Anicad Studio

Anicad Studio

Share

Engineering Art

Photos from Anicad Studio's post 08/06/2026

ရေထဲရှိနေတဲ့ သင်္ဘောရဲ့ ကိုယ်ထည် (Hull)ကို (သံချေးတက်တယ်လို့ အလွယ်ပြောနိုင်တဲ့) Corrosion တွေမဖြစ်အောင် ကာကွယ်ပေးထားတဲ့ Hull Protection System တွေ တပ်ဆင်ထားပါတယ်။

ဒီစနစ်တွေထဲမှာ ICCP လို့ခေါ်တဲ့ Impressed Current Cathodic Protection စနစ်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ICCP အကြောင်းကို ရိုးရှင်းလွယ်ကူတဲ့ Basic Electrical Concept (၃) ခုနဲ့ လေ့လာကြည့်ရင်

✅ Impressed Current ဆိုတာ ဘာလဲ..
✅ Cathodic Protection ဆိုတာ ဘာလဲ...

အလွယ်တကူ နားလည်သွားနိုင်ပါတယ်။

မနေ့ကပြောထားတဲ့အတိုင်း ICCP အကြောင်း အခန်းဆက်ပို့စ်တွေကို Anicad MEK Myanmar Facebook Group ထဲမှာရော Telegram Private Group ထဲမှာပါ တပြိုင်တည်း တင်ထားပါတယ်။ (Part 2 ထိတောင်ရောက်နေပါပြီ။)

ICCP system ကြီးတစ်ခုလုံးနဲ့ သူနဲ့တွဲပါတဲ့ Shaft Grounding, Rudder Bounding တွေအကြောင်းကို ပေါ့ပေါ့ပါးပါး ဖတ်လွယ်မှတ်လွယ် ရေးထားပါတယ်။

ကိုဘိုတာဆိုတာ Volter ဆိုတဲ့ DC ဖခင်ကြီးကိုပြောတာပါ။ ရပ်ကွက်ထဲ ဆံပင်ညှပ်ဆိုင်က ငနဲကြီးအကြောင်း မဟုတ်ပါဘူး...

😁😁

Photos from Anicad Studio's post 05/06/2026

What is ICCP?

ICCP က ဘာလဲလို့မေးရင်... ICCP ဆိုတာ Impressed Current Cathodic Protection ကို ပြောတာပါဆိုပြီး အင်္ဂလိပ်စာ အတိုကောက်စကားလုံးတွေကို ဖြည်ပြနေမယ်...

Hull Protection စနစ်‌လေ.. current ထုတ်ပြီး သင်္ဘောရဲ့ Hull ကို protection လုပ်ထားတာ..... စသဖြင့် အပေါ်ယံလောက်နဲ့ ပြီးသွားမယ်... ဆိုရင် ICCP အကြောင်းကို သေချာ ဂဃနဏ မသိသေးလို့ပဲ ဖြစ်မှာပါ။

တနည်းအားဖြင့် ICCP ကို Impressed Current နဲ့ Cathodic Protection ဆိုပြီး IC နဲ့ CP ကို ခွဲမြင်ပြီးမှ ပြန်တွဲဆက်ကြည့်နိုင်ရပါမယ်။ ဒီတော့မှ ICCP အကြောင်းကို သေချာ နားလည်နိုင်တာပါလို့ပြောရင် လွန်မယ်မထင်ပါဘူး။

ပြီးတော့ ရှိပါသေးတယ်...ICCP ဟာ သူ့ချည်းမလာဘဲ Shaft grounding, Rudder Bounding System ‌တွေနဲ့ တွဲထားရပါတယ်။ အဲ့ဒါကို မသိရင်လည်း ICCP အကြောင်းကို သေချာမသိသေးဘူးလို့ ပြောလို့ရပါတယ်။

ပြီးတော့ ရှိပါသေးတယ်... ICCP ဟာ Battery Charging စနစ်တွေထဲက Trickle or Float charge နဲ့လည်း သဘောချင်းဆင်ဆင်တူပါတယ်။ ICCP နဲ့ Battery Charging ကို ဆက်စပ်မတွေးမိရင်လည်း ICCP ကို ပြည့်စုံအောင် မသိသေးဘူးလို့ ပြောလို့ရပါတယ်။

ပြီးတော့ ရှိပါသေးတယ်.... (ဟာ..မင်းဟာက ရှိလှချည်လားကွာ.. မကုန်သေးဘူးလား. 😁😁)

တန်းမှာ ICCP အကြောင်းကို သင်ရင်.. အပေါ်ကပြောခဲ့တဲ့ Shaft Grounding, Rudder Bounding, Battery Charging တွေအပြင် Galvanic Action, Spark Erosion နဲ့ MGPS တွေထိ ဆက်စပ်ပြီး ရောက်သွားတတ်တယ်ဆိုတာပါ....။ ICCP က အဲ့ဒီကိစ္စတွေ၊ system တွေနဲ့ တကယ်ရော ဆက်စပ်နေလို့လား.. 🤔🤔🤔

C3 Oral တန်းမှာ ခဏခဏသင်၊ ခဏခဏ ရှင်းပြနေရတဲ့ ICCP Lecture version ကို (Alternator 1 to 10 လို) သိလွယ်၊ မှတ်လွယ် ခပ်လွယ်လွယ်အရေးအသားနဲ့ အခန်းဆက် post (or) Lesson video အဖြစ် Anicad MEK Myanmar Group ထဲ ဒီရက်ပိုင်းမှာ တင်သွားဖို့ ရှိပါတယ်။

Group ထဲ ပို့စ်အသစ်မတင်ဖြစ်တာ ကြာခဲ့တာတွေအတွက် ဒီ ICCP ပို့စ်တွေနဲ့ Member များ ကျေနပ်အားရစေရပါမယ်လို့ ကြိုတင် အသိပေးပါရစေ...။ Professional ပီသစွာ အားပေးခဲ့တာတိုင်းအတွက် အစဉ်အမြဲ ကျေးဇူးတင်‌ပါတယ်.. 😍😍

29/05/2026

FYI

https://www.facebook.com/share/p/1LHPNH9xd8/

Sailing Star Maritime Training Center Maritime Training Center is a premier maritime training institution in Myanmar, dedicated to providing high-quality, internationally recognized training programs for seafarers. With a strong focus on safety, technical skills, and industry knowledge,

Want your business to be the top-listed Equipment Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon