Basic Maritime Technology Knowledge Sharing

Basic Maritime Technology Knowledge Sharing

Share

Maritime Technology နှင့်ပတ်သက်၍လေ့လာမိသည်များ?

Photos from Basic Maritime Technology Knowledge Sharing's post 21/09/2020

မင်္ဂလာပါ။ဒီနေ့ တင်ဆက်သွားမည့်အကြောင်းအရာကတော့ turbocharging system ပဲဖြစ်ပါမယ်။Turbocharging system ၂မျိုးရှိပါတယ်။ဒါတွေကတော့ constant systemနဲ့ pulse systemပဲဖြစ်ပါတယ်။ယခု ဖော်ပြသွားမှာကတော့ constant systemပဲဖြစ်ပါတယ်။Constant system ကိုတော့ 2 strokes engineတွေမှာအသုံးပြုကြပါတယ်။Constant system အသုံးပြုရတဲ့အ
ကြောင်းအရင်းကတော့ constant system တွေက main engine လိုအပ်တဲ့ high load air pressure ကိုပေးနိုင်လို့ပါ။Constant system ဆိုတာကတော့ cylinder unit အားလုံးက ထွက်လာတဲ့ exhaust gas တွေက common manifold ဆီ ကိုပို့တာပါ။ထိုသို့ manifold ဆီရောက်ပြီးမှ pulse pressure ကနေ steady pressure ကို ပြောင်းတာပါ။အဲ့နောက်မှာတော့ exhaust gas တွေဟာconstant pressure နဲ့ temperature ရပြီး turbocharger ကိုအလုပ်လုပ်ပါတယ်။
Constant system ရဲ့ အားနည်းချက်က
တော့ engine starting ချိန်တို့ manoeuvring ချိန်တို့မှာ
sufficient air မရတာပါ။ဒါကြောင့် engine starting
ချိန်တို့မှာ auxiliary blower များတပ်ဆင်ခြင်းဖြင့် sufficient air ရအောင် လုပ်ကြပါတယ်။Auxiliary blower မှထွက်လာတဲ့ လေ က air cooler ကိုဖြတ်ပြီး scavenge trunk ကိုရောက်ပါတယ်။ဤနည်းအားဖြင့် sufficient air မရတဲ့ problem ကိုဖြေရှင်းပါတယ်။

Constant systemရဲ့အားသာချက်
Constant systemရဲ့ အားသာချက်ကတော့ exhaust piping က ရိုးရှင်းတာပါ pulse system လို ရှုပ်ထွေးမနေပါဘူး။Exhaust grouping လည်းမရှိပါဘူး။Exhaust grouping ဆိုတာကတော့ cylinderတစ်လုံးကနေ အခြား cylinder ထဲသို့ exhaust gas တွေ blow back မဖြစ်
အောင် တားဆီးပေးတဲ့ arrangement ပါ။Pulse system မှာ အသုံးပြုပါတယ်။နောက်တစ်ခုကတော့ high load performanceကောင်းတာနဲ့ specific fuel consumption လျော့စေတာပါ။

Pulse turbocharging system မှာ cylinder ကထွက်လာတဲ့ exhaust pipe တွေကို turbocharger နဲ့တိုက်ရိုက်ဆက်ထားပါတယ်။ ဒီတော့ exhaust gas တွေရဲ့ pressure နဲ့ temperature တွေကိုပိုများများအသုံးပြုလို့ရသွားပါတယ်။Cylinder တစ်ခုက Exhaust valve ပွင့်သွားချိန်မှာ exhaust gas ဟာ high velocity နဲ့ထွက်လာပါတယ်။ Exhaust gas ရဲ့ pressure energy က kinetic energy အဖြစ်ပြောင်းလဲသွားပြီး Pressure wave သို့မဟုတ် Pulse ဖြစ်သွားလို့ဖြစ်ပါတယ်။ Constant pressure system လို Exhaust တွေကို common manifold တစ်ခုထဲအရင်သွားစေတာမဟုတ်ဘဲ Turbocharger နဲ့တိုက်ရိုက်ချိတ်ထားတာမို့ Exhaust gas တွေရဲ့ pressure wave က turbocharger ကိုတိုက်ရိုက်သွားပါတယ်။ ဒါကြောင့် Pulse pressure system မှာသုံးတဲ့ Exhaust gas pipe တွေရဲ့ diameter က constant system က pipe တွေထက်ပိုသေးပါတယ်။ ဒီ system မှာ exhaust pipe တွေဆက်ထားသလိုဖြစ်နေတာကြောင့် cylinder တစ်ခုကထွက်လာတဲ့ high pressure exhaust ဟာ scavenging အခြေအနေကြောင့် low pressure ဖြစ်နေတဲ့ cylinder ထဲကိုဝင်သွားနိုင်ချေရှိပါတယ်။ ဒါကြောင့် firing order အရ သင့်တော်တဲ့ unit တွေကိုတစ်စုဆီ exhaust pipe တွဲရပါတယ်။ Exhaust tuning လုပ်တယ်လို့ခေါ်ပါတယ်။

Pulse pressure system ရဲ့ ကောင်းတဲ့အချက်တွေကတော့
Engine low load and low speed မှာ scavenging ပို​ကောင်းစေပါတယ်။
Exhaust pipe တွေကို turbocharger နဲ့တိုက်ရိုက်ဆက်ထားတာမို့ Engine starting နဲ့ Manoeuvring အခြေအနေတွေမှာဖြစ်ဖြစ် load change သွားရင်ဖြစ်ဖြစ် auxiliary blower မလိုအပ်တော့ပါဘူး။ Turbine မှာ energy ပိုရစေပြီး turbocharger acceleration ကောင်းပါတယ်။ Exhaust blow down လုပ်ရာမှာပါသွားတဲ့ engine ရဲ့ output energy ကို ကောင်းကောင်းအသုံးချပြီးသားဖြစ်စေပါတယ်။

Pulse system ရဲ့အားနည်းချက်တွေကတော့
Exhaust grouping လုပ်ထားတာကြောင့် system ကရှုပ်ထွေးပါတယ်။ Exhaust pipe တွေရဲ့ spare တွေပိုလိုအပ်ပါတယ်။ Turbocharger မှာ Throttling ပိုဖြစ်ပါတယ်။ Cylinder တစ်ခုက exhaust ကနောက်တစ်ခုထဲဝင်သွားနိုင်ပါတယ်။

Photos from Basic Maritime Technology Knowledge Sharing's post 08/09/2020

အားလုံးပဲမင်္ဂလာပါ။ ဒီနေ့မှာတော့ Marine boiler တစ်လုံးရဲ့ Feed water system အကြောင်း​​လေ့လာမိတာ​လေး​တွေကို sharing လုပ်သွားမှာဖြစ်ပါတယ်။
Boiler ဆိုတာ steam ထုတ်ပေးတဲ့စက်တစ်ခုဖြစ်ပြီး Smoke tube boiler နဲ့ Water tube boiler လို့နှစ်မျိုးခွဲခြားလို့ရပါတယ်။ Steam ထုတ်ဖို့အတွက် ရေကမရှိမဖြစ်လိုအပ်ပါတယ်။ အဲ့ရေကို Feed water လို့ခေါ်ပါတယ်။
Feed water ကိုဘယ်ကရလဲဆိုရင် Cascade tank
( Hot Well) ကရပါတယ်။ Cascade tank ဆိုတာ
Boiler အတွက် feed water ပေးရန်၊ Feed water အခြေအနေကို observe လုပ်ရန်၊ Feed water ကို preheating ပေးရန်၊ Chemical dosage လုပ်ရန်၊ feed pump အတွက် positive suction ရစေရန် အသုံးပြုထားရခြင်းဖြစ်ပါတယ်။ တစ်နည်းပြောရရင် cascade tank ဆိုတာ boiler မှာသုံးမယ့် feed water ကိုစုထားမယ့် tank ပဲဖြစ်ပါတယ်။

Cascade tank ထဲကိုရေဝင်မယ့်လိုင်းက ၂လိုင်းရှိပါတယ်။ ပထမလိုင်းက surface condenser ကနေဝင်လာမယ့်လိုင်းဖြစ်ပါတယ်။ Boiler ကနေ steam တွေက Main steam stop valve ကနေထွက်ပါတယ်။ Steam distribution header ကိုသွားပြီး အဲ့ကနေ သင်္ဘောပေါ်ရှိ steam အသုံးပြုရမယ့် နေရာအသီးသီးကိုသွားပါတယ်။ အဲ့နေရာတွေကနေပြန်လာတဲ့ Steam တွေ Heater တွေ Heating coils တွေကနေပြန်လာတဲ့ steam တွေကို Surface condenser နဲ့အအေးပြန်ခံပါတယ်။ အဲ့ကရတဲ့ condensate တွေကို cascade tank ထဲဝင်စေပါတယ်။ Cascade tank မှာ အကန့်သုံးကန့်ရှိပါတယ်။ Condensate တွေက ပထမအကန့်ထဲဝင်ပါတယ်။ Skimming valve၊ Sight glass နဲ့ Vent တပ်ဆင်ထားပါတယ်။ Skimming valve နဲ့ condensate အရည်ရဲ့မျက်နှာပြင်မှာပါလာတဲ့ ဆီတွေကိုဖယ်ရှားပါတယ်။ Oil drain နဲ့ဖောက်ချပါတယ်။ ပြီးရင်တော့ condensate အရည်တွေအနေနဲ့ ဒုတိယအကန့်ထဲက filter တွေကိုဖြတ်သန်းရပြီး တတိယအကန့်ထဲရောက်ပါတယ်။
တတိယအကန့်ထဲကိုတော့ Feed tank နဲ့ filling valve တစ်ခုခံပြီးဆက်ထားပါတယ်။ Feed tank ထဲကိုတော့ Hydrophore ကနေ​ရေဖြည့်ပါတယ်။ ပြီးရင်တော့ cascade tank ထဲမှာ အပူချိန် 80 to 85°C ရောက်အောင် Heating coil နဲ့အပူပေးပါတယ်။ Cascade tank ထဲမှာရေနည်းနေရင်သိရအောင် low level alarm တပ်ဆင်ထားပါတယ်။ Drain လည်းတပ်ဆင်ထားပါတယ်။ Feed water ကို chemical dosage လုပ်တာက Cascade tank ထဲမှာလုပ်တာလည်းရှိသလို Feed pump လိုင်းထဲကို chemical dosage pump အသေးလေးနဲ့ ထည့်ပေးတာလည်း ရှိပါတယ်။ Boiler မှာရေလိုရင် cascade tank ထဲက feed water ကို feed pump နဲ့ deaerator ကိုဖြတ်ကာဆွဲယူပါတယ်။ Feed check valve မှ Boiler ထဲဝင်စေပါတယ်။ Circulating pump နဲ့ Exhaust Gas Economiser ကိုပို့ပါတယ်။ Boiler feed water system ကတော့ဒီအထိပဲဖြစ်ပါတယ်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon