Gon Yee - YeeYee

Gon Yee - YeeYee

Share

Personal blog

Photos from Gon Yee - YeeYee's post 24/10/2024

“ချစ်ခြင်းနှင့်တွဲ၍ မေတ္တာဖြင့်မြဲပါစေ” Artwork အကြောင်း

ဒီ Artwork အကြောင်းကိုပြောမယ်ဆိုရင် ဘယ်လို Idea ရလာလဲ ၊ ဖန်တီးမှုအပိုင်း ၊ရည်ရွယ်ချက် ၃ပိုင်းခွဲပြောရမယ် ။

•ဘယ်လို Idea ရလာသလဲ
ဒါကိုပြောမယ်ဆိုရင် လွန်ခဲ့တဲ့ ၃လ ၄လ လောက်ကိုပြန်သွားရမှာပေါ့ ။ လက်လွှတ်ပေးလိုက်ရတဲ့အချိန် (စိတ်လိုက်မာန်ပါပြောမိတာတွေရှိပေမဲ့ စိတ်လိုက်မာန်ပါမလုပ်ခဲ့မိတဲ့ ကိုယ့်ကိုယ်ကို တကယ်ကျေးဇူးတင်မိတယ်။) ညဘက်တွေလုံးဝအိပ်လို့မရတဲ့အချိန်တွေ ။ ညဆို Gallery ထဲက ပုံတွေပြန်ပြန်ကြည့်ပြီး ငိုလိုက်ယိုလိုက်ဖြစ်နေချိန် ။Alcohol ဆက်တိုက်သောက်ဖြစ်ခဲ့တယ်။ အချိန်တစ်ခုရောက်မှသိတာက ဒါကအဖြေမဟုတ်ဘူးဆိုတာပဲ။ ညဘက်အိပ်ပျော်ဖို့ကို အများကြီးကြိုးစားနေရချိန်မှာ ပါချုပ်ဆရာတော်တရားကို ညတိုင်းလိုလိုဖွင့်ပြီး အိပ်ရတယ်။ တရားနာတာ မဟုတ်ပါဘူး။ နားထောင်တာပါ။ဆရာတော်ဟောတဲ့ တရားထဲမှာ အချစ် ၊ သံယောဇဉ် နဲ့ မေတ္တာဆိုတာတွေကို သိလိုက်တယ်။ တရားဖြစ်နေလို့ မှန်တယ်ဆိုပြီး မျက်စိမှိတ်ယုံတာမျိုးမဟုတ်ပဲ ကိုယ်လက်ရှိဖြစ်နေတာနဲ့ တိုက်ကြည့်တဲ့အခါ သံယောဇဉ်ကြောင့်ပူလောင်နေရတာကို သတိထားမိလာတာပါ။ Photoတွေအများကြီးထဲမှ လက်သန်းကို ဆွဲထားတဲ့ပုံကို မျက်လုံးထဲမှာစွဲနေတဲ့အတွက် အခြေတည်ပြီး Artwork ဖန်တီးဖို့စဉ်းစားမိတယ်။ Painting နဲ့မဟုတ်ပဲ Sculpture နဲ့ ဖန်တီးဖို့ ပိုပြီး စိတ်အားထက်သန်နေခဲ့တာ။ Title ကိုခေါင်းထဲကအရင်ထွက်လာတယ် ။ Artwork Title က “ချစ်ခြင်းနှင့်တွဲ၍မေတ္တာဖြင့်မြဲပါစေ “ လို့ ဆုတောင်းတဲ့ပုံစံမျိုး ပေးဖြစ်လိုက်တယ်။ပါချုပ်ဆရာတော်တရားနားထောင်ရင်း idea ရတယ်ပဲပြောရမယ်ထင်တယ်။ ဒါကတော့ ဘယ်လိုမျိုး Idea ရခဲ့တာလဲဆိုတာပေါ့။

•ဖန်တီးမှုအပိုင်း
အရင်ဆုံး Body anatomy မှာ အရိုးတွေ၊ နှလုံးရဲ့ အဓိက သွေးကြောတွေပါတဲ့ ပုံတွေကို ရှာတယ်။ Sketch ကိုသေချာရေးတယ်။ အသုံးပြုထားတာက စက္ကူဖာ(Cardboard) recycled paper ပေါ့။ ခန္ဓာကိုယ်ကို တစ်ခြမ်းဘဲ ဖန်တီးရတာက အတွင်းထဲကို မြင်စေချင်တာ။ ကြည့်ရှုသူကို နှလုံးသားကိုပြချင်တာမျိုးကြောင့်ပေါ့။ အတွင်းအရိုးကို Details မဟုတ်ပဲ ပါတယ်ဆိုရုံလောက်ပဲပြထားတယ် ။ အတွင်းပိုင်းမှာ ပြချင်တာကတော့ နှလုံးပေါ့ ။ဘာကြောင့်လဲဆိုရင် လက်ကြီး သက်သက်တွဲခဲ့တာမဟုတ်ဘဲ နှလုံးသားနဲ့တွဲခဲ့တယ် ဘာညာပေါ့ဗျာ ။ အသည်းပုံညှပ်ထားတဲ့ အနီရောင်A4( Dear Mg,………...…, )စာရွက်ကို နှလုံးမှာ ဖြဲပြီးကပ်ထားတယ်(အသုံးမဝင်တော့တဲ့အရာ စွန့်ပစ်ပစ္စည်းဆိုတော့ဒါလည်း recycledပေါ့)။ ပုံအတိုင်း လက်သန်းကို ဆုတ်ကိုင်ရင်း ရှေ့ကိုလှမ်းနေတဲ့ဟန်လုပ်ထားတယ်။ လက်သန်းအကိုင်ခံထား ရတဲ့ မိန်းကလေးရဲ့ လက်ကိုတော့ လက်ကောက်ဝတ်နောက်ပိုင်းကနေ ပျောက်ကွယ်သွားတဲ့ပုံ ဖန်တီးထားပါတယ် ။ စိတ်ထဲမြင်ယောင်ကြည့်ရင်တော့ မိန်းကလေးတစ်ယောက်ရှိနေတယ်ပေါ့ ။ တကယ်တော့ရှိမနေတော့ပါဘူး။ ဘာကိုဆိုလိုချင်တာလဲဆိုရင် အဲ့ဒါကိုပဲ ဆိုလိုချင်တာပါ။

•ရည်ရွယ်ချက်
အဓိက,က ချစ်သူရည်းစား ၊ သူငယ်ချင်း ၊ ဆက်ဆံရေးတစ်ခုခုမှာ အချစ်တစ်ခုထဲနဲ့ မလုံလောက်ဘူးဆိုတာကိုပြချင်တာ။ မေတ္တာဆိုတာကိုသိစေချင်တာ ၊ဟန်ဆောင်မှုမပါတဲ့ပျော်ရွှင်မှု၊ နွေးထွေးမှုကိုခံစားမိစေချင်တာမျိုးပါ။ အချစ်နဲ့မေတ္တာပေါင်းဆက်ပြီး ချစ်ခြင်းမေတ္တာနဲ့ ရှေ့ဆက်ကြစေချင်တဲ့ ရည်ရွယ်ချက်ပါ..။

-ဂုဏ်ရည်(ရီရီ)

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon