H.Sue Beauty Collection

H.Sue Beauty Collection

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from H.Sue Beauty Collection, Writer, Yangon.

20/03/2025

ဘ၀မှာ တစ်ယောက်တည်း ရှင်သန်ရပ်တည် နေ နိုင်တတ်ခြင်း 🍁

ဒီစကားက တကယ်တမ်းတော့ အရာအားလုံးကို မျှော်လင့် ချက် ထားမိတဲ့အခါ အကြိမ်ကြိမ် အခါခါ ပြန် တွေး‌သင့်တဲ့ စကားပါပဲ...

လူအများစုက ဘ၀မှာ ကိုယ့်အတ္တ တွေကို ရှေ့တန်းတင်ပြီး
ဒီလူ ရှိမှ ဘ၀ မှာ ရမှာ !
ဒီလူ ရှိမှ အသက်ရှင်နိုင်မှာ!
ဒီလူ မရှိရင် သေ သွားလိမ့်မယ်!
ဒီလူ ကြောင့်ဆိုတဲ့ ခေါင်းစဉ်များစွာနဲ့ ကိုယ့် အတ္တတွေကို ရှေ့တန်း ‌တင်မိတဲ့အခါ တစ်ဖက်သူက မွန်းကြပ် မှု တွေ ဖြစ်လာပါတော့တယ်...

တကယ်တမ်းတော့ အရာအားလုံးက ပုံမှန်ပါပဲ
နေသားတကျ ရှိနေပြီးသား ကို စိတ်ထားတတ်ဖို့ပဲ လိုအပ်တာပါ...

ဘယ်အရာမှ မတည်မြဲဘူး ဆိုတာ ဘုရားရှင် ဟောကြားခဲ့တဲ့ တရားတွေ ထဲမှာလည်း ကြားဖူး ကြမယ်ထင်ပါတယ် ဘယ်အရာ ကိုမှ ကိုယ့် အနား ရှိနေမယ်လို့ ယုံကြည်လို့ မရသလို ဘယ်အရာ ကမှ ကိုယ့် အပိုင် ဆိုတဲ့ အရာက ပျက်စီး မဆုံးရှုံးသွားပါဘူးလို့ တွေးလို့ မရပါဘူး...

လူတစ်ယောက်က ကိုယ့်အနားက ထွက်ခွာသွားတဲ့အခါ ခံနိုင်ရည် ရှိရမယ် /နားလည် ရမယ်/ ခွင့်လွှတ် တတ်ရပါ့မယ်

တစ်ယောက်တည်း ရှင်သန် ရပ်တည် နေ နိုင်အောင် ကြိုးစားကြည့်ပါ ...
စိတ်တွေက အကောင်းဆုံး ထားတတ်အောင် ပြင်ဆင်ကြည့်ပါ
ဘယ်အရာ မဆို ကိုယ့်အတ္တ တွေကို ရှေ့တန်း မတင် မိအောင် နေထိုင်ကြည့်ပါ

ဒီလို တွေ ပြင်ဆင်ပြီးသွားတဲ့အခါ ဘယ်အရာမဆို ကြုံတွေ့ လာရင် အကောင်းဆုံး စိတ်သက်သာရာ ရစေမှာပါ...🍁

21.3.2025

07/03/2025

ဖေဖေ့ဆီသို့ရေးစာ 💞

အပိုင်း-၃

ဖေဖေက ဒီသမီးငယ်တို့နဲ့ ခွဲခွာ ထားတာ ၁နှစ်နဲ့ ၇လ ရှိသွားပြီ...
ဒီသမီးငယ်က ဖေဖေ နဲ့ ပတ်သတ်ပြီး နေသား ကျမယ်လို့ ထင်ခဲ့ပေမယ့် အခုထိ အသားမကျသေးတဲ့ အခြေ အနေ တစ်ခုပါပဲ ဖေဖေ...

ဖေဖေသိလား ?
ဖေဖေ့သမီးက ဖေဖေ မရှိတော့တဲ့ နောက်ပိုင်း မှာ ပိုပြီး သန်မာလာတယ် ဆိုတာကိုပေါ့
ဖေဖေက ဖေဖေ့သမီးငယ်ကို သိပ်သန်မာစေ ချင်ခဲ့တာလေ
(တစ်ခုခုဆို ၀မ်းနည်းပြီး ချောင်မှာ သွားကြိတ်ငိုတတ်တာ က ဖေဖေ့ပဲသိတာ)
ဒါမဲ့ ဖေဖေ နဲ့ပတ်သတ်လာရင်တော့ သန်မာ မှုတွေက အမြဲ အားလျော့ စေခဲ့တယ် ဖေဖေ...

ဖေဖေ ဘယ်ဆီရောက်နေမလဲ?
ဖေဖေ အတွက် အထောက်အပံ့ ရစေမယ့် အရာတွေကို ဒီသမီးငယ်က သတိရတိုင်း သတိတရ နဲ့ လုပ်ပေးနေတုံးပါ ဖေဖေ...
ဖေဖေ လို့ ခေါ်ခွင့် မရတဲ့ ၁နှစ်ကျော်က လွမ်းဆွတ်မှု တွေနဲ့ ပြည့်နှက် နေခဲ့တာပါ ...
ပဲ့တင် သံတွေနဲ့ ထပ်နေခဲ့တဲ့ ဖေဖေရဲ့ ခေါ်သံတွေကို ကြားယောင်နေတုံးပါပဲ
My dad collectionဆိုတဲ့ Album ထဲက ဖေဖေနဲ့ ပတ်သတ်တာတွေက အမှတ်တရ နဲ့ပဲ ကျန်ရှိနေခဲ့တာ ဖေဖေရဲ့

ဖေဖေ...
ဖေဖေ့ ရဲ့ ဒီသမီးငယ်က ဖေဖေ့ အတွက် ရတနာ ဖြစ်ခဲ့တယ်မလား?
ဘယ်သူမှ မရှိခဲ့ရင်တော့ ငါ့သမီး အနား ဖေဖေ တစ်ယောက်လုံး ရှိတယ် သမီးငယ် တဲ့
ဖေဖေကစိတ်ချ လက်ချ နဲ့ ထားခဲ့လိုက်တာ ဒီသမီးငယ် ကိုပေါ့

ဒီနေ့ ဖေဖေ့ သူငယ်ချင်း ထူးအိမ်သင် ဆိုထားတဲ့
"တုနှိုင်းမဲ့ရတနာ" ကို နားထောင် ဖြစ်တယ်ဖေဖေ
မျက်ရည် မကျရုံတမယ် သတိရစိတ်တွေ ကို ထိန်းချုပ်ပြီး ပေါ့ ဖေဖေရာ...

ဖေဖေသာ အခု ချိန်ထိ ရှိနေခဲ့ရင်
ဒီသမီးငယ်က အရာအားလုံးကို သတ္တိ ရှိရှိ ရင်ဆိုင် ကျော်ဖြတ်တဲ့ အခါ ပိုပြီး ခွန်အား ရမှာပါ
ဖေဖေသာ အခု ချိန်ထိ ရှိနေခဲ့ရင်
ဒီသမီးငယ်က အလုပ်တွေပိုကြိုးစားပြီး ဖေဖေ အတွက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖေဖေ့ရဲ့လိုအပ်ချက် တွေကို ဖြည့်ဆည်းပေးဖြစ်မှာပါ
ဖေဖေသာ အခု ချိန်ထိ ရှိနေခဲ့ရင်ကပ်ချွဲနေဦးမှာ

ဘယ်တော့မဆို နေ့စဉ်ဒူ၀ တိုက်ဆိုင်မှုတွေ ရှိလာတိုင်း သတိရလျက်ပါ ဖေဖေ
ဒီသမီးငယ်ရဲ့ သတိရစိတ် /တောင်းတ စိတ်တွေ ကို ဖေဖေ့ကြား မသိနိုင်တော့ပါ
ဒီသမီးငယ် ကို မေ့ပြီး ဘ၀သစ်မှာ ပျော်ရွင်နေမယ်လို့ ယုံကြည်နေလျက်ပါ ဖေဖေ

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00