. တွင်
လက်လီ လက်ကားဝယ်ယူရရှိနိုင်ပါပြီနော်..
EFG HealthCare Co.,Ltd.
အမှတ် (၃၀၃)(၄)လွှာ၊ ၊၄၁လမ်းနှင့် ၄၂လမ်းကြား၊
မဟာဗန္ဓုလလမ်းမပေါ်၊ ဝန်ကြီးများရုံးရှေ့ ၊
ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။
📞 0973013432
📞 09400973653
10/01/2022
Omicron Vs. Delta
--------------------
ပြီးခဲ့တဲ့ အပတ်ကစပြီး သတင်းခေါင်းစဉ်တွေမှာ နေရာယူထားတာက Omicron ပါ။ ဒီကိုဗစ် မျိုးစိတ်က အရင်ရှေ့မှာတုန်းက ကိုဗစ်လှိုင်းတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့တဲ့ Delta ထက် ပိုကြောက်စရာကောင်းသလား။ ဒီ ဗိုင်းရပ်စ် မျိုးစိတ် နှစ်ခုကြားမှာ ဘယ်လို ကွာခြားမှုတွေ ရှိနေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။
Omicron vs. Delta
Omicron Vs. Delta ဘာတွေများ ကွာခြားလဲ ….. အတူတူ ကြည့်လိုက်ရအောင်လား။
Omicron ရော Delta ရော နှစ်ခုစလုံးက covid -19 ကို ဖြစ်စေတဲ့ SARS-CoV-2 အမျိုးအစားပါ။ ရှေ့မှာ ဖြစ်ခဲ့သမျှ ကိုဗစ်လှိုင်းတွေတုန်းက ကိုဗစ် မျိုးစိတ်သစ်တွေက ရောဂါ မဖြစ်ဖူးသူတွေမှာပဲ ကူးစက်တာ ဆိုပေမယ့် အခု အသစ်တွေ့ရှိထားတဲ့ ကိုဗစ် မျိုးစိတ် Omicron ကတော့ ကိုဗစ် ဖြစ်ဖူးသူတွေမှာ ရောဂါ ကူးစက်နိုင်ခြေ ၂.၈ ဆ လောက် ပိုများနေပါတယ်။
ရှေ့ ကိုဗစ်လှိုင်းတွေမှာတုန်းက ထွက်ပေါ်ခဲ့တဲ့ မျိုးစိတ်တွေတုန်းက မျိုးဗီဇက အလုံးစုံ ပြောင်းလဲထားတာ မဟုတ်ဘဲ အနည်းငယ်လောက်သာ ကွာခြားပြောင်းလဲမှု ရှိပေမယ့် အခုနောက်ဆုံး တွေ့ရှိထားတဲ့ Omicron မျိုးစိတ်ကတော့ အလုံးစုံနီးပါး ပြောင်းလဲထားတာ ဖြစ်ပါတယ်။
Delta မျိုးစိတ်က အရင် ကိုဗစ်ဗိုင်းရပ်စ်တွေထက် ၂ ဆကျော်လောက်ပဲ ပိုမို ပြင်းထန်တာဖြစ်သလို ကာကွယ်ဆေး မထိုးထားတဲ့ သူတွေမှာ ပိုပြင်းထန်ခဲ့တာပါ။ Omicron မျိုးစိတ်ကတော့ မျိုးဗီဇပြောင်းလဲမှု များစွာ လုပ်ဆောင်ထားပြီး ကာကွယ်ဆေး ထိုးပြီးတာတောင် ရောဂါ ကူးစက်ခံရနိုင်ခြေ ရှိသလို အပေါ်မှာ ပြောခဲ့သလို ရောဂါဖြစ်ဖူးသူတွေမှာ ကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။
Omicron နဲ့ Delta မှာ ဘယ်မျိုးစိတ်က ပိုပြင်းထန်လဲဆိုတာကိုတော့ အခုထိ တိတိကျကျ မသိရသေးပါဘူး။
နောက်တစ်ချက်က Omicron နဲ့ Delta မှာ ဘယ်မျိုးစိတ်က ကူးစက်နှုန်း ပိုမြန်လဲဆိုတာကိုလည်း တိတိကျကျ မသိရသေးပါဘူး။
Delta နဲ့ Omicron လက္ခဏာတွေ ဘယ်လို ကွာခြားလဲ……
Omicron Vs. Delta
Omicron ရော Delta ရော နှစ်ခုစလုံးက ကိုဗစ် မျိုးစိတ်တွေ ဖြစ်တာကြောင့် လက္ခဏာတွေက သိပ်ကွာခြားတာ မရှိပါဘူး။ တွေ့ရများတဲ့ လက္ခဏာတွေကတော့
အဖျားတက်မယ်
ချမ်းတုန်မယ်
အသက်ရှူတာ ပြတ်တောင်း ပြတ်တောင်း ဖြစ်မယ်
ခြေကုန်လက်ပမ်းကျမယ်
ကြွက်သားတွေနာမယ်
ကိုယ်လက်တွေ ကိုက်ခဲမယ်
အနံ့ပျောက်မယ်
အရသာပျောက်မယ်
လည်ချောင်းနာမယ်
နှာခေါင်းပိတ်မယ်
နှာစေးမယ်
အော့အန်မယ်
မအီမသာ ဖြစ်မယ်
ဝမ်းပျက်ဝမ်းလျှော ဖြစ်မယ် စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ Omicron မှာတော့ ဒီလက္ခဏာတွေအပြင် လက္ခဏာ အနည်းငယ် ပြောင်းလဲတာမျိုးတော့ ရှိပါတယ်။
ကာကွယ်ဆေးတွေက Omicron အပေါ်မှာရော သက်ရောက်မှု ရှိရဲ့လား ……
ဒါကတော့ လူတိုင်းလိုလို သိချင်နေမယ့် မေးခွန်းပါ။ Omicron ကလည်း Covid-19 ဗိုင်းရပ်စ်ရဲ့ မျိုးစိတ် တစ်ရပ်ဖြစ်တာကြောင့် ကာကွယ်ဆေးတွေက အပြည့်အဝ မဟုတ်ရင်တောင် အတိုင်းအတာ တစ်ခုအထိတော့ ကာကွယ်ပေးနိုင်မှာပါ။
ဒါကြောင့် လက်ရှိမှာ Omicron ကို ကာကွယ်ချင်တယ်ဆိုရင် ကာကွယ်ဆေးကို ၂ ကြိမ်လုံး ပြည့်အောင် ထိုးထားတာက အကောင်းဆုံး နည်းလမ်းတစ်ရပ်ပါ။ ကာကွယ်ဆေး ထုတ်လုပ်တဲ့ ကုမ္ပဏီတွေအနေနဲ့လည်း ကာကွယ်ဆေးရဲ့ ကာကွယ်နိုင်စွမ်းကို မြှင့်တင်နိုင်ဖို့အတွက် အကောင်းဆုံး ကြိုးစားနေကြပါတယ်။
ဒါကြောင့် ကိုယ်တိုင်ကိုရော မိသားစုဝင်တွေ ချစ်ရတဲ့သူတွေကို Omicron ကနေ ကာကွယ်ချင်တယ်ဆိုရင်
အပြင်ထွက်တိုင်း ပါးစပ်နဲ့ နှာခေါင်းစည်း တပ်ဆင်ပါ
အပြင်က ပြန်လာတိုင်း လက်ဆေးပါ။ အတူပါလာတဲ့ ပစ္စည်းတွေကို ပိုးသတ်သန့်စင်ပါ။
တစ်ခုခုကို ကိုင်တွယ်ထိတွေ့ပြီးတိုင်း ပိုးသတ်သန့်စင်ပါ
အာဟာရပြည့်ဝအောင် စားပါ
အိပ်ရေးဝအောင် အိပ်ပါ
သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ
တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ
ကာကွယ်ဆေး ထိုးနှံပါ (နှစ်ကြိမ်လုံး ပြည့်အောင် ထိုးပေးပါ)
လိုအပ်မယ်ဆိုရင် ထပ်ဆောင်း ကာကွယ်ဆေး (Booster) ထိုးပါ။
Omicron Vs. Delta ဘာတွေကွာလဲဆိုတော့ အခုလို ကွာခြားချက်လေးတွေ ရှိပါတယ်။
crd
08/01/2022
ခြေနင်းအမှိုက်ပုံး
အမှိုက်အိတ်များ
လက်လီလက်ကား ဝယ်ယူရရှိနိုင်ပါပြီ
EFG HealthCare Co.,Ltd.
အမှတ် (၃၀၃)(၄)လွှာ၊ ၊၄၁လမ်းနှင့် ၄၂လမ်းကြား၊
မဟာဗန္ဓုလလမ်းမပေါ်၊ ဝန်ကြီးများရုံးရှေ့ ၊
ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။
0973013432
09400973653
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
No (303)၊ 42st၊ Maha Banduala Road၊ Botataung Township၊
Yangon
11162