One Percent
Attitude/Behavior/Action/Success
12/06/2026
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် ရာချာထေဝီမြို့အတွင်းမှ Makkasan ရပ်ကွက်ရှိ တိုက်ခန်းတစ်ခု၌ ပလတ်စတစ်သေတ္တာအတွင်း ထည့်သွင်းထားသော အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ယနေ့ (ဇွန်လ ၁၂ ရက်) အစောပိုင်းတွင် တွေ့ရှိခဲ့ရာ ၎င်းကို သတ်ဖြတ်ခဲ့သည်ဟု သံသယရှိသည့် ခင်ပွန်းကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေလျက်ရှိသည်။
ဇွန်လ ၁၂ ရက် နံနက် ၁ နာရီ ၃၅ မိနစ်အချိန်တွင် တိုင်ကြားမှုကို လက်ခံရရှိပြီးနောက် ရဲတပ်ဖွဲ့ဝင်များ၊ မှုခင်းဆေးပညာကျွမ်းကျင်သူများက အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ကြသည်။
သုံးထပ် လူနေအဆောက်အအုံ၏ ဒုတိယထပ်ရှိ အခန်းအတွင်း၌ ရုန်းရင်းဆန်ခတ်ဖြစ်ပွားထားသည့် လက္ခဏာများနှင့်အတူ အိမ်သုံးပစ္စည်းများ ပြန့်ကျဲနေပြီး အခန်းနောက်ဘက်ဝရန်တာတွင် အဖုံးပိတ်ထားသည့် အနက်ရောင် ပလတ်စတစ်သေတ္တာအကြီးကြီးအတွင်းမှ အနံ့ဆိုးများ ပြင်းပြင်းထန်ထန် ထွက်ပေါ်နေခဲ့သည်။
ရဲအရာရှိများက အဆိုပါသေတ္တာကို ဖွင့်လှစ်ကြည့်ရှုရာတွင် ဝမ်းဗိုက်ပိုင်း ဓားဖြင့်လှီးဖြတ်ခံထားရပြီး အစိတ်အပိုင်းများ ပိုင်းဖြတ်ထားသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ကြသည်။
သေဆုံးခဲ့သည်မှာ ရက်အတော်ကြာပြီဟု ရဲတပ်ဖွဲ့က ယူဆထားသလို ဦးခေါင်းအပါအဝင် ပျောက်ဆုံးနေသည့် အခြား ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဆက်လက်ရှာဖွေလျက် ရှိသည်။
သေဆုံးသူသည် အသက် ၃၄ နှစ်အရွယ် မြန်မာနိုင်ငံသူတစ်ဦးဖြစ်ပြီး အဆိုပါအခန်းတွင် နေထိုင်သူဖြစ်ကာ Klong Toey နယ်မြေရှိ စားသောက်ဆိုင်တစ်ခုတွင် စားပွဲထိုးအဖြစ် လုပ်ကိုင်နေသူဖြစ်သည်ဟု ကနဦးစစ်ဆေးတွေ့ရှိထားချက်ကို Bangkok Post သတင်းက ဖော်ပြထားသည်။
ယခုလိုမတွေ့ရှိမီတွင် သေဆုံးသူ၏ ဆွေမျိုးတော်စပ်သည့် မြန်မာနိုင်ငံသားတစ်ဦးက အဆိုပါအမျိုးသမီး ပျောက်ဆုံးနေကြောင်း ရဲတပ်ဖွဲ့သို့ လာရောက်တိုင်တန်းခဲ့သလို အမျိုးသမီး နေထိုင်ရာ တိုက်ခန်းသို့ လိုက်ပါကြည့်ရှုပေးရန် ရဲအရာရှိကို တောင်းဆိုခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများက ပြောကြားသည်။
သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်း တရားဝင်အတည်ပြုနိုင်ရန် ဆေးရုံ၏ဆေးစစ်ချက်ကို စောင့်ဆိုင်းလျက်ရှိသည်။
စောင့်ကြည့်ကင်မရာ (CCTV)မှတ်တမ်းများအရ သေဆုံးသူ၏ ခင်ပွန်းဖြစ်သူသည် တိုက်ခန်းအပြင်ဘက်သို့ ခရီးဆောင်အိတ်အကြီးတစ်လုံးကို ဆွဲထုတ်သွားသည်ကို တွေ့ရှိခဲ့ရသည်။
ရဲတပ်ဖွဲ့က အဆိုပါ အမျိုးသားကို သံသယရှိသူအဖြစ် သတ်မှတ်ထားသည်။ ၎င်းသည် Phetchaburi လမ်းပေါ်ရှိ Pub တစ်ခု၌ ထမင်းချက်အဖြစ် လုပ်ကိုင်သည်။
အခင်းဖြစ်ပွားပြီးနောက် အဆိုပါအမျိုးသားသည် ပျောက်ဆုံးသွားခဲ့ကြောင်း သေဆုံးသူ၏ဆွေမျိုးများက ပြောသည်။
----------------------------------
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်တစ်နေရာ၊ (ဓာတ်ပုံ- AFP)
Click here to claim your Sponsored Listing.
Category
Website
Address
Yangon