YKH Insurance Agency
အာမခံ ထားရှိရေး အခမဲ့ ဝန်ဆောင်မှု ပေး
08/06/2023
လမ်းဆုံ လမ်းခွတွေမှာ အမြဲတမ်းလိုလို လွဲမှားစွာတွေ့မြင်နေရပါသော စုံအချက်ပြမီး အကြောင်း.....
''Hazard Light "
လမ်းဆုံ လမ်းခွ ၊ မီးပွိုင့်များတွင် အတည့်သွားမည့်ကားသည် စုံ အချက်ပြမီး (ဘယ်/ညာ နှစ်ဖက်စလုံး အချက်ပြ) သုံးဖို့လိုလား⬇⬇⬇⬇
အဖြေကတော့ No ပါ❌❌❌❌
တည့်တည့်သွားမှာ ကိုစုံမီးမပြရပါ။
⚠⚠ ထိုတြိဂံ ပုံလေးရဲ့ နာမည်မှာ Hazard Warning Light / Hazard Light ဖြစ်ပါတယ်။
ကားမောင်းသူ အချို့သည် ဘယ် (သို့) ညာ ကွေ့ရာတွင် လိုအပ်သော လက်ကိုင်နှင့် အနီးဆုံး အချက်ပြမီးကို တော့ အသုံးမပြုကြပဲ လက်ကိုင်နှင့်ဝေးသော Hazard Light ကိုမူ လွှဲမှားစွာ အသုံးပြုကြပါတယ်။❌
Hazard Light ကို ယာဉ်မောင်းသူသည် ကားကိုမောင်းနှင်နေစဉ် မိမိကားရှေ့တွင် အန္တရာယ်ရှိသော အနေအထားရှိနေသည်ဟု မိမိ၏နောက်ကားကို သိစေလိုသောအခါမျိုးတွင် အသုံးပြုခြင်းကို နိုင်ငံအတော်များများတွင် လက်ခံထားကြသည်။
သေချာတာ တခုကတော့ အတည့်သွားမည့်ကားများ လုံးဝ အသုံးမပြုခြင်းပင်ဖြစ်ပါသည်။
နိုင်ငံတကာ ၎င်းအချက်ပြမီးကို လမ်းဆုံ လမ်းခွများ၌ဖြစ်စေ၊ ကုန်းတက်၊ ကုန်းဆင်းများ၌ဖြစ်စေ၊ တည့်တည့် မောင်းနှင်မည့် ကားများသည် မည်သည့် အချက်ပြကိုမျှ ပြရန် မလိုအပ်ပါ။
Hazard Light ကို အောက်ပါ အခြေအနေများ၌သာ ဖွင့်၍ မောင်းနှင် ကြရမည် ဖြစ်သည်။
(၁) လမ်းမပေါ်၌ ကားပျက်နေစဉ်⚠
(၂) ခေတ္တရပ်၍ ပစ္စည်းတင်/ချ ပြုလုပ်နေစဉ်⚠
(၃) ကားဘီးပေါက်၍ လဲလှယ်ရန် Jack ဖြင့်ထောက်မထားစဉ်⚠
(၄) စက်ပျက်နေသော ကားကို ဆွဲခေါ်လာစဉ်⚠
(၅) တစ်ဖက်ပိတ်လမ်း၏ အဆုံး၌ ရပ်ထားစဉ်⚠
(၆) ချောက်ကမ်းပါးနှင့် နီးကပ်သော နေရာ၌ ရပ်နားထားစဉ်⚠
(၇) အန္တရာယ်ဇုန်အနီး၌ ရပ်ထားစဉ်⚠
(၈) အရေးပေါ် ထိခိုက်ဒဏ်ရာ ရထားသူကို ကူညီတင်ဆောင်လာစဉ်⚠
(၉) မီးငြိမ်းသတ်ရန် မောင်းနှင်လာစဉ်⚠
(၁၀) မီးလောင်ပေါက်ကွဲနိုင်သော ပစ္စည်းများ တင်ဆောင်မောင်းနှင်လာစဉ်⚠
(၁၁) တိရ စ္ဆာန်များ တင်ဆောင်မောင်းနှင်လာစဉ်⚠
(၁၂) ထုထည် ကြီးမားကျယ်ပြန့်သော စက်ပစ္စည်းများ တင်ဆောင်မောင်းနှင်လာစဉ်⚠
(၁၃) ယန္တရားများ လုပ်ငန်းဆောင်ရွက်နေစဉ် ⚠
(၁၄) အုပ်စုအလိုက် ယာဉ်တန်းဖြင့် မောင်းနှင်လာစဉ်⚠
(၁၅) ဘေးအန္တရယ် ကျရောက်နေသော နေရာအနီးမှဖြတ်၍ ဖြည်းညှင်းစွာ မောင်းနှင်နေစဉ်⚠
(၁၆) လုံခြုံရေးအခြေအနေအရ အရေးကြီးပုဂ္ဂိုလ်၏ ယာဉ်ကို စောင့်ရှောက် လိုက်ပါမောင်းနှင်လာ....⚠
.စသည့်...အခြေအနေများ၌သာ⚠အသုံးပြု ရမည်..ဖြစ်သည်။
ကားဆရာ မိတ်ဆွေများ အားလုံး အဆင်ပြေကြပါစေ။
(Crd)အများပြည်သူ မိဘညီအကိုများ သိရှိလိုက်နာစေရန် ပြန်လည်ကူးယူမျှဝေခြင်းဖြစ်ပါတယ်ခင်ဗျာ။
Credit ; Photo
02/05/2023
#ကဆုန်လပြည့်_ဗုဒ္ဓနေ့'' 3_May_2023
*********************************
#ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့
ကဆုန်လပြည့် (၅)နေ့။
(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေး အသင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။
(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)
(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)
****
#ကဆုန်လပြည့် #ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
၁။ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။ ကဆုန်လပြည့်နေ့၏
ထူးခြားချက်မှာ (ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်, စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ သုံးလောကထွတ်ထား
သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍....
#ဗျာဒိတ်ခံယူသောနေ့
#ဖွားမြင်တော်မူသောနေ့
#ဘုရားဖြစ်တော်မူသောနေ့
#ပရိနိဗ္ဗာန်စံတော်မူသောနေ့
ဤထူးခြားချက်လေးမျိုးတို့နှင့် တိုက်ဆိုက်နေပါသည်။ ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့် ပြည့်စုံသောကြောင့် ဤနေ့ကို ` #ကဆုန်လပြည့်ဗုဒ္ဓနေ့´ ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။
၂။ ဤကဆုန်လပြည့်နေ့တွင် မာရ်နတ်ရန်ကို
အောင်မြင်တော်မူသောကြောင့် ဤနေ့ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့´အဖြစ်
ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင်
စွဲမြဲ၍နေကြပါသည်။
၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍ ဖွားမြင်တော်မူခြင်း၊ ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို `ဝိဆခ်ဒေး´ဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။
၄။ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော
နေ့ထူးနေ့မြတ်ကို အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို
ရေသွန်းလောင်းလေ့ ရှိကြပါသည်။
#ပြန်လည်မျှဝေ ပူဇော်ပါသည်။
YKH Insurance Agency
03/07/2019
Life Insurance👨👨👧
အသက် ၁ နှစ် (၃၀)ရက်သားမှ စပြီး ၁၂ နှစ် အရွယ် ကိုယ့်သားသမီးအရင်း နောင်ရေးအတွက် စိတ်အေးရအောင် အာမခံ product အသစ်နဲ့ မိတ်ဆက်ပေးပရစေ
အနည်းဆုံး ကျပ် ၁၀ သိန်းမှ ကျပ် သိန်း ၁၀၀၀ ထိ မိမိတတ်နိုင်သလို ကလေးအတွက် အာမခံထားပေးလို့ရပါပြီ
ကလေးအသက် ၁၇ နှစ်ကစပြီး တက္ကသိုလ် တက်နိုင်ရန်အတွက် အာမခံထားငွေကို တစ်နှစ်တစ်ကြိမ်စီဖြင့် ၄ နှစ်တိတိ အာမခံအကျိုး ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်
🏵 ထူးခြားချက်ကတော့ 🏵
👉ကိုယ့်ကလေးရှေ့ရေးအတွက် ငွေစုဆောင်းရင်း အာမခံအကာအကွယ် ရှိခြင်း
👉ကလေးအတွက် အာမခံဝယ်ယူသူ သေဆုံး/ထာဝစဉ်မသန်မစွမ်း ဖြစ်သွားရင် ပရီမီယံ ဆက်သွင်းစရာမလို ကလေးအတွက် အာမခံထားငွေ အပြည့်အဝ ရရှိခြင်း
👉အာမခံထားစဉ်အတွင်း မိမိကလေး သေဆုံး/ထာဝစဉ်မသန်မစွမ်း ဖြစ်သွားရင် မိဘမှ အာမခံအကျိုးခံစားရခြင်း
👉ပေးသွင်းပရီမီယံ ထက်ပိုမိုသော အာမခံအကျိုးခံစားခွင့်ငွေ ရရှိခြင်း
(ဥပမာ ၁၀ သိန်း ထားရင် ၆ သိန်းကျော်သာ ပရီမီယံ သွင်းရခြင်း)
မိမိတို့ရဲ့သားသမီးအတွက် နောင်ရေးမှာ ပညာရေး အထောက်အပံ့ ဖြစ်စေနိုင်ရန် Student Life Insurance Products ကို ဝယ်ယူသင့်ပါကြောင်း အကြံပြုပါရစေ👨👨👧
ပုံတွင် ကလေးအသက်အရွယ်အလိုက် ပေးသွင်းရမည့် ပရီမီယံ ကို ကျပ် ၁၀ သိန်းပေါ် အခြေခံ တွက်ချက်ပေးထားပါတယ်ခင်ဗျ
မရှင်းလင်းသည်များ သိလိုသည့်အချက်များ ရှိပါက
09253055205
ကျွန်တော့် ကို ဖုန်းဆက်ပြီး မေးမြန်းနိုင်ပါတယ်
Click here to claim your Sponsored Listing.
Telephone
Website
Address
No. 500, Laydaukkan Qt. , Thingangyun Tsp.
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |