JIT Myanmar

JIT Myanmar

Share

အိမ်ခြံ​မြေ​ရောင်း/ဝယ်​/ငှား အကျိုး​ဆောင်လုပ်ငန်း

Photos from JIT Myanmar's post 29/10/2025

#တိုက်ခန်းအရောင်း
#တောင်ဥက္ကလာပမြို့နယ်
💰 သိန်း ၂၀၀၀ ကျပ် (ညှိနိူင်း)

🏠 တောင်ဥက္ကလာပမြို့နယ်
☘️( ၇ရပ်ကွက်)
☘️သစ္စာလမ်းမကြီးဒဲ့ပေါက်နှင့် သံသုမာလမ်းမကြီးကျောကပ်

💈အနီးအနား
အထက ၁ ကျောင်း/ မြင်သာဈေး/ ရှင်သိဒတ်ဈေး/တက်လမ်း ဆေးရုံ/ သံသုမာလမ်းမကြီးပေါ်ရှိဘဏ်များ../ ဂိတ်ဟောင်းမှတ်တိုင်နှင့် ဥက္ကလာပဘုရားကားမှတ်တိုင်ကို လမ်းလျောက် ၁ မိနစ်အကွာအဝေး

🏠 ၁၈ပေ × ၅၅ပေ ( ဒုတိယထပ် )
( ၆ထပ်တိုက်ဖြစ်၍ အပေါ် ၃ ထပ်ကျန်ပါသည် )

🏠 တအိမ်လုံးပါကေးအထူအပြည့်ခင်းထား (လူမနေဖြစ်၍ ကြမ်းခင်းသိပ်မကောင်းပါ)
-☘️Master Bedroom 1ခန်း (ရေချိုးခန်း+ဘိုထိုင်အိမ်သာ)
☘️ Single Bedroom 1ခန်း
☘️အဲကွန်း ၁ လုံးပါ
☘️Common ရေချိုးခန်း / ဘိုထိုင်အိမ်သာ

🏠 ဘေးနှစ်ဖက်လုံး တိုက်ကွယ်မရှိ အလင်းရောင်နှင့်လေဝင်လေထွက်ကောင်း

🏠 BCCနှင့်စာရွက်စာတမ်းစုံ ကိုယ်ပိုင်မီတာနှင့် ရေမော်တာတပ်ဆင်ထားသည်

🏠 တိုက်သက်တမ်း ၈ နှစ်

☎️ 09 757621092

Photos from JIT Myanmar's post 24/07/2025

😍

Photos from JIT Myanmar's post 29/05/2024

#ပြင်ဦးလွင်မြို့

#ထုံးဘိုကျေးရွာ အုပ်စု
#နောင်လုံးကျေးရွာ

Royal Villa-2(ရွှေနောင်လုံး) မြေကွက်အရောင်း

🚩ပေအကျယ် ၆၀×၄၀

🚩ခြံစည်းရိုး အုတ်တိုင် သံဇကာခတ်ပြီး

🚩လျှပ်စစ်မီးတိုင်ရောက်အပြီး

👉မန်းတလေး -လားရှိုးလမ်းမကြီးမှ ၁ မိနစ် အကွာအဝေး

🏞ရွာမြေ

သိန်း -၄၂၀

☎️ 0943127617

23/03/2024

ရွာမြေဆိုတာ ဘာလဲ၊ ပိုင်ဆိုင်မှု အထောက်ထားဘယ်လိုရှိလဲ မေးထားသူများ အတွက် အပြည့်စုံ ဖော်ပြ ပေးလိုက်ပါပြီနော်။

တနည်းအားဖြင့် ရွာမြေသည် အခွန်ကင်းလွတ် ခွင့်ရှိတယ်လို့ အကြမ်းဖျင်းမှတ်ယူထားပါ။

ဒါဆို...ကျေးရွာမြေကို ပိုင်ဆိုင်မှု ခိုင်မာအောင် ဘယ်လို လုပ်ထားရမလဲ?

ကျေးရွာအတွင်းမှ အိမ်ကွက်များကို တစ်ကွက်ချင်း နယ်နိမိတ်ခွဲခြားပြီး တိုင်းတာ ပုံထုတ်ထားခြင်း၊ မှတ်တမ်းထားခြင်း မြေစာရင်းဌာနမှာ မရှိပါဘူး။

ဆိုလိုတာက မြို့မြေလို ကွက်စိတ် ကွက်ကြဲ တိုင်းတာပြီး မြေပုံထုတ် မှတ်တမ်းတင်ထားခြင်း မရှိတာပါ။ ဒါကလဲ ခေတ်အဆက်ဆက် ကျေးရွာမြေတွေကို အခွန်ကင်းလွတ် ပေးထားပြီး ရွာနယ်နိမိတ် လောက်ကိုသာ မြေပုံရေးဆွဲ ထားကြလို့ပါနော်။

ရွာအတွင်း တစ်ကွက်ခြင်း မြေတည်နေရာ မြေရာဇဝင် ကွင်းအမှတ် အကွက်အမှတ် မြေကွက်အကျယ် အသေးစိတ် မြေပုံနဲ့ စာရင်း မရှိပါဘူး။ ပိုင်ဆိုင်မှု ခိုင်မာဖို့ ဆိုတာ ဂရန်ချထားပေးတဲ့ သဘောပါ။ ဂရန်ချထား ပေးဖို့ကလဲ အဲဒီလို မြေပုံ နဲ့ စာရင်းတွေ အတိအကျ အသေးစိတ်ရှိမှသာ ပေးနိုင်တာပါ။ ကျေးရွာအတွင်းက မြေများသည် သာမန်အားဖြင့် ဦးပိုင်ခွဲ မထားသလို ဦးပိုင်လိုက် မြေရာဇ၀င် မှတ်တမ်း (၁-က) မထားပါဘူး။ မြေတစ်ကွက်ချင်းအတွက် ဧရိယာစာရင်း(၁-ခ) လည်း မရှိပါဘူး။

မြေစာရင်းလက်စွဲဥပဒေ အပိုဒ် ၆၇၁ မှာ အောက်မြန်မာနိုင်ငံရှိ ရွာမြေများအတွက် အခွန်စည်းကြပ်မှု မှတ်ပုံစာရင်း၊ သို့မဟုတ် မြေကွက်များ မှတ်ပုံစာရင်းများကို ပြုလုပ်ရန် မလိုချေ။ အထက်မြန်မာနိုင်ငံရှိ ရွာမြေများတွင် စိုက်ပျိုး လုပ်ကိုင်မှုရှိလျှင် နှစ်စဉ်မြေခွန်စည်းကြပ်မှု မှတ်ပုံစာရင်းတခု ပြုလုပ်ထားရှိရမည်။ သို့သော် ဦးပိုင်မှတ်ပုံစာရင်း သို့မဟုတ် မြေကွက်များ မှတ်ပုံစာရင်း ထားရှိရန် မလိုချေ..ဟု ပြဌာန်း ထားချက်အရ ဖြစ်ပါတယ်။
သို့ဖြစ်၍ ကျေးရွာ မြေတစ်ခုကို ပိုင်ဆိုင်မှု ခိုင်မာအောင် ပိုင်ဆိုင်မှု မှတ်တမ်း ရရှိရန် မည်သို့ လုပ်ထားသင့်သလဲ ဆိုပါက ဆောင်ရွက်နိုင်သည့် အချက် ၂ ချက် ရှိနေတာ တွေ့ရပါတယ်။ ပထမအချက်က ကျေးရွာဂရန် ရရှိရေး ဖြစ်ပါတယ်။ ဥပဒေမှာတော့ ရွာမြေတိုးချဲ့ခြင်း၊ ရွာသစ်တည်ခြင်းများ အတွက်သာ ဂရန်ပေးရန် ပြဌာန်းထားပေမဲ့ ဒီဘက်ခေတ်မှာ တစ်မြို့မှာ တစ်ရွာ ဂရန်ပေးရေး Village Grant လုပ်ငန်းစီမံချက်အရ တစ်ရွာလုံးရှိ အိမ်ကွက်များကို ကျေးရွာ ဂရန်ပေးသည့် စီမံချက် ရှိပါက ပိုင်ဆိုင်မှု မှတ်တမ်းဂရန် တစ်ခုကို ရရှိနိုင်ပါတယ်။

ဂရန်ရရင် မြေပိုင်ဆိုင်မှု တိကျပြီး ခိုင်မာတယ်၊ ဘဏ်မှာ အပေါင်ထားလို့ရတယ်၊ သို့သော် အရင်က မြေခွန်လွတ်ပေမဲ့ ဂရန်နဲ့ဆိုရင် မြေခွန်ဆောင်ရပါမယ်၊ စီမံချက်မရှိသေးရင် ဂရန်ရဖို့ မလွယ်သေးပါဘူး။ အထက်မှာ တင်ပြခဲ့တဲ့ မြေရာဇဝင်၊ မြေပုံ စာရင်းတွေ အသေးစိတ် တိုင်းတာ တွက်ချက် ရေးဆွဲဖို့ အချိန်ပေးရတာနဲ့ ရွာများအားလုံးအတွက် တိုင်းတာဖို့ မလွယ်သေးတာပါ။

ဒုတိယ အချက်က လယ်ယာမြေမှ ကင်းလွတ်ကြောင်း ၀န်ခံချက် လက်မှတ် ကို ရယူခြင်း ဖြစ်ပါတယ်။ ဒါကလဲ လယ်ယာမြေ မဟုတ်ဘူး အခြားနည်း သုံးနေတဲ့မြေ၊ အိမ်ဆောက်နေတဲ့ မြေလို့ပဲ ဆိုလိုတာပါ၊ အရင်ကတော့ 3 B Certificate လို့ခေါ်ပါတယ်။

