Saydanar Wellness

Saydanar Wellness

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Saydanar Wellness, Yangon.

Photos from Saydanar Wellness's post 26/05/2026

Kirkland Fish Oil stock အနည်းငယ်ထပ်ရောက်ထားပါတယ်ရှင် 🐟

ငါးကြီးဆီ မဖြစ်မနေ သောက်ပေးသင့်တဲ့ အဓိက အကြောင်းအရင်း ( ၅ ) ချက်

ငါးကြီးဆီဆိုတာက တူနာငါး၊ ဆယ်လမွန်ငါး​တွေလို Omega-3 အဆီအက်စစ်ကြွယ်ဝတဲ့ ငါး​တွေရဲ့တစ်သျှူးထဲက ထုတ်ယူရရှိတဲ့ အဆီတစ်မျိုးပဲ ဖြစ်ပါတယ်။ Omega-3 အဆီအက်စစ်က ခန္ဓာကိုယ်ရှိ အရေးကြီးတဲ့အင်္ဂါ​တွေရဲ့လုပ်ဆောင်ချက်ကို ချောမွေ့ပြီးမြောက်စေပါတယ်။ ဒါကြောင့် ငါးကြီးဆီ သောက်ပေးရင် ဘယ်လိိုကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်မလဲဆိုတာကို​ဖော်ပြပေးလိုက်ပါတယ်။

၁။ အဆီ​တွေကို ​လောင်ကျွမ်း​စေခြင်း

ငါးကြီးဆီကို ပုံမှန် စားသုံးပေးခြင်းဖြင့် အင်ဆူလင် လှုံ့ဆော်မှုကို တိုးလာစေတာကြောင့် ကိုယ်တွင်းရှိ အဆီ​တွေကို ကောင်းကောင်း ချေဖျက်ပေးနိုင်တယ်လို့ လေ့လာချက်အရ တွေ့ရှိရပါတယ်။ ဒါကြောင့် လေ့ကျ၈င့်ခန်းလုပ်သူတွေအနေနဲ့ ငါးကြီးဆီကို ပုံမှန် စာသုံးပေးဖို့အတွက် တိုက်တွန်းထားပါတယ်။

၂။ ဦးနှောက်ကျန်းမာရေး

ငါးကြီးဆီမှာ ပါဝင်တဲ့အဆီဓာတ်က စိတ်ဓာတ်ကျတာကို ပြေပျောက်စေပြီးတော့ ဦး​နှောက်ရဲ့သိနိုင်စွမ်းကိုပါ မြှင့်တင်ပေးပါတယ်။ အမှတ်တရ​တွေ ၊ ဘာသာစကား ၊ ခံစားချက် ၊ ဝေဖန်မှု ၊ တီထွင်ဖန်တီးနိုင်မှု စတာ​တွေနဲ့ပတ်သတ်ပြီးတော့ ပြန်လည်တုံ့ပြန်မှုကို တိုးတက်လာစေပါတယ်။ ဒါအပြင် ဦး​နှောက်ဆဲလ်အသစ်ဖြစ်ပေါ်ရာမှာလည်း အထောက်အပံ့ပေးသေးပါတယ်။

၃။ နှလုံးကျန်းမာရေး

ငါးကြီးဆီမှာ ပါဝင်တဲ့ Omega 3 အဆီအက်စစ်က နှလုံးရဲ့လုပ်ဆောင်ချက်​တွေ မှန်သမျှကို သိသိသာသာ တိုးတက်ကောင်းမွန်စေပါတယ်။ ဒါအပြင် ငါးကြီးဆီက မကောင်းတဲ့ကိုလက်စထရော​တွေကို ကျဆင်းစေပြီးတော့ ကောင်းတဲ့ကိုလက်စထရောကိုပါ မြှင့်တင်ပေးပါတယ်။

၄။ အရိုးအဆစ်များကျန်းမာ​ရေး

အဆစ်နာခြင်းက ခန္ဓာကိုယ်လှုပ်ရှားမှုကို အ​နှောင့်အယှက် ဖြစ်စေပါတယ်။ ဒါပေမယ့် Omega 3 အဆီအက်စစ်ကြွယ်ဝတဲ့ ငါးကြီးဆီကို သောက်ပေးရင်တော့ အဆစ်အမြစ်ရောင်ရမ်းမှုကို သိသိသာသာ သက်သာစေပါတယ်။

၅။ ကြွက်သား ဖောင်းရောင်ခြင်းကို သက်သာစေခြင်း

ကိုယ်ကာယလေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားတင်းရင်းဖောင်းရောင်မှုကို ဖြစ်စေပါတယ်။ ငါးကြီးဆီ စားပေးခြင်းက ကြွက်သားထဲ သွေးစီးနှုန်းကိုပါ မြှင့်တင်လာစေတာမို့ ကြွက်သားတင်းရင်းဖောင်းရောင်မှုကိုပါ သက်သာစေပါတယ်။

ကျန်းမာဖွံ့ဖြိုးတဲ့ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ငါးကြီးဆီကို ပုံမှန်မှီဝဲလိုက်ပါ။

Ref( Myanmar Food news - ငါးကြီးဆီနဲ့ကျန်းမာရေးဆောင်းပါးမှ)

Credit # Original Writer

☎️ မှာယူလိုပါက Saydanar Wellness Page CB (or) ph-09974847816 ကိုဆက်သွယ်မှာယူနိုင်ပါတယ်ရှင် 📞📞

Photos from Saydanar Wellness's post 21/11/2025

🦴 ဒူးနာ၊ခါးနာ၊အဆစ်နာကျင်ခြင်းတွေ အတွက် Kirkland Glucosamine HCI ပစ္စည်းအသစ်ထပ်ရောက်ထားပါတယ်ရှင် 📣📣

🦵 ခါးနာ၊ ဇက်နာ၊ ဒူးနာ တာတွေကို အထူးသက်သာ စေပါတယ်။

🦴 Glucosamine ဟာ အရိုးနု (Cartilage) တွေကို ပိုမိုချောမွေ့စေပြီး အရိုးနှစ်ခု ပွတ်တိုက်ခြင်းကြောင့် ဖြစ်တတ်တဲ့ အရိုးနု ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။

🦴 Chondroitin ကတော့ အရိုးနုလေးတွေကို ရေဓာတ်ဖြည့်ပေးခြင်းအားဖြင့် အရိုးနုလေးတွေ ကြွပ်ဆတ်ကြမ်းတမ်းလာမှုကို ကာကွယ်ပေးပါတယ်။ အရိုးနုများ ပြန်လည် တည်ဆောက်ရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရ ဖြစ်ပါတယ်။

🦵 MSM လို့ခေါ်တဲ့ Methylsulfonylmethane ဓာတ်ကတော့ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေပြီး Glucosamine နဲ့ Chondroitin တို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုမိုကောင်းမွန်အောင် ကူညီပေးပါတယ်။ ရိုးတွင်းခြင်ဆီကို ပြန်ဖြည့်ပေးပါတယ်။

🦴 Glucosamine နဲ့ chondroitin တွေမှာ Anti Inflammatory Action (ရောင်ရမ်းခြင်းကို သက်သာစေတဲ့ အစွမ်းသတ္တိ) ရှိတဲ့ အတွက် osteoarthritis နှင့် rheumatoid arthritis ကဲ့သို့သော အဆစ်အမြစ်ရောင်တာတွေ ကို သက်သာစေနိုင်ပါတယ်။

💊 သောက်သုံးရန်အညွှန်း - တခါသောက် ၂ လုံး တနေ့ တကြိမ် အစာနှင့် သောက်ပါ။

☎️ မှာယူလိုပါက Saydanar Wellness Page CB (or) ph-09974847816 ကိုဆက်သွယ်မှာယူနိုင်ပါတယ်ရှင် ☎️

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon