Fancy Premium

Fancy Premium

Share

High-Quality Hair Care Products For Your Elegant Look .

29/05/2025

“အရွယ်တင်နုပျိုမှုကိုအစဉ်ထာဝရ ထိန်းသိမ်းပေး 𝐅𝐚𝐧𝐜𝐲 𝐇𝐈𝐅𝐔 သုံးစွဲပေး”

အသက်အရွယ်တစ်ခုရလာတာနဲ့ ဟိုက ဒီက အရေးအကြောင်းတွေထွက်ပေါ်လာပြီမို့လား…..🤔

🔻အရေးအကြောင်းကင်းစေပြီး ရှိရင်းစွဲအသက်ထက် စမတ်ကျ နုပျိုနေစေဖို့အတွက်ဆို 𝐅𝐚𝐧𝐜𝐲 𝐏𝐫𝐞𝐦𝐢𝐮𝐦 ကထုတ်တဲ့ 𝐇𝐈𝐅𝐔 သုံးပေးလိုက်တော့နော်။

🔻𝐅𝐚𝐧𝐜𝐲 𝐏𝐫𝐞𝐦𝐢𝐮𝐦 𝐇𝐈𝐅𝐔 သုံးပြီးတဲ့အခါ ဘာကြောင့် နုပျိုစေတာလဲ?

‼️ 𝐇𝐢𝐠𝐡 𝐈𝐧𝐭𝐞𝐧𝐬𝐢𝐭𝐲 𝐅𝐨𝐜𝐮𝐬𝐞𝐝 𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐝 လို့ခေါ်တဲ့ 𝐇𝐈𝐅𝐔 ကုထုံးက မျက်နှာအရေပြားမှာပျက်စီးနေတဲ့ ကော်လာဂျင်တွေကို ချက်ချင်းပြန်ကောင်းသွားအောင် ကုသနိုင်တဲ့ အစွမ်းထက်ဆုံး ကုထုံးတစ်မျိုးပါပဲ။

‼️ 𝐑𝐅 ဆိုတဲ့ 𝐑𝐚𝐝𝐢𝐨𝐟𝐫𝐞𝐪𝐮𝐞𝐧𝐜𝐲 ကုထုံးနဲ့ အဆီဆဲလ်တွေကို ချေဖျက်ပေးပြီး
𝐑𝐅 လှိုင်းနဲ့ အဆီဆဲလ်တွေကို ဖျက်ဆီးလောင်ကျွမ်းစေလို့ ချပ်ချပ်ကပ်ကပ်နဲ့ မျက်နှာလေးတင်းရင်းသွားစေပါတယ်။

‼️ အသားအရည်ကို နှိုးဆော်နှိပ်နယ်လိုက်ပြီးတော့ ဆဲလ်အသေတွေလျော့ပါးသွားပြီး သွေးလည်ပတ်မှုကောင်းစေလို့ မျက်နှာအသားအရည် ချောမွတ်လာပြီးတော့ ကြည်လင်လာစေပါတယ်။

ဒီလိုကုထုံးလေးတွေကြောင့် အရွယ်တင်နုပျိုစေပြီး 𝐒𝐤𝐢𝐧 𝐁𝐚𝐫𝐫𝐢𝐞𝐫 ပိုကောင်းစေတာဖြစ်ဖို့ အရွယ်တင်နုပျိုချင်သူတွေ၊ အသားအရေတင်းရင်းချင်သူတွေသုံးစွဲဖို့ အသင့်တော်ဆုံးဖြစ်နေတာပေါ့နော်။

𝐅𝐚𝐧𝐜𝐲 𝐏𝐫𝐞𝐦𝐢𝐮𝐦 𝐇𝐈𝐅𝐔 စက်လေးကို ဆက်သွယ်မှာယူလိုပါက
☎️ 𝟎𝟗𝟒𝟐𝟏𝟕𝟏𝟗𝟗𝟗𝟏
☎️ 𝟎𝟗𝟕𝟗𝟐𝟒𝟖𝟕𝟎𝟔𝟎 ကိုဆက်သွယ်မှာယူလို့ရသလို ပေ့ချ် 𝐜𝐡𝐚𝐭𝐛𝐨𝐱 ကတစ်ဆင့်လည်း မှာယူလို့ပါတယ်နော်။ 🥰
Fancy Premium
#𝐅𝐚𝐧𝐜𝐲𝐏𝐫𝐞𝐦𝐢𝐮𝐦 #𝐇𝐈𝐅𝐔 #𝐒𝐤𝐢𝐧𝐂𝐚𝐫𝐞 #𝐒𝐤𝐢𝐧𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 #𝐇𝐈𝐅𝐔𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 #𝐁𝐨𝐭𝐨𝐱 #𝐁𝐞𝐚𝐮𝐭𝐲 #𝐅𝐚𝐜𝐢𝐚𝐥 #𝐀𝐧𝐭𝐢𝐚𝐠𝐢𝐧𝐠 #𝐏𝐫𝐞𝐦𝐢𝐮𝐦𝐐𝐮𝐚𝐥𝐢𝐭𝐲

Photos from Fancy Premium's post 15/05/2025

NewProduct

Oil Treatment
ဆံပင်သန်နှပ်ဆီ

ဆံပင်သန်နှပ်ဆီ (Hair Treatment Oil) နဲ့ ပတ်သက်ပြီး သိသင့်တဲ့အချက်တွေကို ရှင်းပြပေးထားပါတယ်နော်.....

**ဆံပင်သန်နှပ်ဆီမှာ ပါဝင်တဲ့ ပစ္စည်းများနဲ့ အကျိုးကျေးဇူးများ**

**ကြက်ဆူဆီ (Castor Oil)**
**အကျိုးကျေးဇူး**: ဆံပင်အရှည်မြန်စေပြီး ဆံမျှင်သားကို သန်မာစေတယ်။
- **အာနိသင်** : Ricinoleic acid ပါဝင်တာကြောင့် ဆံပင်မွှေးညှင်းအိတ်တွေကို အားဖြည့်ပေးပြီး သွေးလည်ပတ်မှုကောင်းစေတယ်။

**ထောလပတ်ရွက် **
- **အကျိုးကျေးဇူး** : ဦးရေပြားယားယံခြင်း၊ အဆီထွက်လွန်ခြင်းကို ထိန်းညှိပေးတယ်။
- **အာနိသင်** : ဘက်တီးရီးယားတွေကို တိုက်ဖျက်ပြီး ဆံပင်ကျွတ်ခြင်းကို လျော့ချပေးနိုင်တယ်။

**Rosemary Oil (ရို့စ်မေရီဆီ)**
- **အကျိုးကျေးဇူး** : ဆံပင်ပါးခြင်း၊ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးပြီး ဆံသားကို သန်မာစေတယ်။
- **အာနိသင်** : သုတေသနတွေအရ Minoxidil (ဆံပင်ပေါက်ဆေး) လိုမျိုး အာနိသင်ရှိတယ်လို့ ဆိုကြတယ်။

**သံလွင်ဆီ** Olive Oil
ရှေးယခင် ခေတ်အဆက်ဆက်ကတည်းက ဆံပင်အတွက် အသုံးပြုခဲ့ကြတဲ့ သံလွင်ဆီကတော့ ဆံပင် နှစ်ခွ ဖြစ်ခြင်း နဲ့ ဆံပင်အဖျားခြောက်ခြင်း ကျွတ်ဆတ်ခြင်းများကို အကောင်းဆုံးကုသပေးတဲ့ အဆီတမျိုးပါ။

**သဘာဝအုန်းဆီ** Coconut Oil
ဆံပင်ကိုသန်စွမ်းတောက်ပြောင်စေပြီး ဦးရေပြားခြောက်သွေ့ခြင်းကိုကာကွယ်ပေးပါတယ်

**ဘယ်လိုအသုံးပြုမလဲ?**
- **ခေါင်းလျှော်ခါနီး** လိမ်းပြီး ၁၅-၂၀ မိနစ်ခန့် နှပ်ထားပြီး ပုံမှန် အတိုင်း ခေါင်းလျှော်ပါ**။
- **တစ်ပတ်ကို ၂-၃ ကြိမ်** ခန့်
ပုံမှန် အသုံးပြုနိုင်ပါသည်
- *သွေးလည်ပတ်မှုကောင်းစေရန် *ဦးရေပြားကို လက်ချောင်းများဖြင့် နှိပ်နယ်ပေးပါ

**ဘယ်သူတွေသုံးသင့်လဲ?**
- ဆံပင်ကျွတ်လွယ်သူများ
- ဆံပင်ပါးပြီး ထူချင်သူများ
- ဦးရေပြားခြောက်သွေ့သူများ
-ဆံသားကြမ်းတမ်းရှုပ်ထွေးသူများ
-အဖျားနှစ်ခွဖြစ်ပြီး ဆံသားအရောင်မွဲခြောက်သူများအတွက်အထူးသင့်လျော်ပါသည် ။

09792487060
09421719991

Photos from Fancy Premium's post 28/03/2025

ငလျင်လှုပ်ရင် စားပွဲအောက်မှာနေပါတို့၊ တံခါးကျည်းဘောင်အောက်မှာ နေပါတို့ အစရှိသဖြင့် အရပ်ပြော
စကားတွေရှိတာကို ကြားဖူးကြမှာပါ။

အဲဒါတွေအားလုံးကို ခေါင်းထဲက ထုတ်ပစ်လိုက်ပါ
တော့။ အခုဆောင်းပါးကို ဖတ်ပြီးတဲ့နောက်မှာ စာဖတ်ပရိတ်သတ်တွေရဲ့ အတွေးအခေါ်ပြောင်းသွားနိုင်ပြီး တစ်နေ့တစ်နေ့မှာ သင်တို့ရဲ့ အသက်တွေကို ကယ်
တင်နိုင်ဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။

ဘေးကင်းဖို့ လက်တို့အညွှန်း

၁။ ငလျင်လှုပ်လို့ အဆောက်အအုံတစ်ခုပြိုတော့မလို ဟန်ပြင်နေရင် လူတော်တော်များများဟာ တစ်ခုခု
အောက်ထဲဝင်ပုန်းဖို့လောက်ပဲ သိကြလို့ အဆောက်အအုံပိသေကြရပါတယ်။ စာရေးစားပွဲတွေ ကားတွေအစရှိတဲ့အရာတွေ အောက်ဝင်ပုန်းသူတွေဟာ အဖြစ်ဆိုးနဲ့
ကြုံတွေကြရပါတယ်

၂။ ခွေးတွေကြောင်တွေနဲ့ကလေးငယ်တွေဟာ သန္ဓေသားလောင်းပုံစံ အတိုင်းခွေအိပ်လေ့ရှိတာကို မြင်ဖူးကြမှာပါ။ ငလျင်လှုပ်ပြီဆိုရင်လည်း အဲလိုအနေအထားနဲ့ မြေကြီးပေါ်မှာ လဲလျောင်းနေသင့်ပါတယ်။ ဒါဟာ သဘာဝကပေးတဲ့ ဘေးကင်းလုံခြုံရေးအသိပညာပါပဲ။ ခွေခေါက်နေခြင်းအားဖြင့် နေရာလွတ်သေးသေးလေးထဲမှာ အသက်ရှင်ရက်ကျန်ရှိဖို့ အခွင့်သားသွားစေပါ
တယ်။ အလွယ်တကူပြားချပ်မသွားနိုင်တဲ့ ဆိုဖာခုံ၊ ခု
တင်အစရှိတဲ့ ထုထည်ကြီးကြီး အရာတွေဘေးမှာခွေ
ခေါက်နေလို့ရမယ့် နေရာလွတ်မျိုးတွေရှိတတ်ပါတယ်။

၃။ ငလျင်လှုပ်နေစဉ်ကာလအတွင်းမှာပျဉ်ထောင်အိမ်
တွေဟာ အလုံခြုံဆုံးပါပဲ့။ သစ်သားဟာ ကွေးလွယ်
ညွတ်လွယ်လို့ ငလျင်လှိုင်းတွေနဲ့အတူ အလိုက်သင့်
လှုပ်ရှားနိုင်ပါတယ်။ ပျဉ်ထောင်တစ်လုံးပြိုကျတယ်ဆိုဦးတော့၊ နေရာလွတ်တွေ အများကြီးချန်ထားခဲ့ပါလိမ့်
မယ်။ ဒါအပြင် ပျဉ်ထောင်အိမ်တွေဟာ ပြိုကျရင် ပိမယ့် အလေးအချိန်လည်းနည်းပါးပါတယ်။
အုတ်တိုက်တွေကတော့ ငလျင်လှုပ်ရင် အုတ်ချပ်တွေအဖြစ် တစ်စစီပြိုကွဲသွားတတ်လို့ အောက်မှာရှိနေမယ့်လူတွေအတွက် အန္တရာယ်ရှိပါတယ်။

၄။ ညအချိန်ငလျင်လှုပ်တဲ့အခါကုတင်ပေါ်မှာ တိုက်တိုက်ဆိုင်ဆိုင်ရောက်နေရင် ကုတင်ဘေးကိုသားလှိမ့်ချ
လိုက်ပါ။ ငလျင်လှုပ်ရင် ကုတင်ဘေးလိမ့်ဆင်းဖို့ အကြံ
ပြုချက်တွေကိုသာ ကုတင်ခြေရင်းမြင်သာတဲ့နေရာမှာ ကပ်ထားပေးနိုင်မယ်ဆိုရင် လူအသေအပျောက်နည်းသွားနိုင်ပါတယ်။

၅။ ငလျင်လှုပ်ချိန်မှာ တံခါး၊ ဒါမှမဟုတ် ပြတင်းပေါက်ကနေထွက်ပြေးဖို့ အချိန်မရတော့ဘူးဆိုရင် ဆိုဖာကြီး
ကြီး ဒါမှမဟုတ် ဗီရိုကြီးကြီးဘေးမှာ ခွေခေါက်ပြီးနေ
လိုက်ပါ။

၆။ တံခါးကျည်းဘောင်အောက်မှာ ဝင်ပုန်းနေတဲ့သူတွေဟာ သေဆုံးကြရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
ငလျင်လှုပ်လို့ ကျည်းဘောင်ပြုတ်ထွက်သွားချိန်မှာ အ
ပေါ်ကအုတ်၊ အင်္ဂတေအစရှိတာတွေ ပြိုကျလာနိုင်လို့ အခန့်မသင့်ရင် ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားနိုင်ပါတယ်၊

၇။ လှေခါးခွင်ထဲမှာ ဘယ်တော့မှမနေပါနဲ့။ လှေခါးတွေဟာ ပင်မအဆောက်အအုံနဲ့ တစ်ဆက်တည်းမရှိတတ်ဘဲ ပုခက်လွှဲသလို ယိမ်းခါနေအောင် တည်ဆောက်ထားတတ်တာမို့ ငလျင်လှုပ်ပြီဆိုရင် ပြုတ်ကျလာပြီး
အောက်မှာရှိတဲ့ သူတွေကို လှေခါးထစ်တွေက အပိုင်းပိုင်းခုတ်ဖြတ်ပစ်တတ်ပါတယ်။ အဆောက်အအုံမပြိုကျနိုင်ဘူးဆိုရင်တောင် ထွက်ပြေးနေတဲ့သူတွေနဲ့ လှေခါး
ပြည့်သွားပြီး ပြုတ်ထွက်သွားနိုင်တဲ့ အန္တရာယ်ရှိလို့
လှေခါးကြံ့ခိုင်မှုကို မပြတ်စစ်ဆေးသင့်ပါတယ်။

၈။ နံရံတွေရဲ့ အတွင်းဘက်ထက် အပြင်ဘက်မှာ ရောက်နေစေဖို့ကြိုးစားပါ။ အတွင်းဘက်မှာ ရောက်နေလို့ အဆောက်အအုံပြိုကျခဲ့ရင် ထွက်ပေါက်ရှာမရဖြစ်တတ်ပါတယ်။

၉။ ငလျင်လှုပ်ချိန်မှာ မော်တော်ယာဉ်အတွင်းဝင်ရောက်ပုန်းအောင်းသူတွေဟာ ပြင်ပက အရာတွေသူတို့အပေါ်ပိတဲ့ခါ ထွက်ပြေးလို့မရဘဲ ပိသေကြရပါ
တယ်။
တကယ်လို့သာ ကားထဲကထွက်လာပြီးကားဘေးနားမှာ ကပ်လျက်ခွေခေါက်အိပ်နေရင်တောင် အသက်ရှင်သန်မှုအခွင့်အရေး ပိုရှိနေပါသေးတယ်။ ကားတွေဟာ ဘယ်လောက်ပိပိသူတို့ရဲ့ဘေးကပ်လျက်မှာ သုံးပေ
လောက်ကွက်လပ်ကျန်ခဲ့တတ်ပါတယ်။ ဒီကွက်လပ်
လေးဟာ အသက်ကယ်တြိဂံပါပဲ့။

၁၀။ ပြိုကျပျက်စီးနေတဲ့ သတင်းစာတိုက်တွေနဲ့ စာရွက်အသုံးများတဲ့ အခြားရုံးတွေကို ဝင်ရောက်ကြည့်ရှုဖူးတဲ့အတွေ့အကြုံအရ စက္ကူတွေဟာ လွယ်လွယ်နဲ့ပြားကပ်မသွားတတ်တာတွေကို တွေ့ရပါတယ်။ စက္ကူပုံကြီး
ဘေးနားမှာဆိုရင်တော့ နေရာလွတ်ကြီးကြီးမားမား
ကျန်တတ်ပါတယ်။ ဒီအချက်တွေကို ၁၉၉၆ခုနှစ်မှာ
လက်တွေ့စမ်းသပ်ကြည့်ပြီးသားဖြစ်ပြီး တူရကီအစိုးရ၊ အစ္စတန်ဘူလ်မြို့အုပ်ချုပ်ရေးအဖွဲ့နဲ့ ARTI ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ စမ်းသပ်ချက်မှာ သိပ္ပံနည်းကျ အဖြေ
ထွက်ခဲ့ပါတယ်။

ကျွန်တော်တို့ ပူးပေါင်းအဖွဲ့ဟာ လူသားတို့ရဲ့ခံစားမှုအတိုင်းသိရှိ ခံစားနိုင်တဲ့ လူတူစက်ရုပ် (၂၀)ကို ကျောင်းတစ်ကျောင်းနဲ့ နေအိမ်တစ်လုံးထဲထည့်ပြီး အဆောက်အအုံတွေကို ဖြိုချကြည့်ခဲ့ပါတယ်။
စက်ရုပ် (၁၀) ရုပ်ကို အောက်ထဲပြေးဝင်ပုန်းတဲ့ စနစ်အတိုင်း နေရာချထားခဲ့ပြီး ကျန်တဲ့စက်ရုပ် (၁၀)ရုပ်ကို
တော့ ကျွန်တော့ရဲ့ အသက်ကယ်တြိဂံနည်းစနစ် အတိုင်းနေရာချထားခဲ့ပါတယ်။ အဆောက်အအုံပြိုကျသွား
ပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့ဟာ အဆောက်အအုံအပျက်ထဲဝင်ပြီး မှတ်တမ်းတင်ခဲ့ပါ
တယ်။

အဲဒီအခါမှာ တစ်ခုခုအောက် ပြေးဝင်ပုန်းတဲ့နည်းကို သုံးရင် အသက်ရှင်စရာလမ်းမမြင်တဲ့ အနေအထား
တွေမှာ အသက်ကယ်တြိဂံနည်းစနစ်ကို သုံးတဲ့သူတွေဟာ အသက်အန္တရာယ်ကနေ လွတ်ငြိမ်းချမ်းသာဖို့ ရာ
နှုန်းပြည့်ရှိနေတာကို တွေ့ခဲ့ရပါတော့တယ်။

ဒီဥပမာကို ကြည့်ခြင်းအားဖြင့် ငလျင်လှုပ်ပြီဆိုရင် ပြာယာခတ်မသွားပဲ ခိုင်ခံ့ပစ္စည်းတွေရှိတဲ့နေရာတွေ
ဘေးကွေးကွေးကလေးဝင်ထိုင်နေတတ်ဖို့လိုအပ်တယ်ဆိုတာ သိကြမယ်လို့ ထင်ပါတယ်။

ကမ္ဘာကြီးမှာ သဘာဝဘေးအန္တရာယ်တွေ ပိုမိုဖြစ်ပွားလာလို့ လူသားတွေရဲ့ အသက်အန္တရာယ်ပိုမိုရှိလာတဲ့အတွက် တစ်ခုခုဖြစ်လာခဲ့လို့ရှိရင် အဆင်သင့်ဖြစ်နေ
စေဖို့ မိမိနေထိုင်ရာ အိမ်၊ ပတ်ဝန်းကျင်မှာ အသက်
ကယ်ပစ္စည်းတွေ များများစားစား ထားရှိဖို့လိုအပ်ပါမယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ အသက်ကယ်တြိဂံဘယ်နှခုရှိနိုင်တယ်ဆိုတာကို ကြိုတင်ရှာဖွေထားသင့်ပါတယ်လို့
အကြံပြုလိုက်ပါရစေ။
( Doug Copp ၏ “ The Triangle of Life” ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။)



Credit: Original Writer Via ကိုဖေအောင်

Myanmar News Market Page မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

16/09/2024

ပါဝင်လှူဒါန်းနိုင်ပါတယ်ရှင့်

20/07/2024

ဝါဆိုလပြည့်နေ့ ဓမ္မစင်္ကြာအခါတော်နေ့လေးမှာ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ကိုယ်၊ စိတ်၊ နှလုံးအေးချမ်းသာယာကြပါစေကြောင်း Fancy Premium မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် …….

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon
11091

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30
Saturday 09:30 - 17:30