၁၉၅၃ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက် ဥပဒေ ပုဒ်မ ၃(ခ)တွင် လယ်ယာမြေဟု သတ်မှတ်ထားသော မြေအမျိုးအစားတွင် ရွာမြေ အ၀န်းအပိုင်းထဲမှ ဖေါ်ပြပါ အလားလေးရပ်အတွင်း ယင်းဥပဒေ မပြဌာန်းမီကပင် မိမိ စိုက်ပျိုးမှု လုပ်ငန်း မဟုတ်ဘဲ အိမ်ရာ အဆောက်အဦး စက်ရုံအဖြစ် လက်ရှိထား အသုံးပြု နေသော မြေကွက် မပါကြောင်းဟု မြေစာရင်းဌာနမှ ထုတ်ပေးသည့် လယ်ယာမြေ မဟုတ်ကြောင်း သက်သေခံ လက်မှတ် လျှောက်ထားရယူခြင်း ဖြစ်ပါတယ်။

ယခု ၂၀၁၂ လယ်ယာမြေဥပဒေ ပုဒ်မ ၃(က) ပါ (ပုဒ်မ ၃၊ (က)။ လယ်ယာမြေဟူသော စကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေအိမ်ရာများ၊ ဘာသာရေးအဆောက်အအုံနှင့် ပရ၀ဏ်များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသောမြေများ မပါ၀င်) ဟူသော စကားရပ်အရ ဆိုပါက လယ်ယာမြေမှ ကင်းလွတ်ကြောင်း ၀န်ခံ ချက် လက်မှတ် ကို 3 (A )လို့သုံးရမှာ ဖြစ်ပါတယ်။

သို့သော် 3 A Certificate ထုတ်ပေးရန် ရန်ကုန်မြို့တော် စည်ပင်ယာရေးကော်မတီမှလုပ်ထုံးလုပ်နည်း ထုတ်ပြန် ဆောင်ရွက်နေသော်လည်း ကျန်ဒေသများအတွက် ဗဟိုလယ်စီအဖွဲ့မှ ယနေ့ထိ ညွှန်ကြားချက် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ ဒါကြောင့် ညွှန်ကြားချက်ရမှသာ ရရှိနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Credit :

22/03/2024

ဂရန်မြေကို ဝယ်ယူလျှင်

👉 အဆင့်(၁၀)ဆင့်လုပ်ဆောင်မှသာ ပြီးပြည့်စုံပါသည်။

🔺️ ဤ(၁၀)အဆင့်ကို(၁)ဆင့်မျှဈေးမဆစ်ပါနှင့် အခက်အခဲတွေပေါ် လာလိမ့်မည်။
(အတွေ.အကြုံကိုရေးတာပါ။)

➢ အရောင်းအဝယ်စရန်ကြီး(စရန်ငွေ)မပေးမီ(၃)ဆင့် လုပ်ဆောင်ရပါမည်။

1. ဘယ်လောက်ပင်ရင်းနှီးကြပါစေ၊ ဂရန်မိတ္တူကိုယူ၍ စည်ပင်မှာစစ်ဆေးပါ။

2. စရန်ကြီးပေးခါနီး မူရင်ဂရန်ကိုမြင်တွေ.ရမှသာလျှင် စရန်ချပါ။

3. စရန်ချပြီးသည်နှင့်တပြိုင်နက်နိုင်ငံပိုင်သတင်းစာတွင် ကန်.ကွက်ရန်ရှိ/မရှိ ကြော်ငြာထည့်ပါ။

👉 ၄-မျိုး ရမှငွေပြေချေပါ။

1. အရောင်းအဝယ်ပြုလုပ်ရန်အတွက်ထုတ်ယူထားသော မြေပုံမြေရာဇဝင်။

2. မူရင်းဂရန် အမည်ပေါက်ထံမှ SP။

3. မူရင်းဂရန်နှင့် ဆက်စပ်စာချုပ်များ။

4. မြေကွက်နှင့် တိုက် လက်ရောက်ရယူပါ။

➢ ဝယ်ယူပြီးနောက် ၃-ဆင့်။

1. တန်ဘိုးလျော့ချုပ်သည့်စာချုပ်တစ်ဆောင်နှင့် မြေပုံမြေရာဇဝင်ကို “ရာဖြတ်” တင်ပါ။

2. “ရာဖြတ်” ၏၊ သတ်မှတ်တန်ဖိုးအရ “အခွန်တော်ခေါင်း” နှင့် “မှတ်ပုံတင်ကြေး” တို.ဖြင့်မှတ်ပုံတင်စာချုပ်ချုပ်ဆိုပါ။

3. အားလုံးပြီးမှ မြို.တော်စည်ပင်တွင် “ဂရန်” နှင့် “မြေကွက်” အမည်ပြောင်းပါ။

Credit :🙏🙏🙏ဆရာ ကြည်စိုးIC
ဒေါ်လတ်လတ်မြင့်

Photos from JIT Myanmar's post 02/03/2024
Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 06:00 - 18:00