Smart Technical Center
Engineering Knowledge
28/10/2024
BASIC & ADVANCE COURSE
Electrical (Building)
အိမ်တွင်းလျှပ်စစ်ဝါယာ သွယ်တန်းတပ်ဆင်ခြင်းသင်တန်း
Monday
Wednesday
Friday
တစ်ပတ်လျှင် ၃ရက်
တစ်ရက် ၄ နာရီ
တစ်ပတ် ၁၂ နာရီ
(၆-ပတ်)
သင်ကြားချိန်စုစုပေါင်း ၇၂ နာရီသင်ကြားမည့်အတန်းဖြစ်ပါသည်။
သင်တန်းချိန်မှာ..နေ့လည် ၁ နာရီမှ--
ညနေ ၅ နာရီအထိဖြစ်ပါသည်။
စတင်မည့်ရက်..၂၀၂၄ နိုဝင်ဘာ ၄ ရက်
ပြီးဆုံးမည့်နေ့...၂၀၂၄ ဒီဇင်ဘာ ၁၃ ရက်
💥 ၁၈ ရက်အပြတ် ၇၂ နာရီ သင်တန်း💥
သက်မွေးဝမ်းကြောင်း
လျှပ်စစ်ပညာ(အခြေခံနှင့်အဆင့်မြင့်) ပေါင်းစည်းသင်ကြားခြင်း..
သင်တန်းသားသစ် ခေါ်ယူခြင်း ကြော်ငြာ
🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷
💯 သင်ကြားချိန် နာရီပေါင်း (၇၂) နာရီ သင်ကြားပေးသော..
အထူးတန်းခွဲသစ်(Special Class)
ဖြစ်ပါသည်။
💯ထိထိရောက်ရောက် သင်ကြားမှု/ သင်ယူမှု ရရှိပြီး လုပ်ငန်းခွင်မှာအကောင်းဆုံး လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်အတွက်...
သင်ကိုယ်တိုင် သင်တန်းကျောင်းသို့ အရောက်လာပြီးသင်ယူပါ...
မျက်နှာချင်းဆိုင်သင်ပါမည်။
💢နေ့လည် ၁ နာရီမှ ညနေ ၅ နာရီ အထိ သင်ကြားမည်ဖြစ်သဖြင့်...
တရက်လျှင် ၄း၀၀ နာရီ ၁၈ ရက် အပြတ် ..
သင်ကြားချိန်နာရီပေါင်း (၇၂) နာရီအတွင်း သိစရာ တတ်စရာများ ကုန်စင် အောင်သင်ကြား/ သင်ယူရပါမည်။
🔹အခြေခံဖြစ်သော အိမ်သုံး single phase (230 -volt) ပိုင်းကို ကျေညက်စေရုံသာမက စက်ရုံသုံးပါဝါပိုင်းဖြစ်သော three phase (400-volt) အပိုင်းကိုပါသင်ကြားပါမည်..
🔹33Kv-11Kv-6.6 Kvအစရှိသော..High Voltage မှ..အဆင့်ဆင့် စက်ရုံသုံး/အိမ်သုံး Voltage များပြောင်းလဲဖြစ်ပေါ်လာပုံ.. မြန်မာနိုင်ငံတွင်လက်ရှိသုံးစွဲလျှက်ရှိသော ဓာတ်အားစံနစ်များ earthing စံနစ်များအကြောင်း..
🔹အိမ်ခန်း ရုံးခန်း၊ကန်ထရိုက်တိုက် ၊လုံးချင်းအိမ်ယာများအပြင် ကျေးရွာမီးလင်းရေး၊အဆင့်မြင့်အိမ်ယာ၊ကွန်ဒိုမိနီယမ်များမှအစ အထပ်မြင့်တာဝါများ..အဆုံး
အားလုံးကိုလေ့လာသင်ယူခွင့်ရမည်ဖြစ်ပါတယ်..
🔹ကွန်ဒိုမီနီယမ် များရဲ့ လျှပ်စစ်သွယ်တန်းဆက်သွယ်တပ်ဆင်ခြင်း အပိုင်းများဖြစ်သော Electrical wiring (internal work / external work) များအကြောင်းကိုအသေးစိတ်သိရှိသွားစေရန်အတွက် ကွန်ဒိုမီနီယမ် နှစ်ခုရဲ့ Type မတူညီသော Single line drawing နှစ်ခုဖြင့် MDP အကြောင်း
သင်ခန်းစာကို အသေးစိတ်သင်ကြားပေးပါမည်။
🔹Electrician တစ် ယောက်အတွက် မသိမဖြစ်သော...
wire & cable များအကြောင်း၊ ခလုပ်များ ဆော့ကက်များအကြောင်း၊ distribution box (DB)၊ နှင့် Main breaker/Sub main breaker များအကြောင်းအပါအဝင်.. လုပ်ထုံးလုပ်နည်း စည်းကမ်းသတ်မှတ်ချက်များကိုပါ သိရှိနားလည်အောင်သင်ကြားမည်
🔹အိမ်ခန်း၊ ရုံးခန်းများတွင်ပုံမှန် တပ်ဆင်အသုံးပြုလျှက်ရှိကြသည့် Ordenary DB connection များအပြင် Modern DB connection များကိုပါထည့်သွင်းသင်ကြားပေးပါမည်။
🔹ထိရောက်သော Teching technique, Teching method များဖြင့်သင်ကြားခြင်းကြောင့် သင်တန်းပြီးဆုံးပါက သာမန်လျှပ်စစ်လုပ်သားအဖြစ်နှင့်မဟုတ်တော့ဘဲ
အဆင့်မြင့်ပညာရှင် Electrician တစ်ဦးအဖြစ် ရပ်တည် ပြီး သတ်မှတ်ချက်စကေးဖြင့်ယုံကြည်မှုရှိရှိ လုပ်ကိုင်နိုင်စေရမည်။
🔹 မီးအားမြှင့်စက် အဆင့်မြင့်တပ်ဆင်ခြင်း၊ UPS စံနစ်ပါဝင်သော Inverter ကို နည်းလမ်းမှန်ကန်စွာတပ်ဆင်ခြင်း၊Change Over Switch (COS)များကို နည်းလမ်းပေါင်းစုံ အသုံးချသွယ်တန်းမှုပြုခြင်း သင်ခန်းစာများလဲပါဝင်မည်ဖြစ်ပါသည်။
🔹အ သုံးပြုမည့် ဝန်အား load များအတွက် သွယ်တန်းရမည့် wire size ရွေးချယ်ခြင်း၊ breaker size/type များ မှန်ကန်စွာရွေးချယ်ခြင်းမျာလဲပါဝင်ပါမယ်..
🔹အိမ်ခန်း ရုံးခန်း များကို သွယ်တန်းတပ်ဆင်နိုင်ရုံမက အဆင့်မြင့် ဟိုတယ်ခန်းများကိုပါသွယ်တန်းတပ်ဆင်နိုင်ရန်...
Hotel System ကိုပါထည့်သွင်းသင်ကြားပေးပါအုံးမည်..
🔹အဆင့်မြင့် Advence Course ဖြစ်သော.. electrical drawing ဖတ်ခြင်းအပြင်- ကိုယ်တိုင်ရေးဆွဲခြင်း၊BQ (bill of quentity)
ပစ္စည်းလိုအပ်ချက်စာရင်းကောက်ယူခြင်း၊ခန့်မှန်းခြကုန်ကျစရိတ်စာရင်းပြုစုခြင်းများကိုပါတတ်မြောက်သွားစေရပါမည်။
🔹မြေဓာတ်ချစံနစ်များအကြောင်း အပါအဝင်ဘေးကင်းသတ်မှတ်ချက် စံနှုန်းများရရှိ အောင် Earth. ရိုက်ခြင်းနည်းလမ်းများ အပြင် မိုးကြိုးလွှဲတတ်ဆင်ခြင်းနည်းလမ်းများ သတ်မှတ်ချက်များကိုပါပြည့်ပြည့်စုံစုံသိတတ်နားလည်စေရုံသာမကလက်တွေ့လုပ်ဆောင်နိုင်သည်အထိ သင်ကြားပေးမည်။
💢ထို့ပြင် သွယ်တန်းတပ်ဆင်ခြင်းလုပ်ငန်းကိုအန္တရာယ်ကင်းစွာလုပ်ကိုင်ဆောင်ရွက်တတ်စေရန်နှင့်လုပ်ငန်းခွင်တွင်တွေ့ကြုံရမည့်အခက်အခဲပြဿနာများကိုကြိုတင်သိရှိနားလည်ပြီးအလွယ်တကူအဆင်ပြေစွာဖြေရှင်းကျော်လွားနိုင်အောင် ....
ဆရာ့ရဲ့ကန်ထရိုက်တာသက်တမ်း ၂၄ နှစ်တွင်ကြုံတွေ့ဖြေရှင်းဆောင်ရွက်ခဲ့သည့်လုပ်ငန်းအတွေ့အကြုံများကိုပါထည့်သွင်းပေါင်းစပ်သင်ကြားပေးမည်။
💢STC (Smart Technical Center) မှဖွင့်လှစ်သင်ကြားသောလျှပ်စစ်သင်တန်းသည် အလုပ်နှင့်ချိတ်ဆက်ပေးခြင်းမရှိပါ အမှန်တကယ် တတ်မြောက်အောင်သာသင်ကြားပါသည် မိမိသင်ယူထားသည့်ပညာဖြင့် ယုံကြည်မှုရှိရှိ လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်စေရမည်..
ကျွမ်းကျင်မှုရှိစေရန်အတွက်သင်တန်းမှမစွမ်းဆောင်နိုင်ပါ ကြိမ်ဖန်များစွာ ကိုယ်တိုင်ကိုယ်ကျလုပ်ကိုင်မှသာ..တစထက်တစ ကျွမ်းကျင်မှုကိုရရှိလာနိုင်မှာဖြစ်ပါတယ်..
💢 လျှပ်စစ် ကျွမ်းကျင်သင်တန်း မဟုတ်ပါ
သင်တန်းမှ သိအောင် တတ်မြောက်အောင်
သာသင်ကြားပေးပါသည်..
အမှန်တကယ် စိတ်ဝင်စားပြီး အချိန်ပေးသင်ယူမည့်သူများကို ကြိုဆိုပါတယ်..
ကျောင်းခေါ်ချိန် ၇၅% မပြည့်သူများကို..
Certificate ပေးအပ်ချီးမြှင့်ခြင်းပြုမည်မဟုတ်ပါ..
💢ဒီလောက်ပြည့်စုံအောင် သင်ကြားပေးတဲ့သင်တန်းကို.......
သင်တန်းကြေး ၂၀၀၀၀၀ ကျပ်ပေးသွင်းရုံဖြင့် သင်ယူနိုင်ပါပြီ..
🛑(လာမည့်သင်တန်းပတ်စဥ်တွင် သင်တန်းကြေးတိုးမြှင့်ကောက်ခံမည်ဖြစ်ပါသည်)
#ဆရာUSannTintကိုယ်တိုင်သင်ကြားမည်။
🔳 အတန်းပညာကန့်သတ်မထားပါသင်ယူလိုစိတ်ရှိဘို့တော့လိုပါတယ် တတ်အောင်သင်ပေးဘို့ ဆရာကတာဝန်ယူပါတယ်..
ပေးလိုက်ရတဲ့ အချိန် ငွေကြေးတို့ထက် အဆပေါင်းများစွာပိုမိုသောအတတ်ပညာများပြန်လည်ရရှိစေရမည်။
🔷သင်တန်းပြီးဆုံးသည်ထိ ကြိုးစားသင်ယူသွားကြသူတပည့်များထဲမှ အချို့သည်..
ပြည်ပနိုင်ငံများတွင် လျှပ်စစ်လုပ်ငန်းလုပ်ကိုင်နေကြပြီး အချို့မှာ ပြည်တွင်းရှိဆောက်လုပ်ရေးလုပ်ငန်းများတွင်လည်ကောင်းအထည်ချုပ်စက်ရုံများတွင် EP ဝန်ထမ်းအဖြစ်လည်ကောင်း ဝင်ရောက်လုပ်ကိုင်နေကြပြီလည်းဖြစ်သည်..
🔳သင်တန်းသားမှတ်တမ်းထားရှိရန်နှင်Certificate တွင်ကပ်ပေးရန်အတွက် လိုင်စင်ဓာတ်ပုံနှစ်ပုံ ယူလာပေးပါ..
သင်တန်းစတင်မည့်ရက်..
4.11.2024
သင်တန်းပြီးဆုံးမည့်ရက်
13.12.2024
သင်တန်းတက်ရောက်ရမည့်နေ့
တနင်္လါ၊ဗုဒ္ဓဟူး၊သောကြာ
Mon,Wed,Fri
သင်တန်းပိတ်ရက်
( Saturday & Sunday) ပိတ်ပါမည်။
သင်တန်းကာလ
(၁၈)ရက်အပြတ်
သင်တန်းအချိန်
နေ့လည် ၁ နာရီ မှ ညနေ ၅ နာရီ
သင်တန်းကြေး...
၂၀၀၀၀၀/-
(ကျပ် နှစ်သိန်းတိတိ)
#သင်တန်းသားဦးရေကန့်သတ်ထားပါသည်
လူပြည့်မြန်သဖြင့် စောစီးစွာ ကျောင်းအပ်ထားပါရန်..
သင်တန်းတည်နေရာ...
အမှတ်( ၁၆၈)ဓမ္မစေတီလမ်း
မြန်မာဂျပန် ဆေးခန်းအနီး
ဗဟန်းမြို့နယ်
လမ်းညွှန်..
လင့်လမ်းမှတ်တိုင်တွင်ဆင်းပါရန်
ဆက်သွယ်ရန်...
09 260 910 260
09 9621 1269
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
U Wisira
Yangon
11421
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |