The Lab

The Lab

Share

မြန်မာ့လုပ်ငန်းငယ်များ ရှင်သန်အောင်မြင်ရန် ပံ့ပိုးကူညီ
Helping small businesses in Myanmar thrive

Photos from Yever's post 05/01/2026
Photos from The Lab's post 16/07/2025

ဒီနေ့မှာတော့ The Lab ရဲ့ မန်နေဂျာဖြစ်တဲ့ ကိုမှုန်ပီးနဲ့ လျှပ်တပြတ်တွေ့ဆုံမေးမြန်းထားပြီး၊ သူ့ရဲ့ လုပ်ဆောင်မှုတွေကတဆင့် MSMEလုပ်ငန်းများကို အောင်မြင်တိုးတက်လာစေဖို့အတွက် ဘယ်လိုဆောင်ရွက်နေတယ်၊ သူ့ရဲ့ခံယူချက်နဲ့ စိတ်အားထက်သန်မှုတွေကို ပြန်လည်ဝေမျှပေးလိုပါတယ်။ 📣‼

ပြောင်းလဲမှုမြန်ဆန်နေတဲ့ ခေတ်ကြီးမှာ MSME လုပ်ငန်းတွေ နောက်ကျကျန်ရစ် မနေစေဖို့အတွက် ဆန်းသစ်တီထွင်မှုတွေ၊ လက်တွေ့ဆန်တဲ့ လုပ်ဆောင်ချက်တွေ၊ နည်းပညာတွေနဲ့ လုပ်ငန်းရှင်တွေ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ကိုယ်တိုင်ဝင်ရောက်ခံစားနားထောင်ပေး ရင်း ကူညီအဖြေရှာပေးနေတဲ့ The Lab အဖွဲ့ကို ဦးဆောင်နေရတဲ့သူ့ရဲ့ အတွေ့အကြုံတွေကို ဖတ်ရှုရမှာပါ။ ☺️

“လုပ်ငန်းငယ်လေးတွေဆိုတာ ကျွန်တော်တို့နိုင်ငံ့ လူမှုအသိုက်အဝန်းနဲ့ စီးပွားရေးအတွက် အရေးပါတဲ့ အသည်းနှလုံးတစ်ခုဘဲ” ဆိုတဲ့ ယုံကြည်ချက်က သူပါဝင်လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကို အမြတ်ရရှိဖို့အတွက်တစ်ခုတည်း မဟုတ်ဘဲ အများအကျိုးနဲ့ ရည်ရွယ်ချက်ရှေ့ထားလုပ်ဆောင်နေတဲ့ လုပ်ငန်းများဖြစ်လာစေဖို့ကိုလည်း တွန်းအားပေးနေပါတယ်။ သူ့ရဲ့ဦးဆောင်မှုနဲ့ အတူ The Lab ဆိုတာကလည်း အကြံပေးဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတစ်ခု ဆိုတာထက် လုပ်ငန်းရှင်တွေ၊ စွန့်ဦးတီထွင်သူတွေအတွက် အောင်မြင်တဲ့အချိန်ဖြစ်စေ၊ စိန်ခေါ်မှုတွေ ကြုံတွေ့ရတဲ့အချိန်ဖြစ်စေ အတူတူဖြတ်ကျော်ရင်း လက်တွဲသွားမည့် မိတ်ဆွေကောင်းတစ်ဦးအသွင် ဖြစ်လာပါတယ်။

ဆိုတော့…ကိုမှုန်ပီးရဲ့ ပြောစကားတွေ ကို ဖတ်ရှုရင်း သူ့ရဲ့အမြင်၊ သူ့ရဲ့အားပေးစကားတွေနဲ့ သူ့ရဲ့ မြန်မာ့ MSME လုပ်ငန်းတွေအတွက် အားပေးစကားတွေ ကို ဝင်ရောက်ဖတ်ရှုပေးသွားပါအုံးနော်။ 🥰

Today, we are happy to share a conversation with Ko Hmungpi, the dedicated Manager of The Lab, whose passion for empowering MSMEs shines through every step of his work.

At The Lab, Ko Hmungpi leads with empathy, innovation, and purpose by offering practical tools, personalized support, and a listening ear to businesses that are left behind. His belief that “small businesses are the heart of our communities” drives his mission to help them grow not just for profit, but for people and purpose.

Through his leadership, The Lab has become more than just a consultancy, it’s a partner that walks alongside entrepreneurs and business owners during both challenges and successes. So, take a moment to read Ko Hmungpi’s words, and be inspired by his vision, his encouragement, and his heartfelt support for MSMEs in Myanmar.

Reach out to The Lab:
Email: [email protected]
Phone: +95 9 767 573 662
Connect with us:
https://linktr.ee/thelabbyyever

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Address


No1 Yangon City Villas, Pyay Road, 8 Mile, Mayangone Township
Yangon

Opening Hours

Monday 08:30 - 16:30
Tuesday 08:30 - 16:30
Wednesday 08:30 - 16:30
Thursday 08:30 - 16:30
Friday 08:30 - 16:30